Connect with us

မြန်မာ-ENG

ထိပ်ဆုံးနေရာအတွက် အကြိတ်အနယ်အားပြိုင်ကြမည့် မန်စီးတီး v အာဆင်နယ်ပွဲစဉ် အပါအဝင် ပရီးမီးယားလိဂ် ပွဲစဉ်-၅ ပွဲကြိုသုံးသပ်ချက်

လန်ဒန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ယခုသီတင်းပတ်ကုန်၌ ယှဉ်ပြိုင်ကစားမည့် အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်များအနက် အသင်းအချို့၏ အခြေအနေမှန်ကို ထင်ဟပ်စေပြီး မည်သည့်အသင်းနည်းပြများအတွက် အသက်ရှူချောင်မည်နည်း၊ မည်သည့်အသင်းနည်းပြများအတွက် ဖိအားပိုတိုးလာမည်နည်းဆိုသည်ကို အဆုံးအဖြတ်ပေးလိမ့်မည်ဖြစ်သည်။
ယခုသီတင်းပတ်၏ အကောင်းဆုံးပွဲစဉ် တစ်ပွဲအဖြစ် လက်ရှိချန်ပီယံနှင့် အမှတ်ပေးဇယားကို ဦးဆောင်နေသည့် မန်ချက်စတာစီးတီးအသင်းက အမှတ်ပေးဇယား၏ ဒုတိယနေရာ၌ ရပ်တည်နေသည့် အာဆင်နယ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ ထိုပွဲစဉ်တွင်လည်း ယခုရာသီအစပိုင်း ရာနှုန်းပြည့်နိုင်ပွဲဆက်နေမှုကို ဆက်လက်ထိန်းထားနိုင်ရန် မန်ချက်စတာစီးတီးအနေဖြင့် ကြိုးပမ်းရမည်ဖြစ်သည်။
စက်တင်ဘာ ၁၈ ရက်က အင်တာမီလန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်၌ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့သော်လည်း ယခုပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်ရန် စီးတီးအနေဖြင့် အာဆင်နယ်ထက် ၂၄ နာရီ အချိန်ပိုရခဲ့သည်။ အာဆင်နယ်အသင်းကလည်း စက်တင်ဘာ ၁၉ ရက်က အတ္တလန်တာအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာတွင် ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။
စက်တင်ဘာ ၁၈ ရက် ပွဲစဉ်၌ မန်စီးတီးအသင်းနည်းပြ ပက်(ပ်)ဂွါဒီယိုလာက ပွဲထွက်လူစာရင်းကို ကြီးကြီးမားမား အပြောင်းအလဲမလုပ်ခဲ့သော်လည်း ဖီးလ်ဖိုဒန်၊ ဂျွန်စတုန်းစ်၊ ကိုင်လ်ဝေါ်ကာနှင့် အီကေးဂွန်ဒိုဂန်တို့ကို အနားပေးခဲ့ပြီး ၎င်းတို့ထဲမှ အချို့အား အာဆင်နယ်အသင်းနှင့် ပွဲစဉ်၌ ပွဲထွက်ခွင့်ပေးဖွယ်ရှိသည်။
အာဆင်နယ်အသင်းဘက်တွင် မာတင် အိုဒီဂတ်နှင့် မစ်ကယ် မာရီနိုတို့ ပါဝင်နိုင်ဦးမည် မဟုတ်သော်လည်း ပြီးခဲ့သည့်တစ်ပတ်က တော့တင်ဟမ်အသင်းအား အဝေးကွင်း၌ အနိုင်ရခဲ့သည့်ပွဲစဉ်တွင် မပါဝင်နိုင်ခဲ့သည့် ဒက်ကလန်ရိုက်စ် ပြန်လည်ပါဝင်လာမည်ဖြစ်သည်။

ယခုတစ်ပတ် အစောပိုင်းပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနှင့် ချဲလ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ ဝက်စ်ဟမ်းအသင်းနည်းပြ ဂျူလန် လိုပယ်တယ်ဂီ၏ ဝက်စ်ဟမ်းအသင်းမှာ ယခုဘောလုံးရာသီ၏ ပထမဆုံး ပွဲစဉ်လေးပွဲတွင် တစ်ပွဲသရေ၊ နှစ်ပွဲရှုံးကာ တစ်ပွဲသာအနိုင်ရထားသည်။
