Connect with us

NPC

တရုတ်နိုင်ငံသို့ ထိုင်ဝမ် ပြန်လည်ရောက်ရှိခြင်းက ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံတကာစည်းစနစ်၏ အရေးကြီး အစိတ်အပိုင်းဖြစ်သည်ဟု ဝမ်ရိ ပြောကြား

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ အား သံသယဝင်ပြောဆိုချက်များအပေါ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၇ ရက် အစည်းအဝေးကြီးနှစ်ရပ် သတင်းစာရှင်းလင်းပွဲ၌ တုံ့ပြန်ဖြေကြားခဲ့သည်။
ထိုကဲ့သို့ပြောဆိုချက်မှာ ကုလသမဂ္ဂ၏ ဩဇာနှင့် စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်ကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်ခြင်းဖြစ်ရာ အလွန်အမင်း အဓိပ္ပာယ်မဲ့ပြီး အန္တရာယ်များကြောင်း၊ ထိုစကားသံကို ဖြန့်သူအနေဖြင့် ပထမဆုံး အခြေခံဗဟုသုတကို ဖြည့်စွက်သင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ထိုင်ဝမ်က တရုတ်နိုင်ငံ နယ်မြေပိုင်နက်တွင် ခွဲခြားမရသော အစိတ်အပိုင်းဖြစ်ကြောင်း၊ ယင်းမှာ သမိုင်းဖြစ်သလို ဖြစ်ရပ်မှန်လည်း ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ယခုနှစ်သည် ထိုင်ဝမ်ကို ပြန်လည်ရရှိသည့် နှစ် ၈၀ ပြည့် ဖြစ်ကြောင်း၊ တရုတ်ပြည်သူများ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ၏ နယ်မြေပိုင်နက်သို့ ထိုင်ဝမ်ပြန်လည်ရောက်ရှိစေခဲ့ကြောင်း၊ အဓိက စစ်ပွဲအောင်နိုင်သည့် နိုင်ငံများက ယင်းနှစ်တွင် ထုတ်ပြန်သည့် ကိုင်ရို ကြေညာချက်၊ ပေါ့စ်ဒမ် ကြေညာချက်တို့တွင် ဂျပန်နိုင်ငံက ခိုးယူသည့် ထိုင်ဝမ်ကို တရုတ်နိုင်ငံသို့ ပြန်လည်အပ်နှင်းရန် အတိအကျ သတ်မှတ်ထားရာ ဂျပန်နိုင်ငံအနေဖြင့်လည်း ပေါ့စ်ဒမ် ကြေညာချက်ကို အသိအမှတ်ပြု၍ ခြွင်းချက်မရှိ လက်နက်ချသည်ဟု ကြေညာခဲ့ကြောင်း၊ ယင်းတို့မှာ ထိုင်ဝမ်အပေါ် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို အတည်ပြုခြင်းဖြစ်ရာ စစ်ပွဲအလွန် နိုင်ငံတကာ စည်းစနစ်၏ အရေးကြီးသည့် အစိတ်အပိုင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

