Connect with us

Politics, Law & Military

ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နှင့် KNPPတို့ NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် အလွတ်သဘော ဆွေးနွေး

ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တို့သည် တွေ့ဆုံဆွေးနွေးစဉ်(ဓာတ်ပုံ- ငြိမ်းချမ်းရေးကော်မရှင်)

ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ)

ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တို့သည် NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်း၌ အလွတ်သဘော ဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်က ထုတ်ပြန်သော သတင်းအရသိရသည်။

အဆိုပါ နှစ်ဖွဲ့သည် ပစ်ခတ်တိုက်ခက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် ပါဝင်လက်မှတ်ရေး ထိုးနိုင်ရေးအတွက် အလွတ်သဘော ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် မတ်လ (၇)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ယင်း ဆွေးနွေးပွဲသို့ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)၊ ဒုတိယဗိုလ်ချုပ် ကြီး အောင်ကျော်ဇော၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် ငြိမ်းချမ်းရေးကော်မရှင်မှ တာဝန်ရှိသူများနှင့် KNPP မှ ဒုတိယဥက္ကဋ္ဌ ခူးဦးရယ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက် ဆွေးနွေးကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117