ဝက်စ်ဟမ်းအသင်းက ၎င်းတို့၏ အိမ်ကွင်းဖြစ်သည့် London Stadium ၌ မန်ချက်စတာစီးတီးနှင့် အက်စတွန်ဗီလာကဲ့သို့ ခက်ခဲသော ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ခဲ့ရပြီး ချဲလ်ဆီးအသင်းမှာလည်း တိုက်စစ်ပိုင်း ထက်မြက်သော်လည်း ခံစစ်ပိုင်းမှာ စိတ်ချရခြင်းမရှိသေးပေ။
ထိုပွဲစဉ်တွင် ချဲလ်ဆီးအသင်းက သက်သောင့်သက်သာ အနိုင်ရဖွယ်ရှိပြီး ၎င်းပွဲစဉ်၏ အနိုင်ရလဒ်က ချဲလ်ဆီးအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီးနောက်ပိုင်း အလွန်ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည့် နည်းပြ အန်ဇိုမာရက်စကာအတွက် အကြီးအကျယ် အားတက်စရာဖြစ်လာမည်ဖြစ်သည်။
လီဗာပူးလ်အသင်းကလည်း ပြီးခဲ့သည့်တစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွင် နော့တင်ဟမ်ဖောရက်စ်အသင်းအား အိမ်ကွင်း၌ ခြေချော်လက်ချော်ြဖစ်ကာ ရှုံးနိမ့်ခဲ့မှုကို သိက္ခာပြန်ဆယ်သည့်အနေဖြင့် ပြီးခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်၌ အေစီမီလန်အသင်းအား ၃-၁ ဂိုးဖြင့် အနိုင်ယူခဲ့ပြီးနောက် ယခုတစ်ပတ်တွင် ဘုန်းမောက်အသင်းအား အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။
အန်ဒိုနီ အိုင်ရာအိုလာ၏ ဘုန်းမောက်အသင်းက ပြီးခဲ့သည့်တစ်ပတ် ချဲလ်ဆီးအသင်းနှင့် ပွဲစဉ်၌ ကံမကောင်းစွာဖြင့် သရေတစ်မှတ် ခွဲမယူနိုင်ခဲ့သော်လည်း ဘုန်းမောက်အသင်း၏ မြန်မြန်ဆန်ဆန် ဘောလုံးပေးပို့မှုနှင့် high press ကစားပုံတို့က ပွဲပန်းထားသည့် လီဗာပူးလ်အသင်းအတွက် စမ်းသပ်မှုဖြစ်လာနိုင်သည်။
မန်ချက်စတာယူနိုက်တက်အနေဖြင့် ပြီးခဲ့သည့်တစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်၌ ဆောက်သမ်တန်အသင်းအား ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဘန်စလေအသင်းနှင့် လိဂ်ဖလားပွဲစဉ်၌လည်း ၇-၀ ဂိုးဖြင့် အပြတ်အသတ် အနိုင်ရခဲ့သည့်အတွက် ကျေနပ်စရာ သီတင်းပတ်ဖြစ်ခဲ့သည်။ နည်းပြအဲရစ်တန်ဟတ်၏ တာဝန်မှာ သိသာထင်ရှားနေသည်။ ယင်းမှာ ထိုရလဒ်ကောင်းများကို ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် အဝေးကွင်းပွဲစဉ်အထိ ဆက်လက်သယ်ဆောင်သွားရန်ပင်ဖြစ်သည်။
ပြီးခဲ့သည့်ရာသီ၌ ပဲလေ့စ်အသင်းက နည်းပြအိုလီဗာ ဂလက်စ်နာ၏ လက်အောက်တွင် တိုးတက်နှုန်းမြန်ဆန်ခဲ့ပြီး ယူနိုက်တက်အား ၄-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။ ယခုရာသီတွင် ပဲလေ့စ်အသင်းအပေါ် ကြီးကြီးမားမား မျှော်လင့်ထားသော်လည်း လက်ရှိအချိန်အထိ လေးပွဲကစားပြီးချိန်တွင် နှစ်ပွဲသရေ၊ နှစ်ပွဲရှုံးနိမ့်ထားကာ ရုန်းကန်နေရခြင်းကြောင့် ယူနိုက်တက်အတွက် အခွင့်အရေးဖြစ်လာနိုင်သည်။
