China
တရုတ်နိုင်ငံ၏ အဝေးပြေးလမ်းဝန်ဆောင်မှုဧရိယာ ၉၇ ရာခိုင်နှုန်းတွင် အားသွင်းတိုင်များ တပ်ဆင်ထား
ပေကျင်း၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံရှိ အဝေးပြေးလမ်းဝန်ဆောင်မှုဧရိယာ ၅,၈၀၀ ကျော်တွင် အားသွင်းတိုင်များ တည်ဆောက်ပြီးဖြစ်ကာ နိုင်ငံအတွင်းရှိ အဝေးပြေးလမ်းဝန်ဆောင်မှုနေရာ စုစုပေါင်း၏ ၉၇ ရာခိုင်နှုန်း လွှမ်းခြုံမှုရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၇ ရက်၌ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံတွင် နိုဝင်ဘာလကုန်ပိုင်းအထိ အဝေးပြေးလမ်းဝန်ဆောင်မှုဧရိယာများ၌ အားသွင်းတိုင် ၃၃,၀၀၀ တိုင် တပ်ဆင်ထားပြီးဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကထက် အရေအတွက် ၁၂,၀၀၀ တိုင် ပိုများလာခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Li Yang က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ (Xinhua)
……………………..
(English Version)
97 pct of China’s expressway service areas equipped with charging piles: transport ministry
BEIJING, Dec. 27 (Xinhua) — China has built charging piles in over 5,800 expressway service areas, covering 97 percent of the country’s total, said the Ministry of Transport on Friday. As of the end of November, China has installed 33,000 charging piles in expressway service areas, marking an increase of 12,000 from the end of 2023, said Vice Minister Li Yang during a press conference.
Photo: Electric vehicle (EV) charging piles are seen in a highway service area in Taiyuan, north China’s Shanxi Province, July 12, 2024. (Xinhua)