Europe
နိုင်ငံတော် ကာကွယ်ရေးအသုံးစရိတ် အချိုးအဆ မြှင့်တင်မည်ဟု ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ကြေညာ

လန်ဒန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံက ၂၀၂၇ ခုနှစ်တွင် နိုင်ငံတော် ကာကွယ်ရေးအသုံးစရိတ် အချိုးအဆကို ပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) ၏ ၂.၅ ရာခိုင်နှုန်းအထိ မြှင့်တင်သွားမည်ဟု ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ကီယာစတားမာက ဖေဖော်ဝါရီ ၂၅ ရက်တွင် ကြေညာခဲ့သည်။
လက်ရှိတွင် ဗြိတိန်နိုင်ငံ၏ နိုင်ငံတော် ကာကွယ်ရေးအသုံးစရိတ် အချိုးအဆသည် ၎င်း GDP ၏ ၂.၃ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။ နိုင်ငံတော် ကာကွယ်ရေးအသုံးစရိတ် အချိုးအဆကို မြှင့်တင်ခြင်းသည် ၂၀၂၇ ခုနှစ်တွင် ဗြိတိန်နိုင်ငံ၏ နိုင်ငံတော် ကာကွယ်ရေးအသုံးစရိတ်က စတာလင်ပေါင် ၁၃.၄ ဘီလီယံ တိုးတက်လာမည်ဟု ဆိုလိုနေကြောင်း ကီယာစတားမာက ယင်းနေ့တွင် အောက်လွှတ်တော်၌ ကြေညာချက် ထုတ်ပြန်ရာ၌ ပြောကြားခဲ့သည်။
နိုင်ငံတော် ကာကွယ်ရေးအသုံးစရိတ်မြှင့်တင်ရန်အတွက် ဗြိတိန်နိုင်ငံအစိုးရသည် ၂၀၂၇ ခုနှစ်တွင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ထောက်ပံ့ရေးအသုံးစရိတ် အချိုးအဆကို GDP ၏ ၀.၅ ရာခိုင်နှုန်းမှ ၀.၃ ရာခိုင်နှုန်းအထိ လျှော့ချသွားမည်ဟု ကီယာစတားမာက ပြောကြားခဲ့သည်။ သို့သော် ဗြိတိန်နိုင်ငံက ယူကရိန်း၊ ပါလက်စတိုင်း ဂါဇာဒေသ စသည့်ဒေသများ၌ အရေးပါသော လူသားချင်းစာနာမှု အခန်းကဏ္ဍမှ ဆက်လက် ပါဝင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အလုပ်သမားပါတီ အစိုးရက ၂၀၂၉ ခုနှစ်တွင် ဗြိတိန်နိုင်ငံ ရွေးကောက်ပွဲ၌ အနိုင်ရရှိပါက ဗြိတိန်နိုင်ငံ၏ နိုင်ငံတော် ကာကွယ်ရေး အသုံးစရိတ်အချိုးအဆကို GDP ၏ ၃ ရာခိုင်နှုန်းအထိ မြှင့်တင်သွားမည်ဟုလည်း ကီယာစတားမာက ပြောကြားခဲ့သည်။
ကီယာစတားမာက ယခုအချိန်၌ နိုင်ငံတော် ကာကွယ်ရေးအသုံးစရိတ် မြှင့်တင်မည်ဟု ကြေညာခြင်းသည် ၎င်းက ယခုအပတ်အတွင်း အမေရိကန်သို့ သွားရောက်ကာ အမေရိကန်နိုင်ငံ သမ္မတ ထရမ့်နှင့် တွေ့ဆုံသွားမည့်အစီအစဉ်နှင့် ပတ်သက်နေသည်ဟု ဗြိတိန်မီဒီယာများက ယူဆကြသည်။ နိုင်ငံတော်ကာကွယ်ရေး အသုံးစရိတ်အချိုးအဆကို GDP ၏ ၅ ရာခိုင်နှုန်းအထိ မြှင့်တင်သွားရန် ထိုမတိုင်မီ ထရမ့်က NATO အဖွဲ့ဝင်နိုင်ငံများအား တောင်းဆိုခဲ့ကြောင်း သိရသည်။ (Xinhua)
————————————————————————————–
(Chinese Version)
英国首相宣布将提升国防开支占比
新华社伦敦2月25日电(记者金晶)英国首相斯塔默25日宣布,到2027年,英国将把国防开支占国内生产总值(GDP)的比重提升至2.5%。
目前英国国防开支约占其GDP的2.3%。斯塔默当天在议会下院发表声明说,国防开支比重提升意味着2027年英国国防开支将增加134亿英镑。
斯塔默说,为增加国防支出,英国政府将在2027年把发展援助支出占GDP比重从0.5%削减至0.3%。不过,他表示英国将继续在乌克兰、巴勒斯坦加沙地带等地发挥重要人道主义作用。
斯塔默还说,如果工党政府在2029年赢得英国大选,英国国防开支占GDP比重将增加到3%。
英国媒体认为,斯塔默此时宣布提升国防开支占比可能与他本周将前往美国与美国总统特朗普会晤有关。特朗普此前要求北约成员国将国防开支占GDP比重提升到5%。(完)
图说:2月25日,英国首相斯塔默在位于伦敦的议会下院发表声明后出席新闻发布会。新华社发(英国首相府供图)