အက်စတွန်ဗီလာအသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်၌ ယန်းဘွိုင်းစ်အသင်းအား အနိုင်ရခဲ့ပြီး နည်းပြအူနိုင်းအမ်မရီ၏ လက်အောက်တွင် ပုံစံကောင်းများ ဆက်လက်ပြသလျက်ရှိကာ ယခုတစ်ပတ်တွင် မစ်ဒ်လန်းစ်ဒါဘီအဖြစ် အိမ်ကွင်း၌ ဝူလ်ဗာဟမ်တန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည့်အတွက် ထိပ်ဆုံးလေးသင်းထဲသို့ တက်လှမ်းနိုင်မည့် အခွင့်အရေးတစ်ခုဖြစ်သည်။ ဝူလ်ဗာဟမ်တန်အသင်းမှာ လက်ရှိအမှတ်ပေးဇယားတွင် တန်းဆင်းဇုန်ထဲသို့ ရောက်ရှိနေပြီး ရမှတ်တစ်မှတ်သာ ရရှိထားသည်။
နည်းပြရှောင်ဒိုက်ချ်၏ အဲဗာတန်အသင်းမှာ ယခုဘောလုံးရာသီအစပိုင်းတွင် ရလဒ်များဆိုးရွားနေပြီး လိဂ်ဖလားပြိုင်ပွဲတွင်လည်း ဆောက်သမ်တန်အသင်းအား ရှုံးနိမ်ခဲ့သည့်အတွက် ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။ ယခုတစ်ပတ်တွင် လက်စတာအသင်းကို ထပ်မံရှုံးနိမ့်မည်ဆိုလျှင် ‌နည်းပြရှောင်ဒိုက်ချ်အနေဖြင့် ရာထူးမှထုတ်ပယ်ခံရဖွယ်ရှိသည်။
ယခုရာသီတွင် လေးပွဲကစားထားပြီး လေးမှတ်သာရထားသည့် ပရိသတ်များ၏ ဝေဖန်မေးခွန်းထုတ်ခြင်းနှင့် ရင်ဆိုင်နေရသည့် နည်းပြအိန်းဂျ်ပေါ်စတီကိုဂလူ၏ စပါးစ်အသင်းမှာ ပွဲကျပ်တစ်ပွဲအဖြစ် အိမ်ကွင်း၌ ဘရန့်ဖို့ဒ်အသင်းအား လက်ခံယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဘရန့်ဖို့ဒ်အသင်းအနေဖြင့် ပြီးခဲ့သည့်တစ်ပတ် မန်ချက်စတာစီးတီးအသင်းနှင့် ပွဲစဉ်၌ ကံမကောင်းစွာဖြင့် သရေတစ်မှတ် ခွဲမယူနိုင်ခဲ့သော်လည်း နည်းပြသောမတ်စ်ဖရန့်ခ်၏ ကိုင်တွယ်မှုအောက်တွင် ဘရန့်ဖို့ဒ်အသင်းက ညက်ညောဟန်ချက်ညီသည့် ကစားဟန်ကို ပြသနိုင်ခဲ့ပြီး စပါးစ်အသင်း၏ high-line defense ကစားပုံအား ဒုက္ခပေးနိုင်ဖွယ်ရှိသည်။ သို့သော် ဘရန့်ဖို့ဒ်အသင်း၏ အားထားရသည့် တိုက်စစ်ကစားသမား ယိုအာနေးဝစ်ဆာမှာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ယခုပွဲစဉ်အား လွဲချော်မည်ဖြစ်သည်။
ယခုရာသီတွင် ရှုံးပွဲမရှိသေးသော အသင်းများဖြစ်သည့် ဘရိုက်တန်နှင့် နော့တင်ဟမ်ဖောရက်စ်အသင်းတို့က စက်တင်ဘာ ၂၂ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ နော့တင်ဟမ်အသင်းက နှစ် ၅၀ ကျော်အတွင်း အန်ဖီးကွင်း၌ လီဗာပူးလ်အသင်းအား ပထမဆုံးအကြိမ် အနိုင်ရရှိထားသည့်အတွက် စိတ်ဓာတ်တက်ကြွလျက်ရှိသည်။ (Xinhua)


…………………………
(English Version)
Preview: Man City v Arsenal the big game on a weekend where many have things to prove
LONDON, Sept. 20 (Xinhua) — The Premier League has a host of matches this weekend that will help show the true situation of several teams and which will either allow some coaches to breathe more easily, or put them under increased pressure.
