Connect with us

Media

မြန်မာနိုင်ငံ ကျိုက်မရောမြို့နယ်တွင် အတ္တရံမြစ်ရေ မြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းနေရာများ ရေကြီးရေလျှံဖြစ်ပွား

ကျိုက်မရော၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ဇူလိုင် ၂၃ ရက်မှစတင်ကာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး အတ္တရံမြစ်ရေ မြင့်တက်လာသဖြင့် ကမ်းနားလမ်းနှင့် ရှင်စောပုရပ်ကွက်အတွင်းရှိ အနိမ့်ပိုင်းနေရာများရှိ အိမ်များအတွင်းသို့ ရေများဝင်ရောက်နေကြောင်းသိရသည်။
အဆိုပါ ရေများစတင်ဝင်ရောက်နေသော နေရာများရှိ နေအိမ်များ၌ ပစ္စည်းများကို အခြားမြင့်ရာနေရာများနှင့် ရွှေ့ပြောင်းထားရသလို ကုန်းမြင့်ပိုင်း နေအိမ်များသို့ စတင်ပြောင်းရွှေ့နေကြရကြောင်းနှင့် မိုးဆက်လက်ရွာသွန်းနေပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ပေးနိုင်ရန် အသင့်အနေအထားရှိကြောင်း ကျိုက်မရောမြို့ပေါ်ရှိ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူထံမှ သိရသည်။
မြန်မာနိုင်ငံ ကျိုက်မရောမြို့နယ်တွင် အတ္တရံမြစ်ရေ မြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းနေရာများ ရေကြီးရေလျှံဖြစ်ပွားနေသည်ကို ဇူလိုင် ၂၆ ရက်က ရိုက်ကူးထားသောဗီဒီယိုဖိုင်ဖြစ်ပါသည်။ (Xinhua)