Connect with us

International Organizations

လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ ငြိမ်းချမ်းရေးထိန်သိမ်းမှု တပ်ဖွဲ့ဝင်များအား တိုက်ခိုက်မှုအပေါ် နိုင်ငံပေါင်း ၄၀ က အတူတကွပြစ်တင်ရှုတ်ချ

လက်ဘနွန်နိုင်ငံ Marjaayoun ခရိုင်တွင် လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ (UNIFIL) ၏ မော်တော်ယာဉ်များအား ၂၀၂၄ ခုနှစ် ဩဂုတ် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ ငြိမ်းချမ်းရေးထိန်သိမ်းမှုတပ်ဖွဲ့ဝင်များအား တိုက်ခိုက်မှုအပေါ် အပြင်းအထန် ပြစ်တင်ရှုတ်ချကြောင်း လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ (UNIFIL) တွင် ပါဝင်ရန် ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များစေလွှတ်သည့် နိုင်ငံပေါင်း ၄၀ က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။အဆိုပါ ပူးတွဲကြေညာချက်ကို ကုလသမဂ္ဂဆိုင်ရာ ပိုလန် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့က လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားခြင်း ဖြစ်ပြီး အင်ဒိုနီးရှား၊ အီတလီ၊ အိန္ဒိယ၊ ပြင်သစ်၊ တရုတ်၊ စပိန် စသည့် တပ်ဖွဲ့ဝင်စေလွှတ်သော နိုင်ငံများက ပူးတွဲလက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်။ ကြေညာချက်တွင် ဤသို့သော လုပ်ရပ်ကို “ချက်ချင်း ရပ်တန့်ရမည့်” တစ်ချိန်တည်းတွင် ယင်းတိုက်ခိုက်မှုကို “အပြည့်အဝ စုံစမ်းစစ်ဆေး” သင့်ကြောင်း ပြောကြားခဲ့သည်။

လက်ဘနွန်နိုင်ငံ Khiam မြို့တွင် အစ္စရေးတိုက်ခိုက်မှုပြီးနောက် မီးခိုးလိပ်များ တက်လာသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ (UNIFIL) ကို အင်တိုက်အားတိုက်ထောက်ခံကြောင်း ၎င်း၏အဓိကရည်ရွယ်ချက်မှာ လက်ဘနွန်နိုင်ငံ တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်ရေး၊ ရေရှည်ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်ဖြစ်ကြောင်း၊ ”မိမိတို့အနေနဲ့ ပဋိပက္ခဖြစ်ပွားတဲ့ ဘက်ပေါင်းစုံက UNIFIL ရဲ့ တည်ရှိမှုကို လေးစားဖို့ တိုက်တွန်းပါတယ်။ ဒါက ဘယ်လိုအချိန်အခါမျိုးမဆို ၎င်းတပ်ဖွဲ့ဝင်များရဲ့ လုံခြုံရေးကို အာမခံဖို့ ဘက်ပေါင်းစုံမှာ တာဝန်ရှိတယ်လို့ ဆိုလိုတာပါ ”ဟု ကြေညာချက်တွင် ထပ်မံဖော်ပြထားသည်။

မကြာသေးမီရက်များက လက်ဘနွန်-အစ္စရေး ပဋိပက္ခအရှိန်မြင့်တက်လာခဲ့ရာ လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂတပ်ဖွဲ့ (UNIFIL) ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရရှိခဲ့ပြီးဖြစ်ကြောင်း သတင်းများအရ သိရသည်။ UNIFIL ၏ Naqoura ဌာနချုပ်ရှိ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင် တစ်ဦးသည် ယင်းအနီးအနားတွင် ဖြစ်ပွားနေသည့် စစ်ရေးလှုပ်ရှားများအတွင်း သေနတ်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း UNIFIL က အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ သီရိလင်္ကာနိုင်ငံသား ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင် နှစ်ဦး အစ္စရေးစစ်တပ်၏ တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း သီရိလင်္ကာစစ်တပ် ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၁၁ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ UNIFIL က အောက်တိုဘာ ၁၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ၌ UNIFIL ၏ Naqoura ဒေသဌာနချုပ်ရှိ ကင်းမျှော်စင်ကို ပစ်ခတ်မှုကြောင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂတပ်ဖွဲ့ (UNIFIL) ကို ၁၉၇၈ ခုနှစ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ အရ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၆ ခုနှစ် ဩဂုတ်လတွင် လုံခြုံရေးကောင်စီသည် လက်ဘနွန်-အစ္စရေး ပဋိပက္ခပြီးနောက် ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ ကို အတည်ပြုခဲ့ရာ လက်ဘနွန်နိုင်ငံ တောင်ပိုင်းဒေသ လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရန်အတွက် UNIFIL ၏ လုပ်ပိုင်ခွင့်ကို တိုးချဲ့ကာ စစ်သည်အင်အားတိုးမြှင့်ချထားရန် ဆုံးဖြတ်ခဲ့သည်။ (Xinhua)

—————————-
40个国家联合谴责对联黎部队维和人员的袭击
新华社联合国10月12日电 参与向联合国驻黎巴嫩临时部队(联黎部队)派遣维和人员的40个国家12日发布联合声明,强烈谴责最近对联黎部队维和人员的袭击。   这份联合声明由波兰常驻联合国代表团发布在社交平台上,由印度尼西亚、意大利、印度、法国、中国、西班牙等派遣国联合签署。声明说,这种行为“必须立即停止”,同时应对袭击进行“充分调查”。
声明重申全力支持联黎部队,其主要目标是在黎巴嫩南部及中东地区实现稳定和持久和平。“我们敦促冲突各方尊重联黎部队的存在,这意味着各方有义务在任何时间保证其人员安全。”
据报道,近日黎以冲突升级以来,已有5名联黎部队维和人员受伤。联黎部队12日说,该部队纳古拉总部一名维和人员被附近进行中的军事活动的枪弹击伤。斯里兰卡军方发言人11日证实,联黎部队两名斯里兰卡籍维和士兵遭以军袭击受伤。联黎部队10日发表声明说,以军向联黎部队纳古拉地区司令部的一座哨塔开火,造成两名维和部队人员受伤。
联黎部队根据安理会1978年通过的第425号决议建立。2006年8月,安理会在黎巴嫩与以色列冲突后通过第1701号决议,决定扩大对联黎部队的任务授权,增加兵力配备,以维护黎南部地区安全。(完)

1. 这是8月28日在黎巴嫩迈尔杰云拍摄的联合国驻黎巴嫩临时部队车辆。新华社发(塔希尔·阿布·哈姆丹摄)
2. 这是10月9日在黎巴嫩希亚姆拍摄的以军袭击后产生的浓烟。新华社发(塔希尔·阿布·哈姆丹摄)