Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသတွင် ရေကြီးရေလျှံမှုကြောင့် မိုးစပါးစိုက်ဧက ၁၀,၀၀၀ ကျော် နစ်မြုပ်

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုကြောင့် နေအိမ်များ ရေနစ်မြုပ်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသ၊ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးစပါးစိုက်ဧက ၁၀,၀၀၀ ကျော်နှင့် နေအိမ်အများအပြား ရေနစ်မြုပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (ဇူလိုင် ၃၀ ရက်)ထုတ်ပြန်သော သတင်းအရ သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင် ၂၈ ရက်အထိ မိုးစပါးစိုက်ဧက ၁၀,၃၀၇ ဧက၊ ပဲခင်း ၁၅ ဧကနှင့် ငှက်ပျောခင်း ၂ ဧက ရေနစ်မြုပ်ခဲ့ပြီး ကျေးရွာသုံးရွာမှ အိမ်ခြေ ၆၀ ကျော် ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသကို ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများအား စားနပ်ရိက္ခာနှင့် ရေများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးတောင်မြို့နယ်တွင် ရေမြုပ်မုတ်သုံစပါး ဧက ၃၈၀၀ ကျော်ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117