Connect with us

Politics, Law & Military

အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် (BFA)၂၀၂၅ တွင် ကမ္ဘာ့အခင်းအကျင်းပြောင်းလဲမှုနှင့် အာရှ အနာဂတ်ကို အဓိကထားဆွေးနွေးမည်

၂၀၂၄ ခုနှစ် လုပ်ငန်းရှင်များ ဘိုးအောက်ဖိုရမ် အခမ်းအနားမြင်ကွင်းအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ်(BFA)၂၀၂၅ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးကို မတ် ၂၅ ရက်မှ ၂၈ ရက်အထိ တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဘိုးအောက်မြို့၌ “ကမ္ဘာ့အခင်းအကျင်း အပြောင်းအလဲများကြားက အာရှအနာဂတ်ကို အတူတကွ ဖန်တီးမည်” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပမည် ဖြစ်ကြောင်း အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ်(BFA)အတွင်းရေးမှူးချုပ် ကျန်းကျွင်းက ဇန်နဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။
အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ်(BFA)၂၀၂၅ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး သတင်းစာရှင်းလင်းပွဲကို ယင်းနေ့က ပေကျင်းမြို့၌ ကျင်းပခဲ့သည်။

ကျန်းကျွင်းက မျက်မှောက် ကမ္ဘာ့အခင်းအကျင်းသည် အကြီးစား ပြုပြင်ပြောင်းလဲမှု၊ ပြန်လည်ပြင်ဆင်မှုများကို ဖြတ်သန်းရလျက်ရှိရာ နိုင်ငံတကာစနစ် ပြန်လည်ပုံသွင်းသည့် အရေးကြီး အသွင်ပြောင်းကာလတွင် ရှိပါကြောင်း ပြောကြားခဲ့သည်။ အာရှတိုက်သည် ကမ္ဘာ့စီးပွားရေးတိုးတက်မှု၏ အဓိကတွန်းအားအနေဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်၍ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ရန် နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ဖိုရမ်ရဲ့ ဒီနှစ်ခေါင်းစဉ်က ‘ကမ္ဘာ့အခင်းအကျင်းပြောင်းလဲမှုနှင့် အာရှ အနာဂတ်ကို အတူတကွ ဖန်တီးမည်’ ဖြစ်ပြီး နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ခိုင်မာစွာလက်ကိုင်ထားကာ တံခါးဖွင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန်၊ အာရှဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်တဲ့ တစ်ချိန်တည်းမှာပဲ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို အတူတကွ ရင်ဆိုင်ရန်၊ ကုလသမဂ္ဂအနာဂတ်ထိပ်သီးအစည်းအဝေးရလဒ် အကောင်အထည်ဖော်ရေး တွန်းအားပေးပြီး အနာဂတ်ကို လက်တွဲအတူဖန်တီးကာ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန် တည်ဆောက်ရန် ရည်ရွယ်ခြင်း ဖြစ်ပါတယ်” ဟု ကျန်းကျွင်းက ပြောကြားခဲ့သည်။

ကျန်းကျွင်းက ဖိုရမ်ကို ကဏ္ဍ ၄ ခုဖြင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့မှာ အခြေအနေကြီးကို အမိအရ ဆုပ်ကိုင်၍ ကမ္ဘာ့အပြောင်းအလဲ အခင်းအကျင်းတွင် ယုံကြည်မှု ပြန်လည်တည်ဆောက်၍ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ တိုးတက်မှုကို မြှင့်တင်ပြီး ကမ္ဘာ့အသွင် ထပ်မံဟန်ချက်ညီရေးကို တွန်းအားပေး၍ အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရန်၊ အနာဂတ်ကို ပုံသွင်း၍ စဉ် ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ကို အရှိန်မြှင့်တင် ဖော်ဆောင်ကာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ပိုမိုကောင်းမွန်စွာ ရင်ဆိုင်ဖြေရှင်းသွားရန်၊ မောင်းနှင်အားကို ရှာဖွေ၍ ဉာဏ်ရည်တုစွမ်းရည် အသုံးချမှုနှင့် စီမံခန့်ခွဲမှုကို မြှင့်တင်၍ ဆန်းသစ်ဖွံ့ဖြိုးရေးကို တွန်းအားပေးရန် ဟူ၍ ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————-

博鳌亚洲论坛2025年年会将聚焦世界变局与亚洲未来

新华社北京1月8日电(记者唐诗凝、谢希瑶)博鳌亚洲论坛秘书长张军8日说,博鳌亚洲论坛2025年年会将于3月25日至28日在海南博鳌举行,主题为“在世界变局中共创亚洲未来”。
博鳌亚洲论坛2025年年会新闻发布会当日在北京举行。张军表示,当今世界格局正在经历大变革大调整,处在国际秩序重塑的重要过渡期转型期。亚洲作为全球经济增长的主要动力,要同国际社会一道努力,加强团结合作,共同应对挑战。
“论坛今年年会的主题确定为‘在世界变局中共创亚洲未来’,旨在坚持多边主义,推动开放发展,在聚焦亚洲发展的同时,共同应对全球挑战,推动落实联合国未来峰会成果,携手共创未来,构建人类命运共同体。”张军说。
张军表示,论坛年会将围绕四大方向设置议题。分别是:把握大势,在世界大变局中重建信任,促进合作;促进增长,推动全球化再平衡,实现包容性发展;塑造未来,加快落实可持续发展目标,更好应对全球性挑战;发掘动力,加强人工智能应用与治理,推动创新发展。
1. 这是2024企业家博鳌论坛主论坛现场(2024年12月3日摄)。新华社记者 郭程 摄