Connect with us

Asia

မြောက်ကိုရီးယား-ရုရှား《ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု သဘောတူစာချုပ်》တရားဝင် အသက်ဝင်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် (KCNA) သတင်းအေဂျင်စီ ထုတ်ပြန်

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းနှင့် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်တို့《ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု သဘောတူစာချုပ်》ကို ဇွန်လ ၁၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြစဉ် (ဆင်ဟွာ/ KCNA)

ဆိုးလ်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနှင့် ရုရှားတို့သည် ရုရှားနိုင်ငံ မော်စကိုမြို့၌ နှစ်နိုင်ငံကြား《ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု သဘောတူစာချုပ်》အတည်ပြုစာများ လဲလှယ်သည့်အခမ်းအနားကို ဒီဇင်ဘာ ၄ ရက်တွင် ကျင်းပခဲ့ပြီး သဘောတူစာချုပ်သည် အတည်ပြုစာများ လဲလှယ်သည့်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း KCNA ၏ ဒီဇင်ဘာ ၅ ရက် ဖော်ပြချက်အရ သိရသည်။
၂၀၀၀ ပြည့်နှစ်တွင် နှစ်နိုင်ငံ ချုပ်ဆိုခဲ့သော 《မြောက်ကိုရီးယား-ရုရှား ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းကောင်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်》သည် အကျုံးမဝင်တော့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ယခုနှစ် ဇွန်လတွင် မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းနှင့် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်တို့သည် ပြုံယမ်းမြို့တွင် 《ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု သဘောတူ စာချုပ်》ကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။ (Xinhua)
………………………………….
(Chinese Version)
朝中社:朝俄《全面战略伙伴关系条约》正式生效
新华社首尔12月5日电 据朝中社5日报道,朝鲜与俄罗斯4日在俄首都莫斯科举行两国《全面战略伙伴关系条约》批准书换书仪式,条约从交换批准书当日起生效。
报道说,两国2000年签订的《朝俄友好睦邻合作条约》由此失效。
今年6月,朝鲜劳动党总书记、国务委员长金正恩与俄罗斯总统普京在平壤签署了《全面战略伙伴关系条约》。
图说:6月19日,朝鲜劳动党总书记、国务委员长金正恩与俄罗斯总统普京在平壤签署《全面战略伙伴关系条约》。新华社/朝中社