Environment, Disasters & Accidents
ရခိုင်ပြည်နယ်၌ ဇာတ်သဘင်အဖွဲ့စီးလာသောယာဉ် ချောက်ထဲကျပြီး ၆ဦးသေ၊ ၁၉ဦး ဒဏ်ရာရ
ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကွင်းကြီးကမ်းနားကျေးရွာအနီး ဂွ- ငသိုင်းချောင်းကားလမ်း မိုင်တိုင်အမှတ် (၂၃/၂) နှင့် (၂၃/၃)ကြားတွင် ဧပြီ ၂ရက်နေ့ ည ၇နာရီကျော်က ဇာတ်သဘင်အဖွဲ့ စီးလာသောယာဉ် ချောက်ထဲကျပြီး ၆ဦးသေ၊ ၁၉ဦး ဒဏ်ရာရခဲ့ကြောင်း သဘင်အစည်းအရုံး(ဗဟို)ကထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ အောင်စန်းပွင့် ဇာတ်ကားတိမ်မှောက်မှုကြောင့် ကြေးတီး(ဆိုင်း)ဆရာတစ်ဦး၊ စည်းတီးဝါးတီး နှင့်(အဆို) တစ်ဦး ၊ပြဇာတ်မင်းသမီးနှစ်ဦး၊ ထမင်းချက် တစ်ဦးနှင့် ဧည့်သည်တစ်ဦး စုစုပေါင်း ၆ဦးသေဆုံးခဲ့ကြောင်း သဘင်အစည်းအရုံး(ဗဟို)က ထုတ်ပြန်သော သတင်းအရ သိရသည်။
အောင်စန်းပွင့်ဇာတ်သဘင်အဖွဲ့ တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီးသည် ဧပြီလ (၂) ရက် ည (၇) နာရီခွဲခန့် က ပေ (၁၅၀၀) ခန့်ရှိသည့် ချောက်ထဲကို ထိုးကျတိမ်းမှောက်ခဲ့ပြီး ယာဉ်တိမ်း မှောက်မှုကြောင့် ၅ ဦး(ကျား ၁၊မ ၄)တို့ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ၁၉ ဦး (ကျား ၁၅၊မ ၄ )တို့တွင် ဒဏ်ရာများရရှိခဲ့သည်ကို တွေ့ရှိခဲ့သဖြင့် ဒဏ်ရာရရှိသူများကို ဆေးကုသ နိုင်ရေးအတွက် အနီးဆုံးဆေးရုံများသို့ စီစဉ်ပို့ဆောင်ပေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)