Connect with us

Asia

စွမ်းအင်နှင့် နိုင်ငံခြားငွေချွေတာရန် အိန္ဒိယဝန်ကြီးချုပ်က ပြည်သူများကို “ဆီလျှော့သုံးရန်” ၊ “နိုင်ငံခြားခရီးသွားခြင်း လျှော့ချရန်” တိုက်တွန်း

အိန္ဒိယနိုင်ငံ အမ်ရစ်စာမြို့တွင် နေရောင်ခြည်မှကာကွယ်ရန်အတွက် အမျိုးသမီးတစ်ဦးက ပဝါဖြင့် မျက်နှာအား ဖုံးအုပ်ထားသည်ကို ၂၀၂၂ ခုနှစ် ဧပြီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီက အရှေ့အလယ်ပိုင်းဒေသ အခြေအနေတင်းမာမှုကြောင့် စွမ်းအင်ပံ့ပိုးမှု ပြတ်တောက်ခြင်းကို ကိုင်တွယ်စီမံရန်နှင့် နိုင်ငံခြားငွေ ချွေတာနိုင်ရန်အတွက် ပြည်သူများကို ဓာတ်ဆီ၊ ဒီဇယ်နှင့် စားသုံးဆီများ အသုံးပြုမှုလျှော့ချရန်၊ နိုင်ငံခြားထွက်၍ ခရီးသွားလာမှုလျှော့ချရန်၊ အများပြည်သူသုံး လမ်းပန်းဆက်သွယ်ရေးနှင့် အဝေးမှလုပ်ငန်းလုပ်ကိုင်ခြင်းတို့ကို လုပ်ဆောင်ရန် မေ ၁၀ ရက်တွင် တိုက်တွန်းခဲ့သည်။

မိုဒီက အိန္ဒိယနိုင်ငံ တောင်ပိုင်း တယ်လန်ဂါနာပြည်နယ်၌ စုဝေးပွဲအခမ်းအနားကို တက်ရောက်ရာ၌ “ကျွန်တော်တို့အနေနဲ့ ဓာတ်ဆီနဲ့ ဒီဇယ်အသုံးပြုမှုကို လျှော့ချသင့်ပါတယ်။ မြေအောက်ရထားရှိတဲ့မြို့မှာ အားလုံးက အတတ်နိုင်ဆုံး မြေအောက်ရထားနဲ့ သွားလာသင့်ပါတယ်။ မဖြစ်မနေ ကားမောင်းရမယ်ဆို အတတ်နိုင်ဆုံး အတူစုပေါင်းပြီး ကားနဲ့သွားလာကြပါ” ဟု ပြောကြားခဲ့ကြောင်း မီဒီယာများစွာ၏ သတင်းဖော်ပြချက်အရ သိရသည်။ ပြည်သူများနှင့် လုပ်ငန်းကုမ္ပဏီများအနေဖြင့်လည်း နေအိမ်မှ အလုပ်လုပ်ကိုင်ခြင်းနှင့် အွန်လိုင်းအစည်းအဝေး ကျင်းပခြင်းတို့ကို ဦးစားပေးရွေးချယ်ရန် ၎င်းက တိုက်တွန်းခဲ့သည်။

ထိုအစီအမံများသည် လောင်စာဆီတင်သွင်းရန် အသုံးပြုရသည့် နိုင်ငံခြားငွေကိုချွေတာရန်ဖြစ်‌ကြောင်း၊ “ကျွန်တော်တို့အနေနဲ့ နိုင်ငံခြားငွေချွေတာရေးကို မဖြစ်မနေ အလေးထားရပါမယ်။ ဘာလို့လဲဆိုတော့ ဓာတ်ဆီနဲ့ ဒီဇယ်က တစ်ကမ္ဘာလုံးအတိုင်းအတာအတွင်းမှာ အလွန်ဈေးကြီးနေလို့ပါ” ဟု မိုဒီက ဖြည့်စွက်ပြောကြားခဲ့သည်။ ထို့ကြောင့် ၎င်းက အိန္ဒိယပြည်သူများကို ရွှေဝယ်ယူခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပြီး အနည်းဆုံးတစ်နှစ်အတွင်း၌ နိုင်ငံခြားထွက်ခရီးသွားခြင်းကို အတတ်နိုင်ဆုံး လျှော့ချရန်လည်း တိုက်တွန်းခဲ့သည်။

