Connect with us

North America

USAID အစီအစဉ်အများစုကို ဖျက်သိမ်းမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ဝါရှင်တန်၊ မတ် ၁၁ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) မှ ငွေကြေးထောက်ပံ့ထားသော အစီအစဉ်များအနက် ၈၀ ရာခိုင်နှုန်းကျော်ကို ဖျက်သိမ်းမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက မတ် ၁၀ ရက်၌ ပြောကြားခဲ့သည်။
ထရမ့်အစိုးရအနေဖြင့် သီတင်းပတ် ၆ ပတ်ကြာ ပြန်လည်သုံးသပ်ပြီးနောက် USAID အစီအစဉ် ၈၃ ရာခိုင်နှုန်းကို တရားဝင်ဖျက်သိမ်းမည်ဖြစ်ကြောင်း ရူဘီယိုက ဆိုရှယ်မီဒီယာပလက်ဖောင်း X တွင် ရေးသားခဲ့သည်။
ကန်ထရိုက်စာချုပ်ပေါင်း ၅,၂၀၀ အတွက် ဒေါ်လာဘီလီယံဆယ်ချီ၍ အသုံးပြုခဲ့သော်လည်း ယင်းမှာ အကျိုးမရှိရုံမျှမက အချို့သော အခြေအနေများတွင် အမေရိကန်နိုင်ငံ၏ ပင်မ အမျိုးသားအကျိုးစီးပွားကိုပင် ထိခိုက်မှုဖြစ်စေခဲ့ကြောင်း ၎င်းက ဆိုသည်။
USAID ရန်ပုံငွေများ အသုံးပြုရာ၌ မကြုံဖူးလောက်သော အဆင့်အထိ အကျင့်ပျက်ခြစားမှုများရှိခဲ့ကာ အလွန်ကြီးမားသော လိမ်လည်မှုများရှိခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လွန်ခဲ့သည့်လ၌ ပြောကြားခဲ့ပြီး USAID အား ပိတ်သိမ်းရန် တိုက်တွန်းခဲ့သည်။ ထရမ့်အစိုးရမှာ USAID က လည်ပတ်လုပ်ကိုင်နေသော ပြည်ပအကူအညီပေးရေး အစီအစဉ်အားလုံးနီးပါးကို ရပ်ဆိုင်းလျက်ရှိသည်။
ထရမ့်အစိုးရအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ USAID ဝန်ထမ်းဦးရေ ၁၀,၀၀၀ ကျော်အား ၃၀၀ အောက်အထိ၊ ရာခိုင်နှုန်းအားဖြင့် ၉၇ ရာခိုင်နှုန်းအထိ လျှော့ချရန် ရည်မှန်းထားကြောင်း အမေရိကန်မီဒီယာများ၏ အစောပိုင်း ဖော်ပြချက်များအရ သိရသည်။ (Xinhua)
…………………
(English Version)
U.S. Secretary of State says most USAID programs to be canceled
WASHINGTON, March 11 (Xinhua) — U.S. Secretary of State Marco Rubio said on Monday that more than 80 percent of the programs sponsored by the U.S. Agency for International Development (USAID) would be canceled.
After a 6-week review, the Trump administration is “officially cancelling 83% of the programs at USAID,” Rubio wrote in a post on the social platform X.
He said the 5,200 contracts spent tens of billions of dollars in ways that did not serve, and in some cases even harmed, the core national interests of the United States.
U.S. President Donald Trump said last month that there was “tremendous fraud” in the use of USAID funds at “unprecedented levels of corruption” and demanded that it be shut down. Trump administration is ending nearly all foreign assistance programs operated by USAID.
According to previous reports from U.S. media, the Trump administration’s goal was to reduce USAID’s global workforce from over 10,000 to fewer than 300, a reduction of 97 percent.