China
တရုတ် ရေတပ် “ငြိမ်းချမ်းရေး” ဆေးသင်္ဘောကြီး အယ်လ်ဂျီးရီးယားနိုင်ငံသို့ ဆိုက်ကပ်
အယ်လ်ဂျီးယား၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)
“သင့်မြတ်ရေး သမိုင်းတာဝန်-၂၀၂၄” မစ်ရှင် ထမ်းဆောင်နေသည့် တရုတ်ရေတပ် “ငြိမ်းချမ်းရေး” ဆေးသင်္ဘောကြီးသည် ဒေသစံတော်ချိန် နိုဝင်ဘာ ၂၁ ရက်က အယ်လ်ဂျီးရီးယားနိုင်ငံ အယ်လ်ဂျီးယားဆိပ်ကမ်းသို့ ရောက်ရှိပြီး ထောက်ပံ့ပို့ဆောင်ရေးနှင့် နားနေရေးအတွက် ၅ ရက်ကြာ ဆိုက်ကပ်ရပ်နားမည် ဖြစ်ကြောင်း သိရသည်။
“ငြိမ်းချမ်းရေး” ဆေးသင်္ဘောကြီးသည် ယင်းနေ့ နံနက် ၁၀ နာရီခန့်တွင် အယ်လ်ဂျီးယား ဆိပ်ကမ်းသို့ ဖြည်းညှင်းစွာ ချဉ်းကပ်ခဲ့ရာ တာဝန်ထမ်းဆောင်နေသည့် အရာရှိ၊ စစ်သည် ကိုယ်စားလှယ်များက သင်္ဘောကုန်းပတ်ပေါ်တွင် ညီညာစွာ တန်းစီကာ လာရောက်ကြိုဆိုသူများအား လက်ပြ နှုတ်ဆက်ကြသည်။ အယ်လ်ဂျီးရီးယားနိုင်ငံ စစ်တပ် အရာရှိများ၊ အယ်လ်ဂျီးရီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး ဝန်ထမ်းများ စသည်တို့က ဆိပ်ကမ်းတွင် လာရောက်ကြိုဆိုခဲ့ကြောင်း သိရသည်။
ထိုသို့ ဆိုက်ကပ်ရပ်နားစဉ်ကာလအတွင်း အယ်လ်ဂျီးရီးယားနိုင်ငံမှ ဆရာဝန်များ၊ စစ်တပ်အရာရှိများနှင့် ဒေသခံ တရုတ်နွယ်ဖွားများ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုဌာနများမှ ဝန်ထမ်းများ သင်္ဘောပေါ်သို့ တက်ရောက် လေ့လာကြည့်ရှုနိုင်ရန် ဆေးသင်္ဘောကြီးကို အစီအစဉ်များဖြင့် ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် မစ်ရှင်တာဝန်ထမ်းဆောင်နေသည့် တရုတ်စစ်တပ်အရာရှိ စစ်သည်များကလည်း ယင်းဒေသရှိ စစ်သမိုင်းပြတိုက်ကို လေ့လာကြည့်ရှုမည် ဖြစ်ပြီး အယ်လ်ဂျီးရီးယား ရေတပ် အရာရှိစစ်သည်များနှင့်အတူ ချစ်ကြည်ရေးဘောလုံးပွဲ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………….
(Chinese Version)
中国海军“和平方舟”号医院船技术停靠阿尔及利亚
新华社阿尔及尔11月21日电(刘志磊 高庶民)当地时间11月21日,执行“和谐使命-2024”任务的中国海军“和平方舟”号医院船抵达阿尔及利亚阿尔及尔港,进行为期5天的技术停靠。
上午10时许,“和平方舟”号医院船缓缓抵靠阿尔及尔港码头,任务官兵代表在甲板上整齐列队,向前来欢迎的人员挥手致意。阿方军队官员、中国驻阿尔及利亚大使馆工作人员等在码头迎接。
技术停靠期间,医院船将组织舰艇开放活动,阿方医生、军官以及当地华侨华人、中资机构人员分批次登船参观。此外,任务官兵还将参观当地军事博物馆、与阿方海军官兵进行足球友谊赛。(完)
1. 11月4日,中国海军“和平方舟”号医院船在毛里塔尼亚首都努瓦克肖特开展医疗服务。新华社发(刘志磊摄)