Connect with us

International Organizations

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၆ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ဗင်နီစီယပ်စ် ဂျူနီယာ တံကောက်ကြောဒဏ်ရာကြောင့် သုံးပတ်ခန့် အနားယူရမည်
ရီးရဲလ်မက်ဒရစ်အသင်း၏ ဘရာဇီးတောင်ပံကစားသမား ဗင်နီစီယပ်စ် ဂျူနီယာသည် လီဂါနက်စ်အသင်းအား ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ကြောင်း အသင်းတာဝန်ရှိသူများက နိုဝင်ဘာ ၂၅ ရက်၌ အတည်ပြုခဲ့ရာ ရီးရဲလ်အသင်းအနေဖြင့် နိုဝင်ဘာ ၂၇ ရက်၌ ယှဉ်ပြိုင်ကစားရမည့် အရေးပါသော ချန်ပီယံလိဂ်ပွဲစဉ်အား ဗင်နီစီယပ်စ်မပါဘဲ ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။
သို့ဖြစ်ရာ ဗင်နီစီယပ်စ်အနေဖြင့် ဂီတာဖေး၊ အက်သလက်တစ် ဘီဘာအို၊ ဂျီရိုနာ၊ ရာယိုဗယ်လက်ကာနို စသည့် လာလီဂါပွဲစဉ်များအပြင် အတ္တလန်တာအသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်ကိုလည်း လွဲချော်မည်ဖြစ်သည်။
…..
— လက်စတာစီးတီးနည်းပြ စတိဗ်ကူးပါး ရာထူးမှထုတ်ပယ်ခံရ
အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် လက်စတာစီးတီးနည်းပြ စတိဗ်ကူးပါးသည် အသင်းအား ၁၂ ပွဲသာ ကိုင်တွယ်ခဲ့ပြီးနောက် နိုဝင်ဘာ ၂၄ ရက်၌ ရာထူးမှထုတ်ပယ်ခံခဲ့ရသည်။
လက်စတာအသင်းမှာ ကူးပါးလက်အောက်၌ ၁၂ ပွဲ ယှဉ်ပြိုင်ကစားရာတွင် ၂ ပွဲသာ အနိုင်ရရှိခဲ့ပြီး ၄ ပွဲသရေကျကာ ၆ ပွဲ ရှုံးနိမ့်ခဲ့သည်။ ကူးပါး၏ရှေ့တွင် လက်စတာအသင်းနည်းပြဖြစ်ခဲ့သည့် အန်ဇို မာရက်စကာ ကိုင်တွယ်နေသည့် ချဲလ်ဆီးအသင်းအား အိမ်ကွင်း၌ ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် နိုဝင်ဘာ ၂၃ ရက် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် တန်းတက် လက်စတာအသင်းမှာ အဆင့်-၁၆ ၌သာ ရပ်တည်နိုင်ခဲ့သည်။ ကူးပါးသည် ယခင်က နော့တင်ဟမ်ဖောရက်စ်အသင်းအား ကိုင်တွယ်ခဲ့သူဖြစ်သည်။
— WTT Finals ပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ ချန်ပီယံဆုများကို တရုတ်ကစားသမားများ ဆွတ်ခူး
နိုဝင်ဘာ ၂၄ ရက်က ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) Finals ပြိုင်ပွဲတွင် တရုတ်ကစားသမားများဖြစ်သည့် ဝမ်ချူချင်းနှင့် ဝမ်မန့်ယွိတို့က အမျိုးသားတစ်ဦးချင်းနှင့် အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲများတွင် ချန်ပီယံဆု အသီးသီးဆွတ်ခူးနိုင်ခဲ့သည်။
အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်တွင် ကမ္ဘာ့နံပါတ်တစ် တရုတ်စားပွဲတင်တင်းနစ်ကစားသမား ဝမ်ချူချင်းနှင့် ဂျပန်ကစားသမား တိုမိုခါဇု ဟာရိမိုတိုတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကာ ဝမ်က ပထမပွဲအား အမှားအယွင်းမရှိ စတင်နိုင်ခဲ့ပြီး ၁၀ မှတ်ဆက်တိုက် ရယူကာ ၁၁-၂ မှတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ဟာရိမိုတိုမှာ ဒုတိယပွဲတွင် အရှိန်ပြန်ရလာသော်လည်း ဝမ်၏ တရစပ်ဖိအားပေးမှုကို တောင့်ခံနိုင်ရန် ရုန်းကန်ခဲ့ရပြီးနောက် ၁၁-၈ မှတ်ဖြင့် ထပ်မံရှုံးနိမ့်ခဲ့သလို နောက်ထပ်နှစ်ပွဲတွင်လည်း ၁၁-၇၊ ၁၁-၅ မှတ်ဖြင့် ရှုံးနိမ့်ခဲ့ကာ ပွဲအပြီးတွင် ဝမ်က ၄ ပွဲပြတ် အနိုင်ရရှိခဲ့သည်။
အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်တွင်မူ တရုတ်ကစားသမားများဖြစ်သည့် ဝမ်မန့်ယွိနှင့် ချန်ရှင်းထုန်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး ဝမ်က ၄-၃ ဖြင့် အနိုင်ရရှိခဲ့သည်။ ၎င်းတို့နှစ်ဦးမှာ ယခုရာသီတွင် လေးကြိမ် ထိပ်တိုက်တွေ့ဆုံထားပြီး အဆိုပါလေးကြိမ်စလုံးတွင် ဝမ်က အနိုင်ရရှိခဲ့သည်။
…..
— ဩစ‌တြေးလျ၏ အအောင်မြင်ဆုံး အိုလံပစ်ဆုတံဆိပ်ရှင် မက်ကီယွန် ရေကူးအားကစားမှ အနားယူ
ဩစ‌တြေးလျ သမိုင်းတွင် အအောင်မြင်ဆုံး အိုလံပစ်ဆုတံဆိပ်များရှင် အမ်မာ မက်ကီယွန်သည် ရေကူးအားကစား ပြိုင်ပွဲများမှ အနားယူကြောင်း နိုဝင်ဘာ ၂၅ ရက်၌ ကြေညာခဲ့သည်။ မက်ကီယွန်သည် နွေရာသီအိုလံပစ်ပြိုင်ပွဲ သုံးခုတွင် ရွှေတံဆိပ် ၆ ခု အပါအဝင် အိုလံပစ်ဆုတံဆိပ် ၁၄ ခုအား စံချိန်တင်ဆွတ်ခူးထားသည့် ဩစတြေးလျ ရေကူးအားကစားမယ်တစ်ဦးဖြစ်သည်။ (Xinhua)


