Connect with us

Asia

တိုက်ခိုက်ခံရသော ရထားပေါ်ရှိ ဓားစာခံ ၁၀၄ ဦးကို ကယ်တင်ခဲ့ပြီးဖြစ်ကြောင်း ပါကစ္စတန်စစ်တပ် ပြောကြား

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ် မြို့တော် Quetta တွင် ကယ်တင်ခဲ့သော ဓားစာခံတစ်ဦး ဆေးကုသမှု ခံယူနေသည်ကို မတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မတ် ၁၂ ရက် (ဆင်ဟွာ)
ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့သည် မကြာသေမီးက တိုက်ခိုက်ခံရသော ခရီးသည်တင်ရထားပေါ်ရှိ ဓားစာခံ ၁၀၄ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ လက်ရှိတွင် လက်နက်ကိုင်များ၏ လက်ထဲ၌ ဓားစာခံအများအပြား ရှိနေဆဲဖြစ်ကြောင်း ပါကစ္စတန်စစ်တပ်အရာရှိက မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ကယ်ဆယ်ခဲ့သူများတွင် အမျိုးသား ၅၈ ဦး၊ အမျိုးသမီး ၃၁ ဦးနှင့် ကလေး ၁၅ ဦး ပါဝင်ကြောင်း၊ ယင်းအနက် ဒဏ်ရာရသူ ၁၇ ဦးကို အရေးပေါ် ကုသမှုခံယူရန် ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်အရာရှိက မတ် ၁၂ ရက် နံနက်အစောပိုင်းတွင် ဆင်ဟွာသတင်းထောက်အား ပြောပြခဲ့သည်။ ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့နှင့် လက်နက်ကိုင်များသည် ပြင်းထန်သော အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိရာ အဆိုပါပစ်ခတ်မှုတွင် လက်နက်ကိုင် ၁၆ ဦး သေဆုံခဲ့ကြောင်း၊ ပါကစ္စတန်စစ်တပ်က အခင်းဖြစ်ပွားရာနေရာသို့ ပံ့ပိုးကူညီရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် တပ်ဖွဲ့ဝင်များ စေလွှတ်လျက်ရှိကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရရှိသည့် အခြေအနေများကို ပါကစ္စတန်ဘက်က တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိကြောင်း သိရသည်။
လက်ရှိ ဖမ်းဆီးထားခံရသော ဓားစာခံများတွင် ရထားအမှုထမ်းများ၊ စစ်သားခရီးသည်များစသည်တို့ ပါဝင်ကြောင်း၊ လက်နက်ကိုင်များသည် နိုင်ငံရေး တောင်းဆိုမှုများကို ဓားစာခံများနှင့် လဲလှယ်သည့် တောင်းဆိုချက်အဖြစ် အဆိုပြုခဲ့ကြောင်း အမည်မဖော်လိုသည့် ပါကစ္စတန်စစ်တပ် သတင်းအရင်းအမြစ်က ဆင်ဟွာသတင်းထောက်အား ပြောပြခဲ့သည်။
ပါကစ္စတန် ဝန်ကြီးချုပ် Shehbaz Sharif က အဆိုပါ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ပါကစ္စတန်နိုင်ငံတွင် မငြိမ်မသက်မှု ဖြစ်စေသော လက်နက်ကိုင်များ၏ ကြံစည်မှုကို မဖြစ်မြောက်စေရန် ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် နှိမ်နင်းမှုကို အပြည့်အ၀ ထောက်ခံကြောင်း ဖော်ပြခဲ့သည်။
အကြမ်းဖက်အဖွဲ့အစည်း “ဘာလိုချီစတန် လွတ်မြောက်ရေး တပ်မတော် (BLA) ” က အဆိုပါ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည်ဟု ကြေညာခဲ့သည်။
မတ် ၁၁ ရက်တွင် ခရီးသည် အနည်းဆုံး ၄၅၀ ဦးတင်ဆောင်လာသော ပါကစ္စတန် ခရီးသည်တင် မီးရထားတစ်စင်းသည် ဘာလိုချီစတန်ပြည်နယ် တစ်နေရာရှိ ဥမင်လိုဏ်ခေါင်းကို ဖြတ်လာစဉ်တွင် လက်နက်ကိုင်တို့၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ယင်းနောက် ခရီးသည် အများအပြားသည် ဓားစာခံဖြစ်ခဲ့ရသည်။ ကရာချိရှိ တရုတ်ကောင်စစ်ဝန်ရုံးက ဤအခင်းဖြစ်ပွားမှုတွင် တရုတ်နိုင်ငံသားများ သေဆုံးဒဏ်ရာရရှိမှု မရှိကြောင်း အဆိုပါနေ့တွင် ဆင်ဟွာသတင်းထောက်ထံ အတည်ပြုခဲ့သည်။ (Xinhua)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ် မြို့တော် Quetta တွင် ရထားဘူတာရုံ၌ စောင့်ကြပ်နေသော ရဲတပ်ဖွဲ့ဝင်ကို မတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………
(Chinese Version)
巴基斯坦军方说已解救遇袭列车上104名遭劫持人员
新华社伊斯兰堡3月12日电(记者蒋超)巴基斯坦军方官员12日说,巴安全部队解救出日前遇袭的客运列车上104名遭劫持人员,目前仍有大量人质在武装分子手中。
巴军方官员12日凌晨告诉新华社记者,获救人员包括58名男性、31名女性和15名儿童,其中17名伤者被紧急送往医院接受救治。巴安全部队与武装分子仍在激烈交火中,在行动中已打死16名武装分子。巴军方正在增派人员前往现场支援营救行动。巴官方未公布安全人员在营救行动中的伤亡情况。
一名不愿透露姓名的巴军方消息人士告诉新华社记者,仍被劫持的人质中包括列车乘务人员以及军人乘客等,武装分子曾提出政治诉求作为交换人质的条件。   巴基斯坦总理夏巴兹发表声明强烈谴责这起袭击事件,并表示全力支持巴安全部队反恐,以挫败武装分子在巴制造动乱的阴谋。
恐怖组织“俾路支解放武装”宣称制造了此次袭击。
11日,巴基斯坦一列载有至少450名乘客的客运列车在行经该国俾路支省一处隧道时遭遇武装分子袭击,随后大量乘客被劫持为人质。中国驻卡拉奇总领馆当天向新华社记者确认,目前没有中国公民在这一事件中伤亡的报告。(完)
图说1: 3月11日,在巴基斯坦西南部俾路支省首府奎达,一名获救人质接受救治(手机照片)。新华社发
图说2:3月11日,在巴基斯坦西南部俾路支省首府奎达,警察在火车站警戒。新华社发