Europe
ပူတင်အနေဖြင့် လိုအပ်မည်ဆိုလျှင် ဇယ်လန်းစကီးနှင့် ဆွေးနွေးရန် အသင့်ရှိဟု ကရင်မလင်နန်းတော် ပြောကြား

မော်စကို၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)
ရုရှားသမ္မတ ဗလာတီမာ ပူတင်အနေဖြင့် အခြေအနေအရ လိုအပ်မည်ဆိုလျှင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့် ဆွေးနွေးမှုများပြုလုပ်ရန် အသင့်ရှိနေဆဲဖြစ်ကြောင်း ကရင်မလင်နန်းတော် ပြောခွင့်ရသူ ဒီမီထရီ ပက်စကော့ဗ်က ဖေဖော်ဝါရီ ၁၈ ရက်၌ ပြောကြားခဲ့သည်။
ရုရှားနိုင်ငံက ယူကရိန်း ပဋိပက္ခအား ငြိမ်းချမ်းစွာဖြေရှင်းနည်းကို ရှာဖွေရန် မူလအစကတည်းကပင် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ကြောင်း ပက်စကော့ဗ်က ပြောကြားခဲ့သည်ဟု TASS သတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။
လုံခြုံရေးအရ အလေးထားစရာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခြင်းမပြုဘဲ ယူကရိန်း ပဋိပက္ခအား ရေရှည်ပြေငြိမ်းအောင် လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်းလည်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။
“ဥရောပရဲ့ လုံခြုံရေးဗိသုကာအဖြစ်နဲ့ အဲဒီဒေသရဲ့ လုံခြုံရေးကိစ္စရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ပြီးပြည့်စုံတဲ့ ဖြေရှင်းနည်းတစ်ရပ်၊ ရေရှည်တည်တံ့ပြီး အလားအလာကောင်းတဲ့ ဖြေရှင်းနည်းတစ်ရပ် ဖြစ်နိုင်မှာမဟုတ်ပါဘူး” ဟု ပက်စကော့ဗ်က ဆိုသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1g3
…………………………………………………………………
(English Version)
Kremlin says Putin ready to hold talks with Zelensky if necessary
MOSCOW, Feb. 18 (Xinhua) — Russian President Vladimir Putin remains ready to hold negotiations with Ukrainian President Volodymyr Zelensky if necessary, Kremlin Spokesman Dmitry Peskov said Tuesday.
Russia has been committed to finding a peaceful resolution to the Ukrainian conflict from the very beginning, Peskov was quoted by TASS news agency as saying.
He stressed that a long-term settlement of the Ukrainian conflict cannot be achieved without addressing security concerns.
“As for the security architecture in Europe, of course, a comprehensive settlement, a long-term and viable settlement is impossible without a comprehensive consideration of security issues on the continent,” Peskov said. ■
English Caption
File photo taken on Dec. 19, 2019 shows Kremlin spokesman Dmitry Peskov at a press conference in Moscow, Russia. (Xinhua/Evgeny Sinitsyn)