Connect with us

International Organizations

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— အာဆင်နယ်က ဝက်စ်ဟမ်းအား အိမ်ကွင်း၌ ရှုံးနိမ့်ခဲ့သဖြင့် ပရီးမီးယားလိဂ်ဆုဖလား မျှော်လင့်ချက်အတွက် အဟန့်အတားဖြစ်လာ

ဖေဖော်ဝါရီ ၂၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် အာဆင်နယ်က ဝက်စ်ဟမ်းအား အိမ်ကွင်း၌ ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းကြောင့် အာဆင်နယ်၏ ချန်ပီယံမျှော်လင့်ချက်များကို ကြီးကြီးမားမား အဟန့်အတားဖြစ်စေခဲ့သည်။

ပွဲချိန် ၄၄ မိနစ်တွင် ဝက်စ်ဟမ်းအသင်းမှ ဂျာရက်ဒ် ဘိုဝင်က ဝမ်ဘစ်ဆာကာ၏ ဖြတ်တင်ဘောမှတစ်ဆင့် တစ်လုံးတည်းသော အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့သဖြင့် ဝက်စ်ဟမ်းအသင်းမှာ နည်းပြဂရေဟမ်ပေါ်တာ လက်ထက်တွင် ဒုတိယမြောက် ပရီးမီးယားလိဂ်နိုင်ပွဲကို ရယူနိုင်ခဲ့သည်။ အဆိုပါပွဲစဉ်တွင် ဝက်စ်ဟမ်းအသင်း၏ ခံစစ်ကစားပုံ ကျစ်လျစ်မာကျောမှုက နည်းပြပေါ်တာအဖို့ စိတ်ကျေနပ်စရာဖြစ်သော်လည်း အာဆင်နယ်အသင်းမှာ ပွဲချိန် ၇၃ မိနစ်တွင် မီလက်စ် လူးဝစ္စ စကယ်လီ ထုတ်ပယ်ခံရပြီးနောက် အကောင်းဆုံး ခြေစွမ်းအောက် သိသိသာသာ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အနေဖြင့် ရှုံးပွဲကြုံတွေ့ခဲ့သဖြင့် ဖေဖော်ဝါရီ ၂၃ ရက်တွင် မန်ချက်စတာစီးတီးနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမည့် အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးလ်နှင့် ၈ မှတ် ကွာဟလျက်ရှိသည်။

မန်ချက်စတာယူနိုက်တက်ကမူ အဲဗာတန်အား နှစ်ဂိုးပြတ် ရှုံးနိမ့်နေသော်လည်း နောက်မှလိုက်ကစားကာ ချေပဂိုးများ ပြန်လည်သွင်းယူနိုင်ခဲ့ပြီး အဆိုပါပွဲစဉ်မှာ စိတ်လှုပ်ရှားစရာများနှင့် ပြည့်နှက်နေခဲ့သလို ပွဲချိန်နှောင်းပိုင်းတွင်လည်း အဲဗာတန်အသင်း ရရှိမည့် ပင်နယ်တီအား ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်၍ ပယ်ဖျက်ခဲ့သဖြင့် အငြင်းပွားမှုများရှိခဲ့သည်။။ အဲဗာတန်အတွက် ဦးဆောင်ဂိုးများကို ပွဲချိန် ၁၉ မိနစ်တွင် ဘီတိုကလည်းကောင်း၊ ပွဲချိန် ၃၃ မိနစ်တွင် အက်ဘ်ဒူလာယီ ဒူကူရီကလည်းကောင်း အသီးသီးသွင်းယူခဲ့သည်။
မန်ချက်စတာယူနိုက်တက်အတွက် ချေပဂိုးများကို ပွဲချိန် ၇၇ မိနစ်တွင် ဘရူနို ဖာနန်ဒက်စ်က အလွတ်တည်ကန်ဘောမှလည်းကောင်း၊ သုံးမိနစ်အကြာတွင် မန်နျူရယ် အူဂါတေးက အပြင်းကန်ချက်ဖြင့်လည်းကောင်း သွင်းယူခဲ့သည်။
…..
— လာလီဂါတွင် ဘာစီလိုနာက လက်စ်ပါမားစ်ကို အနိုင်ယူကာ အမှတ်ပေးဇယား၌ ဆက်လက်ဦးဆောင်

