Connect with us

Asia

သီရိလင်္ကာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှ ရရှိသောဝင်ငွေသည် ၂၀၂၄ ခုနှစ် ပထမခြောက်လအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော်ရှိ

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ ပင်လယ်ကူးသင်္ဘောအပြင်ဘက်တွင် လမ်းလျှောက်နေသော ခရီးသွားဧည့်သည်များကို တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှရရှိသော ဝင်ငွေက ၂၀၂၄ ခုနှစ် ပထမခြောက်လအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော်အထိ မြင့်တက်လာပြီး ယမန်နှစ်အလားတူကာလထက် ၇၇ ဒသမ ၉ ရာခိုင်နှုန်း တိုးလာသည်ဟု သီရိလင်္ကာဗဟိုဘဏ် (CBSL) က ၎င်း၏နောက်ဆုံးအပတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပထမနှစ်ဝက်တွင် ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုသည် ၁ ဒသမ ၀၁ သန်းရှိပြီး ၂၀၂၃ ခုနှစ် အလားတူကာလထက် ၆၁ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်လာသည်။

ဇွန်လတွင် ခရီးသွားလုပ်ငန်းမှ ဝင်ငွေရရှိမှုသည် အမေရိကန် ဒေါ်လာ ၁၁၃ သန်းကျော်ရှိပြီး လွန်ခဲ့သည့် နှစ်က ဒေါ်လာသန်း ၁၀၀ ခန့်သာ ဝင်ငွေရရှိခဲ့ကြောင်းသိရသည်။
တစ်ချိန်တည်းတွင်ပင် ၂၀၂၄ ခုနှစ် ပထမခြောက်လအတွင်း ပြည်ပ၌ အလုပ်လုပ်ကိုင်လျက်ရှိသော အလုပ်သမားများ၏ ငွေလွှဲပေးပို့မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၄ ဘီလီယံရှိပြီး ယမန်နှစ် အလားတူကာလထက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၂ ဘီလီယံ မြင့်တက်ခဲ့သည်။
ဇွန်လတွင် ငွေလွှဲပေးပို့မှု ပမာဏသည် ဒေါ်လာ ၅၁၉ ဒသမ ၆ သန်းရှိကြောင်း သိရသည်။ ခရီးသွားလုပ်ငန်းနှင့် ပြည်ပ အလုပ်သမားများ၏ ငွေလွှဲပေးပို့ မှုများသည် သီရိလင်္ကာနိုင်ငံ၏ နိုင်ငံခြားဝင်ငွေရရှိစေသည့် အဓိက လုပ်ငန်းများဖြစ်သည်။ (Xinhua)

…………………………
(English Version)
Sri Lanka earns over 1.5 bln USD from tourism in first half of year
COLOMBO, July 7 (Xinhua) — Sri Lanka’s earnings from tourism rose to over 1.5 billion U.S. dollars in the first six months of 2024, a 77.9-percent increase year on year, the Central Bank of Sri Lanka (CBSL) said in its latest weekly report.
Tourist arrivals in the first half was 1.01 million, up 61.7 percent from the same period in 2023.
Tourism earnings in June hit 113.4 million dollars, compared to 100.3 million dollars one year ago.
Meanwhile, workers’ remittances for the first six months of 2024 were 3.14 billion dollars, up from 2.82 billion dollars in the same period last year.
Earnings from remittances was 519.6 million dollars in June.
Tourism and workers’ remittances are among the top foreign revenue generators for the South Asian nation.■
File photo shows tourists walking out of a cruise ship in Colombo, Sri Lanka. (Photo by Ajith Perera/Xinhua)