Connect with us

Europe

ရုရှားနိုင်ငံက ဟိုက်ဒရိုဂျင်စွမ်းအင်သုံး သင်္ဘောအား အောက်တိုဘာလအတွင်း စမ်းသပ်မည်

မော်စကို၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံက အီကိုဘော့ထ်ဟု အမည်ပေးထားသော နိုင်ငံ၏ ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံး သင်္ဘောအား ယခုလအတွင်း ပင်လယ်ပြင်၌ စမ်းသပ်မှုများပြုလုပ်ရန် စီစဉ်ထားကြောင်း ရုရှားပြည်တွင်းမီဒီယာက အောက်တိုဘာ ၇ ရက်တွင် ဖော်ပြခဲ့သည်။
ခရီးသည် ၁၂ ဦး စီးနိုင်သော အပျော်စီးသင်္ဘောငယ်အဖြစ် ဒီဇိုင်းဖန်တီးထားသည့် အဆိုပါသင်္ဘောတွင် ဟိုက်ဒရိုဂျင်လောင်စာသုံး လျှပ်စစ်ဓာတု ဂျင်နရေတာ တပ်ဆင်ထားသည်ဟု Krylov State သုတေသနစင်တာ (KSRC) ၏ ညွှန်ကြားရေးမှူးချုပ် အိုလက် ဆက်ဗ်ချင်ကိုက ပြောကြားခဲ့သည်။
“အဲဒါက ရုရှားနိုင်ငံရဲ့ ပြည်တွင်းထုတ် လျှပ်စစ်ဓာတု ဟိုက်ဒရိုဂျင် ဂျင်နရေတာပါရှိတဲ့ ပထမဆုံးသင်္ဘော ဖြစ်လာမှာြဖစ်ပြီး သွင်းကုန် အပြည့်အဝအစားထိုးနိုင်တဲ့ နည်းပညာလည်းဖြစ်ပါတယ်” ဟု RIA Novosti သတင်းဌာနက ဆက်ဗ်ချင်ကို၏ အဆိုကို ကိုးကားဖော်ပြခဲ့သည်။
ရုရှားရေတပ်အတွက် သင်္ဘောဒီဇိုင်းပုံစံများ၊ ကုန်ကြမ်းပစ္စည်းများနှင့် နည်းပညာများ ပံ့ပိုးနေသော ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သည့် KSRC က အဆိုပါ ပရောဂျက်ကို ဦးဆောင်လျက်ရှိကြောင်း သိရသည်။
ထိုသင်္ဘောအား Ak Bars ကုမ္ပဏီက ဂေါ်ကီ ဇယ်လန်နိုဒေါ့စ်ခ် သင်္ဘောကျင်း၌ တည်ဆောက်ခဲ့ကာ KSRC ၏ Baltsudoproekt ဗဟိုဒီဇိုင်းဌာန၏ ဒီဇိုင်းပုံစံအား အခြေခံထားခြင်းဖြစ်ကြောင်း သိရသည်။
Ak Bars ကုမ္ပဏီ၏ ညွှန်ကြားရေးမှူးချုပ် ရီနက် မီစတာခေါ့ဗ်က အဆိုပါ သင်္ဘောမှာ ဟိုက်ဒရိုဂျင်အခြေပြု နည်းပညာ တိုးတက်ကောင်းမွန်စေရေးနှင့် လောင်စာဆဲလ်များအား အသုံးပြု၍ ဘက်စုံသုံး စွမ်းအင်မော်ဂျူးတစ်ခု တီထွင်ရေးအတွက် ရှေ့ပြေးပုံစံတစ်ခု ဖြစ်သည်ဟု ပြောကြားခဲ့သည်။ (Xinhua)
…………………….
(English Version)
Russia to test hydrogen-powered vessel in October
MOSCOW, Oct. 7 (Xinhua) — Russia’s first hydrogen-powered vessel, named Ecobalt, is scheduled to undergo sea trials this month, local media reported on Monday.
The vessel, designed as a 12-passenger recreational boat, is equipped with an electrochemical generator powered by hydrogen fuel, said Oleg Savchenko, general director of the Krylov State Research Center (KSRC).
“This will be Russia’s first vessel with a domestically-produced electrochemical hydrogen generator, representing a fully-import-substituted technology,” RIA Novosti quoted Savchenko as saying.
The KSRC, a leading developer of ship designs, materials, and technologies for the Russian Navy, is spearheading the project.
The vessel was constructed at the Gorky Zelenodolsk Shipyard by Ak Bars, based on the design by the KSRC’s Baltsudoproekt Central Design Bureau.
Renat Mistakhov, general director of Ak Bars, has said that the vessel is a prototype for refining hydrogen-based technology and developing a universal power module using fuel cells. Enditem