China
ဆင်ဟွာသတင်းဌာနနှင့် ကာဂျစ္စတန်မီဒီယာများ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုများ ထဲထဲဝင်ဝင် လုပ်ဆောင်သွားမည်

ပေကျင်း၊ မတ် ၁၈ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် တရုတ်နိုင်ငံဆိုင်ရာ ကာဂျစ္စတန်နိုင်ငံ သံအမတ်ကြီး Musaeva Aktilek နှင့်အဖွဲ့အား မတ် ၁၇ ရက်က ပေကျင်းမြို့၌ တွေ့ဆုံခဲ့ရာ နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံမီဒီယာများ ပူးပေါင်းဆောင်ရွက်မှု တစ်ဆင့်တိုး ထဲထဲဝင်ဝင် တိုးချဲ့ရေးနှင့် စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
နှစ်ဖက်အနေဖြင့် သတင်းတင်ဆက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာနှင့် ဝန်ထမ်းများ ကူးလူးဖလှယ်မှုအား မြှင့်တင်သည့် အခြေခံတွင် ယခုနှစ်အတွင်း ထျန်းကျင်းမြို့၌ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းဝေး အခွင့်အခါကြုံခိုက် “ရှန်ဟိုင်းစိတ်ဓာတ်” ကို အတူတကွပြန့်ပွားအောင် လုပ်ဆောင်၍ တရုတ်-ကာဂျစ္စတန်မီဒီယာများက နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု ယန္တရားအောက်တွင် နီးကပ်စွာ ချိတ်ဆက်မှုနှင့် အပြန်အလှန် ထောက်ခံအားပေးမှုအား စဉ်ဆက်မပြတ် တွန်းအားပေးသွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
新华社将同吉尔吉斯斯坦媒体深化交流合作
新华社北京3月17日电(记者冯歆然)新华社社长傅华17日在北京会见吉尔吉斯斯坦驻华大使穆萨耶娃一行,双方就进一步深化拓展两国媒体合作交换意见。
双方表示,愿在加强新闻报道合作、技术和人员交流的基础上,以今年将在天津举行的上海合作组织峰会为契机,共同弘扬“上海精神”,持续推动中吉媒体在多边机制下密切沟通和相互支持。(完)
图说:3月17日,新华社社长傅华在北京会见吉尔吉斯斯坦驻华大使穆萨耶娃一行,双方就进一步深化拓展两国媒体合作交换意见。 新华社记者 丁林 摄