အိန္ဒိယနိုင်ငံ ရေနံလည်ပတ်ရေးလုပ်ငန်းကုမ္ပဏီများက လက်ရှိတွင် ရေနံစိမ်း၊ သဘာဝဓာတ်ငွေ့နှင့် ရေနံဓာတ်ငွေ့ရည် (LPG) ဝယ်ယူရာတွင် ပိုမိုမြင့်မားသော အရင်းအနှီးပေးရကြောင်း အိန္ဒိယနိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ ဝန်ကြီး Shri Hardeep Singh Puri က ထိုနေ့တွင်ပင် လူမှုမီဒီယာ၌ ပြောကြားခဲ့ပြီး ပြည်သူများအနေဖြင့် မိုဒီ၏တိုက်တွန်းမှုကိုလိုက်နာကာ “စွမ်းအင်ချွေတာရေးလှုပ်ရှားမှု” တွင် ပါဝင်ရန် ၎င်းက တိုက်တွန်းခဲ့သည်။
အိန္ဒိယသည် ရေနံနှင့် ရေနံဓာတ်ငွေ့ရည် (LPG) အား အဓိကတင်သွင်းသည့်နိုင်ငံဖြစ်သည်။ အမေရိကန်နှင့် အစ္စရေးက ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ပြီးနောက် ဟော်မုဇ်ရေလက်ကြား ရေကြောင်းပို့ဆောင်မှု အတားအဆီးဖြစ်ခဲ့ရာ အိန္ဒိယနိုင်ငံ ပြည်တွင်း ရေနံ၊ ရေနံဓာတ်ငွေ့ရည် (LPG) နှင့် သဘာဝဓာတ်ငွေ့ရည် (LNG) ပံ့ပိုးရေး ပြတ်တောက်မှုဖြစ်ပွားခဲ့သည်။ အိန္ဒိယသည် ပြည်တွင်းရေနံဓာတ်ငွေ့ရည် (LPG) လက်လီရောင်းချမှုဈေးကို မြှင့်တင်လိုက်ပြီးဖြစ်သော်လည်း ဓာတ်ဆီ၊ ဒီဇယ်လက်လီဈေးနှုန်းအား မြှင့်တင်ခြင်း သို့မဟုတ် ခွဲတမ်းစနစ်ကျင့်သုံးခြင်း မရှိသေးပေ။ (Xinhua)
……………………………………
(Chinese Version)
为节能省外汇 印度总理呼吁民众“少吃油”“少出国”
新华社北京5月11日电 印度总理莫迪10日呼吁民众减少汽油、柴油和食用油消费,减少出国旅行,提倡公交出行和远程办公,以应对中东局势紧张导致的能源供应短缺以及节约外汇。
据多家媒体报道,莫迪在印度南部特伦甘纳邦出席集会活动时说:“我们应减少汽油和柴油的使用。在有地铁的城市,大家应尽量乘坐地铁出行……如果不得不开车,就尽量拼车。”他还呼吁民众和企业优先考虑居家办公和举行线上会议。
莫迪敦促民众减少食用油消费,称此举“既健康,又爱国”,同时呼吁农民把化肥用量减少一半。
莫迪补充说,这些措施也是为了节约用于进口燃料的外汇。“我们必须高度重视节约外汇,因为汽油和柴油在全球范围内已变得如此昂贵。”为此,他还呼吁印度民众尽量避免购买黄金,并在至少一年里尽量减少出国旅行。
印度石油和天然气部长哈迪普·辛格·普里同一天在社交媒体上说,印度石油经营企业目前采购原油、天然气和液化石油气需要付出更高成本。他呼吁民众响应莫迪的号召,参与“节能运动”。
印度是石油和液化石油气主要进口国。美国和以色列2月28日对伊朗发动军事打击后,霍尔木兹海峡航运严重受阻,导致印度国内原油、液化石油气和液化天然气供应出现短缺。印度已提高国内液化石油气零售价格,但暂未上调汽油、柴油零售价或实施配给制。(乔颖)
图说:2022年4月29日,在印度阿姆利则,一名女子用头巾遮挡脸部防晒。新华社发