One game stands out as reigning champions and league leaders, Manchester City defend their 100 percent start to the season, at home to last season’s runners-up, Arsenal, who are currently second in the table.
City were held to a 0-0 draw by Inter Milan on Wednesday, but have 24 more hours to prepare for the game than Arsenal, who drew 0-0 away to Atalanta on Thursday.
While Pep Guardiola didn’t make widescale rotations on Wednesday, he kept Phil Foden, John Stones, Kyle Walker and Ilkay Gundogan out of his starting 11 and some, if not all of those will start on Sunday.
Arsenal will still be without Martin Odegaard and Mikel Merino but Declan Rice returns after missing last weekend’s morale-boosting win away to Tottenham.
West Ham and Chelsea open the weekend on Saturday lunchtime, with Julen Lopetegui looking to see West Ham make a statement after a win, a draw and two defeats from their first four games of the season.
Manchester City and Aston Villa have been tough rivals to kick off at the London Stadium and Chelsea also promise to be difficult, with plenty of speed in attack, although they have yet to convince at the back.
A win for Chelsea would leave them looking comfortable and be a huge boost for Enzo Maresca after a very difficult summer following his arrival at the club.
Liverpool slipped to defeat at home to Nottingham Forest last weekend but reacted magnificently with a 3-1 Champions League win away to AC Milan, now they are back in front of their home fans to receive the visit of Bournemouth.
Andoni Iraola’s side were unlucky to not get at least a point against Chelsea last weekend and their quick passing and high press will be a test for Liverpool who could have some tired legs.
It has been a good week for Manchester United after a 3-0 win at Southampton was followed by a 7-0 League Cup thrashing of Barnsley. The task for Erik ten Hag is obvious: he needs his players to carry the feel-good factor to their visit to Crystal Palace.
Palace ended last season like an express train under coach Oliver Glasner and thrashed United 4-0 in the penultimate game of the campaign. There were high hopes for this season, but so far they have struggled with just two draws from four games and that could offer United a chance.
Aston Villa won their Champions League opener away to Young Boys and are again impressing under Unai Emery’s guidance. The ‘Midlands derby’ at home to Wolverhampton Wanderers offers them a great chance to move into the top four, as their rivals arrive in the relegation zone with just one point.
Sean Dyche is probably under more pressure than anyone after Everton’s dreadful start to the season continued with a League Cup exit to Southampton in midweek. Defeat to Leicester could cost Dyche his job.
Just four points from four games and a home defeat to Arsenal have had fans asking if Ange Postecoglou is suffering ‘second-season syndrome’ at Tottenham and his side have a difficult match at home to Brentford.
Brentford were unlucky not to take a point from Manchester City last week and under Thomas Frank, they are playing some flowing football that will give problems to Spurs’ high defensive line, although the loss of Yoane Wissa with an ankle injury is an important setback.
Sunday sees a game between two unbeaten sides with Brighton at home to Nottingham Forest, who are in excellent spirits after their first win at Anfield in over 50 years. Enditem

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.