…………………….
(English Version)
Hamstring injury to sideline Vinicius Jr for three weeks
Real Madrid will be without their Brazilian winger, Vinicius Jr for Wednesday’s vital Champions League visit to play Liverpool after confirming on Monday that he suffered a hamstring during Sunday’s 3-0 win away to Leganes.
Vinicius will now miss matches against Getafe, Athletic Club Bilbao, Girona and Rayo Vallecano in La Liga and against Atalanta in the Champions League.
…..
Leicester City sacks coach Cooper
Leicester City sacked coach Steve Cooper on Sunday after just 12 games in charge.
Leicester won two of Cooper’s 12 games at the helm, drawing four and losing six. The former Nottingham Forest boss leaves with the recently promoted club sitting in 16th place in the Premier League after Saturday’s 2-1 defeat at home to Chelsea, who is now coached by Cooper’s predecessor in Leicester, Enzo Maresca.
…..
China sweeps singles titles at 2024 WTT Finals
The 2024 World Table Tennis (WTT) Finals saw China’s Wang Chuqin and Wang Manyu claim men’s and women’s singles titles respectively here on Sunday.
In the men’s singles final, world No. 1 Wang Chuqin faced Japan’s Tomokazu Harimoto in a highly anticipated match. Wang started the match with a flawless opening game, scored 10 consecutive points to take the game 11-2. Although Harimoto regained his rhythm in the second game, he struggled to find his footing against Wang’s relentless offense and lost 11-8. Wang maintained his momentum, taking the next two games 11-7 and 11-5 for a 4-0 victory.
The women’s singles final featured an intense all-Chinese battle between Wang Manyu and Chen Xingtong. The pair had faced each other four times this season, with Wang winning all their previous encounters.
…..
Australia’s most decorated Olympian McKeon retires from competitive swimming
The most decorated Olympian in Australian history, Emma McKeon, on Monday announced her retirement from competitive swimming effective immediately. McKeon owns an Australian record of 14 Olympic medals, including six golds, across three Summer Olympic Games.