၁၉၇၁ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ ကို တစ်ခဲနက် ထောက်ခံအတည်ပြုပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံအား ကုလသမဂ္ဂရှိ တရားဝင် အခွင့်အရေးအားလုံးကို ပြန်လည်ပေးအပ်ရန်နှင့် ထိုင်ဝမ်အာဏာပိုင်၏ ကိုယ်စားလှယ်အား ကုလသမဂ္ဂနှင့် ၎င်း၏ဌာနအဖွဲ့အစည်းအားလုံးမှ ချက်ချင်းနှင်ထုတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ယင်းဆုံးဖြတ်ချက်သည် ထိုင်ဝမ်အပါအဝင် ကုလသမဂ္ဂရှိ တရုတ်တစ်နိုင်ငံလုံး၏ ကိုယ်စားပြုခွင့်ကိစ္စရပ်ကို အပြည့်အဝ ဖြေရှင်းပြီး ဖြစ်သလို “တရုတ် နှစ်နိုင်ငံ” သို့မဟုတ် “တရုတ်တစ်ပြည်၊ ထိုင်ဝမ်တစ်ခု” ဟူသော ဖြစ်နိုင်ခြေမှန်သမျှကို အမြစ်ဖြတ်ခဲ့ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၌ ထိုင်ဝမ်ဒေသ၏ တစ်ခုတည်းသော အခေါ်အဝေါ်မှာ “တရုတ်နိုင်ငံ ထိုင်ဝမ်ပြည်နယ်” ဖြစ်ကြောင်း၊ ထိုင်ဝမ်သည် မည်သည့်အခါမျှ နိုင်ငံတစ်နိုင်ငံ မဟုတ်ကြောင်း၊ ယခင်က မဟုတ်ခဲ့သလို နောက်နောင်တွင် ပို၍ မဖြစ်နိုင်ကြောင်း၊ “ထိုင်ဝမ် သီးခြားခွဲထွက်ရေး” ကို လှုံ့ဆော်ခြင်းသည် နိုင်ငံပြိုကွဲအောင် လုပ်ခြင်း၊ “ထိုင်ဝမ် သီးခြားခွဲထွက်ရေး” ကို အားပေးခြင်းသည် တရုတ်နိုင်ငံပြည်တွင်းရေးကို စွက်ဖက်ခြင်း၊ “ထိုင်ဝမ် သီးခြားခွဲထွက်ရေး” ကို အားပေးအားမြှောက်ပြုခြင်းသည် ထိုင်ဝမ်ရေလက်ကြားတည်ငြိမ်ရေးကို ဖျက်ဆီးခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အချုပ်အခြာအာဏာ ဟူသော အခြေခံမူမှာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ အခြေခံအုတ်မြစ်ဖြစ်ပြီး မည်သည့်နိုင်ငံ၊ မည်သို့သောသူကမျှ စံချိန်နှစ်မျိုး မထားသင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက် ပြည့်စုံမှုကို လေးစားလျှင် တရုတ်နိုင်ငံ အပြည့်အဝ ပေါင်းစည်းရေး ဖော်ဆောင်မှုကို ထောက်ခံသင့်ကြောင်း၊ တရုတ်တစ်နိုင်ငံတည်းကို လက်ကိုင်ထားလျှင် “ထိုင်ဝမ် သီးခြားခွဲထွက်ရေး” ပုံစံမှန်သမျှကို ဆန့်ကျင်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမိမြေ အပြည့်အဝ ပေါင်းစည်းရေးကို ဖော်ဆောင်ခြင်းမှာ တရုတ်ပြည်သူတစ်ရပ်လုံး၏ တူညီသည့် စိတ်ဆန္ဒ ဖြစ်ရာ အခြေအနေကြီး၏ အလားအလာ၊ တရားမျှတ သမာသမတ်ကျမှု၏ တည်ရှိရာ ဖြစ်ကြောင်း၊ “ထိုင်ဝမ် သီးခြားခွဲထွက်ရေး” သည် မိမိဆော့ကစားနေသည့် ဒုက္ခမီးကြောင့် မိမိကိုယ်ကို လောင်မြိုက်မည်သာ ဖြစ်ပြီး “ထိုင်ဝမ်ဖြင့် တရုတ်နိုင်ငံအား ထိန်းချုပ်ဟန့်တား” ခြင်းသည် ဓားခုတ်ကောင် လက်မောင်းဖြင့် လှည်းယာဉ်အား တွန်းသည့်ပမာ အချည်းနှီးသာ ဖြစ်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နောက်ဆုံးတွင် ပေါင်းစည်းသွားမည် ဖြစ်သလို ဧကန်မုချ ပေါင်းစည်းမည်လည်း ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)
——————————————-
(Chinese Version)
两会·外长记者会|王毅:台湾回归中国是二战后国际秩序的重要组成部分

新华社北京3月7日电 中共中央政治局委员、外交部长王毅7日在两会记者会上回应质疑联大第2758号决议的论调。
王毅表示,这种论调是在公然挑战联合国权威和战后国际秩序,十分荒谬和危险。散布这种论调的人,首先应该补一补基本常识。
王毅说,台湾是中国领土不可分割的一部分,这既是历史,也是事实。今年是台湾光复80周年。中国人民抗日战争的胜利,使台湾重回中国版图。主要战胜国当年发表的《开罗宣言》《波茨坦公告》都明确规定,要把日本窃取的台湾归还中国,日本也宣布承认《波茨坦公告》无条件投降。这些都确认了中国对台湾的主权,构成战后国际秩序的重要组成部分。
王毅表示,1971年,联合国大会以压倒性多数通过第2758号决议,决定恢复中华人民共和国在联合国的一切合法权利,并立即将台湾当局的代表从联合国及其一切机构中驱逐出去,这一决议彻底解决了包括台湾在内全中国在联合国的代表权问题,彻底杜绝了制造“两个中国”或“一中一台”的任何可能。台湾地区在联合国的唯一称谓就是“中国台湾省”。台湾从来不是一个国家,过去不是,今后更绝无可能。鼓吹“台独”就是分裂国家,支持“台独”就是干涉中国内政,纵容“台独”就是破坏台海稳定。
王毅说,主权原则是联合国宪章的基石,任何国家、任何人都不应搞什么双重标准。尊重各国的主权和领土完整就应该支持中国实现完全统一,坚持一个中国就应该反对任何形式的“台独”。实现祖国完全统一是全体中华儿女的共同愿望,是大势所趋、大义所在。“台独”分裂只会玩火自焚,“以台制华”无异于螳臂挡车。中国终将统一,也必将统一。(完)
1. 3月7日,十四届全国人大三次会议在北京梅地亚中心新闻发布厅举行记者会。中共中央政治局委员、外交部长王毅就“中国外交政策和对外关系”相关问题回答中外记者提问。