Connect with us

China

အဝေးပြေးလမ်းတွင် မောင်းသူမဲ့ထရပ်ကားအုပ်စုလိုက် အလိုအလျောက် စမ်းသပ်မောင်းနှင်မည်ဟု တရုတ်ကုမ္ပဏီ ကြေညာ

ပေကျင်း၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မောင်းသူမဲ့ယာဉ်မောင်းနှင်ခြင်းနည်းပညာတီထွင်သူ Pony.ai က နိုင်ငံအတွင်း ပထမဆုံးအဖြစ် မောင်းသူမဲ့ထရပ်ကားအုပ်စုလိုက် အဝေးပြေးလမ်းပေါ်တွင် ကနဦးစမ်းသပ်မောင်းနှင်မှုအတွက် ခွင့်ပြုချက် ရရှိပြီဖြစ်ကြောင်း ဇန်နဝါရီ ၁၃ ရက်၌ ကြေညာခဲ့သည်။ မောင်းသူမဲ့ယာဉ်များ ဦးဆောင်သော အဆိုပါ ကားအုပ်စုသည် ပေကျင်း-ထျန်းကျင်း- Tanggu အဝေးပြေးလမ်းပေါ်တွင် အလိုအလျောက်မောင်းနှင်ကာ ကုန်တင်ဝန်ဆောင်မှု စတင်ပြီဖြစ်သည်။
Pony.ai ၏ မောင်းသူမဲ့ထရပ်ကားများသည် ပေကျင်းမြို့နှင့် တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ကြား ကုန်စည်များကို နေ့စဉ် သယ်ယူပို့ဆောင်ပေးလျက်ရှိရာ အဆိုပါ လမ်းကြောင်းပေါ်တွင် အမှန်တကယ် ကုန်တင်ပစ္စည်းမှာယူမှု TEUs ၅၀၀ နီးပါး ပို့ဆောင်ခဲ့ပြီးဖြစ်သလို မောင်းသူမဲ့ယာဉ်မောင်းနှင်မှုခရီးအကွာအဝေး ကီလိုမီတာ ၄၅,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း Nasdaq စာရင်းဝင် နည်းပညာကုမ္ပဏီထံမှ သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0sy


……………………………………..
(English Version)
Chinese firm launches expressway unmanned truck platoon self-driving testing
BEIJING, Jan. 14 (Xinhua) — China’s autonomous driving technology developer, Pony.ai, announced on Monday that the firm had been granted permission to initiate expressway testing of unmanned truck platoons, the first such testing in China. The platoons, led by manned vehicles, start self-driving freight-service testing on the Beijing-Tianjin-Tanggu expressway.
Pony.ai’s autonomous trucks, which transport goods daily between Beijing and Tianjin in the north of China, have delivered nearly 500 TEUs (standard container units) of real freight orders and accumulated over 45,000 km of autonomous driving mileage on this route, according to the Nasdaq-listed tech firm. xhtxs.cn/0sy