Connect with us

Africa & Middle East

ပါလက်စတိုင်း သေဆုံးသူဦးရေ ၃၆,၅၅ဝ အထိရောက်ရှိ

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း ဂျဘာလီယာစခန်းရှိ ပျက်စီးနေသော အဆောက်အအုံနှင့် လမ်းမပေါ်သွားလာနေသူများကို ၂၀၂၄ ခုနှစ် ဇွန် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ ဇွန် ၅ ရက် (ဆင်ဟွာ)
အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို ဆက်လက်တိုက်ခိုက်လျက်ရှိ သောကြောင့် ပါလက်စတိုင်းသေဆုံးသူဦးရေသည် ၃၆,၅၅၀ အထိ တိုးလာကြောင်း ကျန်းမာရေးအာဏာပိုင်များက ဇွန် ၄ ရက် သတင်း ထုတ်ပြန်ချက်တွင် ပြောကြားလိုက်သည်။


လွန်ခဲ့သော ၂၄ နာရီအတွင်း အစ္စရေးစစ်တပ်သည် ပါလက်စတိုင်း ၇၁ ဦးကို သတ်ဖြတ်ခဲ့ပြီး ၁၈၂ ဦးကို ဒဏ်ရာရစေခဲ့ခြင်းအပါအဝင် စုစုပေါင်း ဒဏ်ရာရရှိသူ ၈၂,၉၅၉ ဦးရှိလာခဲ့သည်။

အစ္စရေးတပ်ဖွဲ့များ ဂါဇာတောင်ပိုင်းမြို့ တယ်လ်အယ်လ်ဟာဝါမှ ဆုတ်ခွာပြီးနောက် အရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့များသည် ပါလက် စတိုင်းသေဆုံးသူ ၁၄ ဦးကို တူးဖော်တွေ့ရှိခဲ့ကြောင်း ပါလက်စတိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။

တောင်ဘက်အစွန်ဆုံး ရာဖာမြို့၌ အစ္စရေးတပ်ဖွဲ့များက လေကြောင်းတိုက်ခိုက်မှုများကိုအရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိပြီး အရှေ့ပိုင်း၊ အလယ်ပိုင်းနှင့် အနောက်ပိုင်းများတွင် လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။ ဂါဇာကမ်းမြောင်ရှိ ရေချိုစက်ရုံ၌လည်း စက်သုံးဆီပြတ်တောက်မှုကြောင့် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းခဲ့သည်။

ထို့ကြောင့် ပါလက်စတိုင်းမိသားစုများနှင့် ကလေးငယ်များသည် သောက်သုံးရေရရှိရန် ပူပြင်းသောအပူချိန်အောက်တွင် ခရီးအကွာအဝေး အတော်များများ လမ်းလျှောက်ခဲ့ရကြောင်း ပါလက်စတိုင်း ဒုက္ခသည် များဆိုင်ရာ ကုလသမဂ္ဂကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေး အဖွဲ့က လူမှုမီဒီယာပလက်ဖောင်းတစ်ခုဖြစ်သော X ပေါ်တွင် ရေးသား ဖော်ပြခဲ့သည်။ (Xinhua)

………………………
(English Version)
Palestinian death toll in Gaza rises to 36,550: ministry
GAZA, June 4 (Xinhua) — The Palestinian death toll from ongoing Israeli attacks on the Gaza Strip has risen to 36,550, health authorities in the enclave said in a press statement on Tuesday.
During the past 24 hours, Israeli army killed 71 Palestinians and wounded 182 others, bringing the total injuries to 82,959 since the Palestinian-Israeli conflict broke out in October 2023.
Palestinian security sources told Xinhua that civil defense crews recovered the bodies of 14 Palestinians after the Israeli army withdrew from the Tal al-Hawa neighborhood, south of Gaza City.
In the southernmost Gazan city of Rafah, the Israeli army intensified its air and artillery raids on the eastern, central and western parts of the city, according to local sources and eyewitnesses.
The United Nations Relief and Works Agency for Palestine Refugees (UNRWA) said on Tuesday that water desalination plants in the Gaza Strip had ceased operations due to fuel shortages.
UNRWA wrote in a post on social media platform X that Palestinian families and children had to walk long distances in the heat for water.
Israel launched a large-scale offensive against Hamas in the Gaza Strip to retaliate against a Hamas rampage through the southern Israeli border on Oct. 7, 2023, during which about 1,200 people were killed and around 250 were taken hostage.
People are seen on a street with destroyed buildings at the Jabalia camp in the northern Gaza Strip, on June 3, 2024. (Photo by Mahmoud Zaki/Xinhua)