ဖေဖော်ဝါရီ ၂၂ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် ဘာစီလိုနာက လူစားဝင်ကစားသမားများဖြစ်သည့် ဒါနီ အိုလ်မို၊ ဖယ်ရန် တောရက်စ်တို့၏ ဒုတိယပိုင်း သွင်းဂိုးများဖြင့် လက်စ်ပါမားစ်အား အဝေးကွင်း၌ ၂-၀ ဂိုးဖြင့် အနိုင်ယူကာ အမှတ်ပေးဇယား၌ ဆက်လက်ဦးဆောင်လျက်ရှိသည်။
ဘာစီလိုနာအနေဖြင့် ပြိုင်ဘက်၏ ခပ်ကြမ်းကြမ်း ကစားပုံကြောင့် ပွဲကိုထိန်းချုပ်နိုင်ရန် ရုန်းကန်ခဲ့ရသော်လည်း ဒုတိယပိုင်းတွင် အိုလ်မို ဝင်ရောက်လာပြီးနောက် တိုက်စစ်ကစားပုံ ပိုမိုထိရောက်လာခဲ့သလို အသင်းအတွက် အဖွင့်ဂိုးကိုလည်း လာမင်း ယမားလ်၏ ပေးပို့မှုမှတစ်ဆင့် အိုလ်မိုက ဘယ်ခြေဖြင့် သွင်းယူခဲ့ခြင်းဖြစ်သည်။
…..
— ဘွန်ဒက်စ်လီဂါတွင် လေဗာကူဆင်က ဟိုလ်စတိန်းကီရယ်လ်အား အနိုင်ယူကာ အမှတ်ပေးဇယားဦးဆောင်သူ ဘိုင်ယန်မြူးနစ်ကို ဆက်လက်ဖိအားပေး
ဖေဖော်ဝါရီ ၂၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂၃ တွင် လက်ရှိချန်ပီယံ လေဗာကူဆင်က ဟိုလ်စတိန်းကီရယ်လ်အား ၂-၀ ဂိုးဖြင့် အနိုင်ယူကာ အမှတ်ပေးဇယားထိပ်ဆုံးမှ ဘိုင်ယန်မြူးနစ်၏ အနီးကပ်ဆုံး ပြိုင်ဘက်အဖြစ် ဆက်လက်ဖိအားပေးလျက်ရှိသည်။
ယခုရလဒ်ကြောင့် အမှတ်ပေးဇယားအောက်ဆုံးမှ ကီရယ်လ်အနေဖြင့် တန်းဆင်းရနိုင်သည့် အခြေအနေအတွက် ပိုမိုစိုးရိမ်စရာဖြစ်လာခဲ့ပြီး လေဗာကူဆင်မှာမူ ဘိုင်ယန်မြူးနစ်နှင့် ငါးမှတ်သာ ကွာဟသည့်အတွက် ဆုဖလား မျှော်လင့်ချက်များ ရှင်သန်နေဆဲဖြစ်သည်။
…..
— AFC ယူ-၂၀ အာရှဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွင် တရုတ်အသင်းက ဆော်ဒီအသင်းအား ရှုံးနိမ့်
၂၀၂၅ ခုနှစ် AFC ယူ-၂၀ အာရှဖလားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဆော်ဒီအသင်းက လူစားဝင်ကစားသမား အာမာ အယ်လ်ယူဟာဘီ၏ နောက်ဆုံးမိနစ်သွင်းဂိုးဖြင့် အိမ်ရှင် တရုတ်အသင်းအား အနိုင်ရရှိခဲ့သဖြင့် တရုတ်အသင်းမှာ ချီလီနိုင်ငံတွင် ကျင်းပမည့် ၂၀၂၅ ခုနှစ် ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခွင့်နှင့် လွဲချော်ခဲ့ရသည်။

ပွဲချိန် ၉၅ မိနစ်တွင် အယ်လ်ယူဟာဘီက တာလာ ဟာဂျီ၏ ဖြတ်တင်ဘောမှတစ်ဆင့် ထောင့်ကျဉ်းအနေအထားမှ ညာခြေဖြင့် ကန်သွင်း၍ အနိုင်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ တရုတ်အသင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၅၉ ရာခိုင်နှုန်းရှိကာ ပွဲကိုစိုးမိုးထားသော်လည်း လူငယ်ကစားသမားများအနေဖြင့် အခွင့်အရေးများကို အသုံးချနိုင်ခြင်း မရှိသလို ဒုတိယပိုင်းတွင် ပင်နယ်တီကန်သွင်းခွင့် ရရှိခဲ့သော်လည်း လွဲချော်ခဲ့သည်။ (Xinhua)

……………………………………………………………

———————————-

(English Version)
West Ham wins at Emirates Stadium to dent Arsenal’s Premier League hopes
Arsenal’s Premier League title hopes suffered a major setback following a 1-0 home loss to West Ham United on Saturday.
Jarrod Bowen’s diving header in the 44th minute from Aaron Wan-Bissaka’s cross gave Graham Potter just his second league win as West Ham coach. Potter should be pleased with his side’s solid defensive performance against an Arsenal team that was well below its best, especially after Myles Lewis-Skelly was sent off in the 73rd minute.
The defeat leaves Arsenal eight points behind Liverpool, who visits Manchester City on Sunday.
In a match filled with tension and late controversy, Manchester United staged a comeback after being 2-0 down away to Everton, who was denied a late penalty by VAR. Beto opened the scoring for Everton in the 19th minute, and Abdoulaye Doucoure doubled their lead in the 33rd minute with a close-range header following a blocked shot from Jack Harrison.
Everton looked comfortable until Bruno Fernandes curled in a free kick in the 77th minute and Manuel Ugarte leveled three minutes later with a powerful shot.
…..
Barca stays top in La Liga after win in Las Palmas while Atletico beats Valencia
Second half goals from substitutes Dani Olmo and Ferran Torres gave Barcelona a 2-0 win away to Las Palmas that keeps them top of La Liga.
Olmo came on at halftime after Barca had struggled to get into a game against an aggressive rival and soon made an impact when he controlled a pass from Lamine Yamal and showed quick feet before rifling home with his left foot.
…..
Leverkusen cruises past bottom club Kiel to keep pressure on Bayern
Titleholder Bayer Leverkusen maintained its status as Bayern Munich’s closest challenger with a 2-0 victory over bottom side Holstein Kiel in the 23rd round of Bundesliga on Saturday.
The result heightens Kiel’s relegation fears at the bottom of the table, while Leverkusen’s title ambitions are buoyed by their position just five points adrift of leaders Bayern Munich.
…..
China loses to Saudi Arabia in U20 AFC Asian Cup quarterfinals
Substitute Amar Alyuhabi scored a last-minute goal as host China fell 1-0 to Saudi Arabia in the quarterfinals of the 2025 AFC U20 Asian Cup on Saturday, missing out on qualification for the 2025 FIFA U20 World Cup in Chile.
In the 95th minute, Alyuhabi fired a right-footed shot from a tight angle, beating the goalkeeper into the bottom right corner after connecting with a cross from Talal Haji. China dominated possession with 59%, but the young squad struggled to convert chances, including a missed penalty in the second half.