Connect with us

Africa & Middle East

ဆီးရီးယားခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးရန် လက်ဘနွန် ယာယီဝန်ကြီးချုပ် ဒမတ်စကပ်စ်သို့ သွားရောက်

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ်မြို့တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက်၌ တွေ့ဆုံစဉ်အတွင်း လက်ဘနွန်နိုင်ငံ၏ ယာယီဝန်ကြီးချုပ် နာဂျစ် မီကာတီ (ဝဲ) နှင့် ဆီးရီးယားနိုင်ငံ၏ လက်ရှိခေါင်းဆောင် အာမက် အယ်လ်-ရှာရာတို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဓာတ်ပုံ- Syria's interim Foreign MinistryXinhua)

လက်ဘနွန်နိုင်ငံ၏ ယာယီဝန်ကြီးချုပ် နာဂျစ် မီကာတီသည် ဆီးရီးယားနိုင်ငံ၏ လက်ရှိခေါင်းဆောင်ဖြစ်သူ အာမက် အယ်လ်-ရှာရာနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ဒမတ်စကပ်စ်မြို့သို့ ဇန်နဝါရီ ၁၁ ရက်၌ ရောက်ရှိလာခဲ့ရာ ယင်းသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း လက်ရှိတာဝန်ထမ်းဆောင်နေသော လက်ဘနွန် ဝန်ကြီးချုပ်တစ်ဦး ဆီးရီးယားသို့ ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဥ်ဖြစ်သည်ဟု ဆီးရီးယား အွန်လိုင်းသတင်းစာ အယ်လ်-ဝါတန်၏ ဖော်ပြချက်အရ သိရသည်။

ယာယီဝန်ကြီးချုပ် မီကာတီနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး အက်ဘ်ဒါလာ ဘူဟာဘစ်နှင့် လုံခြုံရေးဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူများ ပါဝင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် လက်ဘနွန် အရပ်ဘက်လေယာဉ်ဖြင့် ဒမတ်စကပ်စ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သော သီတင်းပတ်က တယ်လီဖုန်းပြောဆိုမှုအတွင်း အယ်လ်-ရှာရာက တရားဝင် ဖိတ်ကြားခဲ့ပြီးနောက် ယခုခရီးစဉ် ပေါ်‌ပေါက်လာခြင်းလည်းဖြစ်သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0oQ
…………………………………………………………………..
(English Version)
Lebanese caretaker PM visits Damascus for talks with Syria’s de facto leader
Lebanon’s caretaker Prime Minister Najib Mikati arrived in Damascus on Saturday for talks with Syria’s de facto leader, Ahmed al-Sharaa, marking the first visit by a sitting Lebanese premier to Syria in over a decade, Syrian Al-Watan Online newspaper reported.
Mikati, accompanied by a senior delegation including Foreign Minister Abdallah Bou Habib and top security officials, landed at Damascus International Airport aboard a Lebanese commercial flight. The visit follows a formal invitation from al-Sharaa, extended during a phone call last week. xhtxs.cn/0oQ
English Caption
Lebanon’s caretaker Prime Minister Najib Mikati (L) shakes hands with Ahmed al-Sharaa, Syria’s de facto leader, during a meeting in Damascus, Syria, on Jan. 11, 2024. (Syria’s interim Foreign MinistryXinhua)