China
စားပွဲတင်တင်းနစ် အာရှဖလား ပြိုင်ပွဲတွင် စွန်းရင်ဆား၊ ဝမ်ချူချင်းတို့ ပြိုင်ပွဲ ၃ ခုလုံးတွင် အနိုင်ရ၊ တရုတ် စားပွဲတင်တင်းနစ်အသင်းမှ ၁၂ ဦးလုံး နောက်တစ်ဆင့်သို့ တက်ရောက်ခဲ့

ဆန်းကျန့်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)
၃၄ ကြိမ်မြောက် ITTF-ATTU အာရှဖလား၏ အုပ်စုအဆင့်ပြိုင်ပွဲမှာ ဖေဖော်ဝါရီ ၂၁ ရက်က ပြီးဆုံးခဲ့ရာ စွန်းရင်ဆား၊ ဝမ်ချူချင်း စသည့် နာမည်ကျော် ကစားသမားအများအပြားသည် ပြိုင်ပွဲ ၃ ခုလုံးတွင် အနိုင်သိမ်းပြီး ပါဝင်ယှဉ်ပြိုင်သည့် တရုတ် စားပွဲတင်တင်းနစ်အသင်းမှ ၁၂ ဦးလုံးက ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
စွန်းရင်ဆားသည် အဆိုပါနေ့ပြိုင်ပွဲတွင် ကာတာ ကစားသမား Mohamed Aia နှင့် ယှဉ်ပြိုင်ခဲ့ရာ ၁၁-၅ ၊ ၁၁-၃ ၊ ၁၁-၃ အမှတ်များဖြင့် သက်သောင့်သက်သာ အနိုင်ရရှိခဲ့သည်။
“ပြိုင်ဘက်ရဲ့ အဆင့်က ဘယ်လိုပဲဖြစ်ပါစေ နောက်ပိုင်းမှာ ပိုများတဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့်ပွဲတွေရှိသေးတာမို့လို့ ပြိုင်ပွဲမှာ အမှတ် တစ်မှတ်တိုင်းကို အာရုံစိုက် ကစားနိုင်ဖို့ ကျွန်မမျှော်လင့်ပါတယ်”၊ “အုပ်စုအဆင့်ပြိုင်ပွဲကို ခြုံငုံပြောမယ်ဆိုရင် ကစားပုံက အတော်လေးပုံမှန်ပါပဲ၊ ကစားကွင်းကို အသားကျတာ အပါအဝင်၊ ကွင်းအတွင်း ဝန်းကျင်ကလည်း ပိုပြီး ကောင်းလာတယ်၊ ဒုတိယအဆင့်မှာလည်း ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ နောက်ပိုင်းအဆင့်မှာ တစ်နေ့ကို နှစ်ပွဲကစားနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနှင့် အနားယူမှုကို ကောင်းကောင်း ထိန်းသိမ်း ချိန်ညှိရမှာဖြစ်တယ်” ဟု စွန်းရင်ဆားက ပြောကြားခဲ့သည်။
ညပွဲတွင် ယှဉ်ပြိုင်ကစားခဲ့သည် ဝမ်ချူချင်းကလည်း ကာတာ ကစားသမားနှင့် ယှဉ်ပြိုင်ခဲ့ပြီး ၎င်းက ၁၁-၂ ၊ ၁၁-၈ ၊ ၁၁-၇ အမှတ်များဖြင့် Ahmed Korani ကို အနိုင်ရရှိခဲ့သည်။ ထို့အပြင် အမျိုးသား တစ်ဦးချင်း ကမ္ဘာ့ချန်ပီယံ လျင်ရှီးတုန့်၊ ဝမ်မန့်ယွိ၊ လျင်ကောင်းယွမ်၊ ခွိုင်မန့် စသည်တို့လည်း ၃ ပွဲဆက်တိုက် အနိုင်သိမ်းခဲ့သည်။
အဆိုပါနေ့ ညပိုင်းတွင် ရှုံးထွက်ပွဲ ယှဉ်ပြိုင်ရန် အုပ်စုမဲခွဲခဲ့သည်။ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် တရုတ် စားပွဲတင်တင်းနစ်အသင်းမှ ၆ ဦးလုံးသည် ပြည်ပအသင်းအဖွဲ့များမှ ကစားသမားများနှင့် ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။ စွန်းရင်ဆားနှင့် တောင်ကိုးရီးယားအသင်းမှ Lee Eunhye ၊ တစ်နေရာတည်းမှာပင် တောင်ကိုးရီးယားအသင်းမှ Kim Nayeong နှင့် ဂျပန်အသင်းမှ Miwa Harimoto ၊ ရှီရွှင်ရောင်နှင့် ဂျပန်အသင်းမှ Mima Ito ၊ တစ်နေရာတည်းမှာပင် ချိန်ရှင်းထုန် နှင့် ဂျပန်အသင်းမှ Hina Hayata ၊ ဝမ်ရိသီ နှင့် တောင်ကိုးရီးယားအသင်းမှ Shin Yu-bin ၊ တစ်နေရာတည်းမှာပင် ခွိုင်မန့် နှင့် ထိုင်ဝမ်အသင်းမှ ကျန်ထုန်ကျွမ်၊ ဝမ်မန့်ယွိ နှင့် တောင်ကိုးရီးယားအသင်းမှ Suh Hyowon ၊ တစ်နေရာတည်းမှာပင် ကျိန့်ရီကျင့် နှင့် ဂျပန်အသင်းမှ Satsuki Odo တို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ပြိုင်ပွဲချန်ပီယံဟောင်းနှစ်ဦးဖြစ်သည့် လျင်ကောင်းယွမ်နှင့် ဂျပန်အသင်းမှ Tomokazu Harimoto တို့တွေ့ဆုံကြမည်ဖြစ်ပြီး တစ်နေရာတည်းမှာပင် လျန်ကျင့်ခွန် နှင့် တောင်ကိုးရီးယားအသင်းမှ Jang Woo-jin ၊ လျင်ရှီးတုန့် နှင့် ထိပ်တန်း အဆင့် ၁၆ သို့ ခက်ခက်ခဲခဲတက်လာသော အသင်းဖော် ချိန်ယွမ်ယွီ၊ တစ်နေရာတည်းမှာပင် ဂျပန်အသင်းမှ Yukiya Uda နှင့် တောင်ကိုရီးယားအသင်းမှ An Jaehyun ၊ ဝမ်ချူချင်း နှင့် ထိုင်ဝမ်အသင်းမှ ကောင်းချိန်လွေ့၊ တစ်နေရာတည်းမှာပင် ဂျပန်အသင်းမှ Shunsuke Togami နှင့် Hiroto Shinozuka ၊ ဟွမ်ရိုကျိန့် နှင့် တောင်ကိုရီးယားအသင်းမှ Cho Dae-seong၊ တစ်နေရာတည်းမှာပင် ဂျပန်အသင်းမှ Sora Matsushima နှင့် တရုတ်ထိုင်ဝမ်အသင်းမှ လျင်ကျွင်းရူ တို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ (Xinhua)

၃၄ ကြိမ်မြောက် ITTF-ATTU အာရှဖလား အမျိုးသားတစ်ဦးချင်း အုပ်စုအဆင့်ပြိုင်ပွဲတွင် ၃-၀ အမှတ်ဖြင့် ကာတာ ကစားသမား Ali Alkhadrawi ကို အနိုင်ရရှိကာ ထိပ်တန်း အဆင့် ၁၆ သို့တက်ရောက်ခဲ့သော တရုတ်အသင်းမှ လျင်ရှီးတုန့်ကို ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………….
(Chinese Version)
乒乓球亚洲杯:孙颖莎、王楚钦3战全胜 国乒12人悉数晋级
新华社深圳2月21日电(记者郑直、胡佳丽)第34届国际乒联-亚乒联盟亚洲杯21日结束小组赛阶段比赛,孙颖莎、王楚钦等多位名将均3战全胜收官,参赛的国乒12人悉数晋级八分之一决赛。
孙颖莎在当日比赛中对阵卡塔尔选手艾拉·穆罕默德,以11:5、11:3、11:3轻松获胜。
“不论对手的水平,还是希望自己在比赛当中专注每一分,因为后边还有更多对抗的比赛。”孙颖莎说,“小组赛整体来说发挥还比较正常,包括对场馆的适应,现场的氛围也是越来越好,也希望自己第二阶段有更好的表现。后期可能一日两赛,体能和休息要去储备调整好。”
晚场登场的王楚钦同样对阵卡塔尔选手,他以11:2、11:8、11:7击败艾哈迈德·科兰尼。此外,男单世界第一林诗栋、王曼昱、林高远、蒯曼等也均以三连胜收官。
当晚进行了八分之一决赛的对阵抽签。女单方面,国乒6人均对战外协会选手,孙颖莎对阵李恩惠,同区金娜英对阵张本美和;石洵瑶对阵伊藤美诚,同区陈幸同对阵早田希娜;王艺迪对阵申裕斌,同区蒯曼对阵简彤娟;王曼昱对阵徐孝元,同区郑怡静对阵大藤沙月。
男单方面,林高远与张本智和两位前赛事冠军狭路相逢,同区梁靖崑对阵张禹珍;林诗栋对阵惊险晋级16强的队友陈垣宇,同区宇田幸矢对阵安宰贤;王楚钦对阵高承睿,同区户上隼辅对阵篠塚大登;黄友政对阵赵大成,同区松岛辉空对阵林昀儒。(完)
图说:2月21日,孙颖莎在比赛中。当日,在第34届国际乒联-亚乒联盟亚洲杯乒乓球赛女子单打小组赛中,中国选手孙颖莎3:0战胜卡塔尔选手艾拉·穆罕默德,晋级16强。新华社记者毛思倩摄
图说:2月21日,林诗栋在比赛中。当日,在第34届国际乒联-亚乒联盟亚洲杯乒乓球赛男子单打小组赛中,中国选手林诗栋3:0战胜沙特选手阿里·阿尔哈德拉维,晋级16强。新华社记者毛思倩摄