Videos
Alibaba တည်ထောင်သူ ဂျက်မာ က ကူးသန်းရောင်းဝယ်မှုနှင့် အနာဂတ်စီးပွားရေး အလားအလာများကိုပြောကြား
ဒါဗို့စ်၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ)
ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်တွင်ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ် ၂ဝ၁၈ သို့တက်ရောက်လာသည့် ကမ္ဘာ့အကြီးဆုံး အွန်လိုင်းဈေးဆိုင်ကြီးများထဲက တစ်ခုဖြစ်သော Alibaba တည်ထောင်သူ ဂျက်မာ က ကူးသန်းရောင်းဝယ်မှုနှင့် အနာဂတ်စီးပွားရေး အလားအလာများကို ယခုကဲ့သို့ပြောကြားခဲ့သည်။
ကူးသန်းရောင်းဝယ်မှုအား ရပ်တန့်အောင်မည်သို့မှ ပြုလုပ်နိုင်မည်မဟုတ်ကြောင်း၊တစ်ကမ္ဘာလုံး ကူးသန်းရောင်းဝယ်ရန်လိုအပ်ပါကြောင်း၊ ကူးသန်းရောင်းဝယ်ခြင်းဟာ စစ်ပွဲများကိုရပ်တန့် စေနိုင်မည် ဖြစ်ကြောင်း၊ ကူးသန်းရောင်းဝယ်မှုရပ်တန့်ပါက စစ်ပွဲများစတင်လာနိုင်ကြောင်း မိမိအနေဖြင့်ယုံကြည် သည်ဟု ဂျက်မာက ဆိုသည်။ ယနေ့ခေတ်တွင် ကမ္ဘာကြီးမှာ ခေတ်မီနည်းပညာများ၏ အကျိုးကျေးဇူးကြောင့်အခွင့်အလမ်းများစွာရှိပါကြောင်း မိမိအနေဖြင့် အနာဂတ်ကိုကြိုခန့်မှန်းပြောရမည်ဆိုပါက အနာဂတ်တွင် တရုတ်နိုင်ငံထုတ်၊ အမေရိကန်နိုင်ငံထုတ်နဲ့ ပီရူးနိုင်ငံထုတ်စသဖြင့်ပစ္စည်းများ ပေါ်ပေါက်လာ တော့မည် မဟုတ်ပါကြောင်း၊ အင်တာနက်မှ ရရှိသည့်ပစ္စည်းများပင်ဖြစ်နေကြတော့မည်ဟုပြောကြားခဲ့သည်။ လူငယ်များမှာ တစ်ဦးနှင့်တစ်ဦး အွန်လိုင်းမှ တစ်ဆင့်ဆက်သွယ်ကြခြင်းဖြစ်ကြောင်း ၊ အနာဂတ်ကာလတွင် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လူငယ်တိုင်းလူငယ်တိုင်းနဲ့ စီးပွားရေးလုပ်ငန်းအသေးအဖွဲလေးများမှ အစ တစ်ကမ္ဘာလုံးနှင့်စပ်လျဉ်းကာ ရောင်းဝယ်ဖြန့်ဖြူးငွေပေးချေခရီးသွားကြခြင်းများကို ပတ်စ်ပို့ ပင်မလိုတော့ဘဲ မိုဘိုင်းလ် ဖုန်းတစ်လုံးနဲ့တင် လုပ်ကြတော့မည်ဖြစ်ကြောင်း ၎င်းမှာ ခေတ်ရေစီးကြောင်းတစ်ခုဖြစ်ပြီး မည်သူမျှ ရပ်တန့်ပစ်နိုင်တော့မည် မဟုတ်ကြောင်းပြောကြားခဲ့သည်။(Xinhua)