Connect with us

Myanmar

၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၁ ရက် အတွက် ပြည်တွင်းသတင်းကောက်နုတ်ချက်

-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ (၁၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီချုပ်များ အစည်းအဝေးသို့တက်ရောက်မည့် အာဆီယံရေတပ်အကြီးအကဲများနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ လာရောက်ဂါရဝပြုတွေ့ဆုံ (၁၁/၁၀/၂၀၂၄ -MRTV)

-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (၂/ ၂၀၂၄) သို့တက်ရောက်အမှာစကားပြောကြား (၁၁/၁၀/၂၀၂၄ -MRTV)

-(၁၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး(18th ASEAN Navy Chief’s Meeting) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ် (၁၁/၁၀/၂၀၂၄ -MRTV)

-အကြမ်းဖက်သမားများထောင်ထားသည့် ဒေသန္တရလက်လုပ်တိုက်မိုင်းကြောင့် သံဃာတော်တစ်ပါး ထိခိုက်ဒဏ်ရာရရှိ( ၁၁/၁၀/၂၀၂၄ -MWD)

-ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) ရုံးချုပ်မှ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲနှင့်အဖွဲ့မှ လာရောက်ဂါရဝပြု တွေ့ဆုံ ( ၁၁/၁၀/၂၀၂၄ -MWD)

-ရှမ်းပြည်နယ်ဝန်ကြီးချုပ် သဘာဝဘေးဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် လင်းခေးခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ
(၁၁/၁၀/၂၀၂၄ -MOI)

-မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာကုန်သွယ်မှု တန်ဖိုး၏ (၇၅) ရာခိုင်နှုန်းကို ပင်လယ်ရေကြောင်းဖြင့် ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် အဓိကထား ကုန်သွယ်လျက်ရှိ (၁၁/၁၀/၂၀၂၄ -MRTV)

-တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ (၁၁/၁၀/၂၀၂၄ -MRTV)