Connect with us

Environment, Disasters & Accidents

မြောင်းမြကြိုးတံတားကျိုးကျစဉ် ခရီးသွားလာမှုအဆင်ပြေရန် ဇက်ရေယာဉ်ပြေးဆွဲလျက်ရှိ

မြောင်းမြကြိုးတံတားကျိုးကျမှုဖြစ်ပွားပြီးနောက် ဇက်ရေယာဉ် ပြေးဆွဲလျက်ရှိ (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

မြောင်းမြကြိုးတံတားကျိုးကျပြီး တံတားနှင့်အတူ ၆ ဘီးကုန်တင်ယာဉ် တစ်စီး ပါသွားရာ ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်ခန့်တွင် ဆယ်ယူရရှိ ခဲ့ပြီဖြစ်ကြောင်း၊ ထို့အပြင် မြောင်းမြကြိုးတံတားပြတ်ကျပြီး လေးရက်အကြာ မြစ်ကိုဖြတ်ကူးရန် ဇက်ရေ ယာဉ်တစ်စင်းဖြင့် ဧပြီ ၄ ရက်မှ စတင်ကာ ပြေးဆွဲပေးနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

တံတားအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရေငုပ်သမားများ ကြိုးစားအားထုတ်မှုဖြင့် ဧပြီ ၁ ရက် အခင်းဖြစ်နေ့ ညနေ ၅ နာရီ ကျော်ခန့်တွင် ယာဉ်နှင့်အတူပါသွားသူ ယာဉ်မောင်း မဲကြီး (ခ) သန်းဇော်ထိုက်အား ပိတ်ညှပ်နေသော ယာဉ်ခေါင်းခန်းအတွင်းမှ သေဆုံးလျက် ရှာဖွေတွေ့ရှိခဲ့သော်လည်း ယာဉ်နောက် လိုက်အား ကုန်တင်ယာဉ်ဆယ်ယူရရှိပြီးသည်အထိ ရှာဖွေမတွေ့ရှိသေးကြောင်း သိရ သည်။

အဆိုပါ မြောင်းမြတံတားသစ်စီမံကိန်းမှ ဇက်ရေယာဉ် ၁၁၂ အပေါ် တံတား အထူးအဖွဲ့ ၁ဝ တန် ဝန်ချီစက် တင်ဆောင်၍ ရေအောက်တွင် တံတားဖြင့် ပိညှပ် နေသော ယာဉ်အား ဧပြီလ ၄ ရက်နေ့ နံနက် ၉နာရီခန့်တွင် ဆယ်ယူခြင်း လုပ်ငန်း စတင်ကာ နံနက် ၁၁ နာရီခန့်တွင် ဆွဲထုတ်ခဲ့ကြပြီး မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်မှသာ ကုန်းပေါ်သို့ ဆယ်ယူနိုင်ခဲ့သည်။

ဧပြီ ၁ ရက်က ရန်ကုန်ဘက်မှ ကြက်စာ၊ ငါးမှုန့်အိတ် များ တင်ဆောင်လာသော မြောင်းမြမြို့ နတ်စင်လမ်းနေ ဦးအောင်ကြီး အပိုင် 2J/…. NISSANအဖြူရောင် ၆ ဘီးကုန်တင်ယာဉ်သည် မြောင်းမြတံတားအပေါ် ဖြတ်မောင်းစဉ် မြောင်းမြဘက်ကမ်း ချဉ်းကပ်ခုံမှ ဆိုင်းကြိုးများပြတ်ကာ တံတားကြိုးပြတ်ကျမှုဖြစ်ပြီး ကုန်တင်ယာဉ်နှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ပါ ပြုတ်ကျသေဆုံးမှု ဖြစ်ခဲ့ကာ ဧပြီလ ၄ ရက် နေ့တွင် ယင်းကုန်တင်ယာဉ်အား ရှာဖွေဆယ်ယူရရှိခြင်းဖြစ်သည်။

အိမ်စီးမော်တော်ယာဉ်ငယ်များနှင့် ယာဉ်လတ်များကို ဦးစားပေး သယ်ဆောင် ကူးပို့ပေးလျက်ရှိပြီး ဧပြီ ၅ ရက်တွင်လည်း ဇက်ရေယာဉ် သုံးစင်းဖြင့် မော်တော်ယာဉ် များကို သယ်ယူပို့ဆောင်ပေး သွားမည်ဖြစ်ကြောင်းနှင့် လောလောဆယ်တွင် ဇက်ကူးမှု အတွက် အခမဲ့ဆောင်ရွက်ပေးနေကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.