Connect with us

Africa & Middle East

နောက်တစ်ကြိမ်စစ်ပွဲကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရမည်ဟု အစ္စရေးကာကွယ်ရေး ဝန်ကြီးကဆို

အစ္စရေးကာကွယ်ရေးဝန်ကြီး Avigdor Liebermanအား မြူးနစ်လုံခြုံရေးအစည်းအဝေးတွင် တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလင် ၊ မတ်လ ၂၆ ရက်(ဆင်ဟွာ)

အီရန်က ဆီးရီးယားတွင် စစ်သုံးအဆောက်အအုံပစ္စည်းများ တည်ဆောက်တပ်ဆင်ခြင်းကို အစ္စရေးက ခွင့်ပြု မည်မဟုတ်ကြောင်း၊ အစ္စရေးကလည်း မြောက်ပိုင်းအန္တရာယ် နောင်စစ်ပွဲကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ကိုလုပ်မည်ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး Avigdor Lieberman က မတ်လ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

Lieberman က ဂျေရုဆလင်၌ ကျင်းပသော အစ္စရေးနေ့စဉ်ထုတ်သတင်းစာ Yedioth Ahronothမှ ကြီးမှုး ကျင်းပသည့်အစည်းအဝေးတစ်ခုတွင် ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းက အစ္စရေးသည် အီရန် အနုမြူ လက်နက်ပိုင်ဆိုင်ခြင်းနှင့် ဆီးရီးယားတွင် စစ်သုံးအဆောက်အအုံပစ္စည်းများ တည်ဆောက်တပ်ဆင်ခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း အလေးအနက်ထားထုတ်ဖော်ပြောကြားခဲ့သည်။ မြောက်ပိုင်းဒေသ ကာကွယ်ရေး ဆိုင်ရာ တည်ဆောက်မှုကို တိုးမြှင့်ရန်အတွက် နောင်လာမည့် ၅ နှစ်တာ ကာလအတွင်း အစ္စရေးအစိုးရမှ နှစ်စဉ် အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၈၆ သန်း အသုံးပြုမည်ဟု လည်းဆိုပါသည်။

အီရန်က ဆီးရီးယားအစိုးရကို အားပေးအားမြှောက်ပြုခြင်း၊ လက်ဘနွန် Hezbollah ပါတီ နှင့် HAMAS အဖွဲ့အစည်းတို့ကို ကူညီထောက်ပံ့ခြင်းဖြင့် အာဏာကြီးထွားအောင်လုပ်ဆောင်ပြီး ဒေသတွင်းအခြေအနေ ဆိုးဝါးအောင်နေခြင်းဖြစ်ကြောင်း၊ အီရန်က ဆီးရီးယားတွင် စစ်သုံးအဆောက်အအုံပစ္စည်းများ တည်ဆောက် တပ်ဆင်ခြင်းကလည်း အစ္စရေးလုံခြုံရေးအတွက် အန္တရာယ်ဖြစ်စေသည်ဟု အစ္စရေးအစိုးရက စွပ်စွဲပြောဆို ထားသည်။

ထိုသို့မပြောကြားမီ ကာကွယ်ရေးဝန်ကြီး Lieberman က အရှေ့အလယ်ပိုင်းဒေသလုံခြုံရေးများ အလွန် အားနည်းနေကြောင်း ၊ မြောက်ပိုင်းတွင် ဆီးရီးယားနှင့်လက်ဘနွန် Hezbollah ပါတီ၏ အန္တရာယ်၊ တောင်ပိုင်း တွင် ဂါဇာ(Gaza)ဒေသတစ်လျှောက်ရှိ HAMAS အဖွဲ့အစည်းတို့၏အန္တရာယ်ကို ရင်ဆိုင်ရမည်ဖြစ်ရာ နောင်ဖြစ်လာမည့်စစ်ပွဲကို ရင်ဆိုင်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ရန်မှာ အလွန်အရေးကြီးကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.