China
ဖုဟွာနှင့် “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်၊ တရုတ်-အာရပ် မိတ်ဖက်ဆက်ဆံရေး ဆွေးနွေးပွဲသို့ တက်ရောက်သော ဧည့်သည်တော်အချို့ တွေ့ဆုံဆွေးနွေး
ကိုင်ရို၊ မေ ၁၃ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် အီရတ်သတင်းအေဂျင်စီ (INA) အကြီးအကဲ Sattar Shareef ၊ လက်ဘနွန်နိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Hassan Falha ၊ ယီမင်နိုင်ငံ သတင်းအချက်အလက်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Hussein Basleem စသည့် “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ် တရုတ်-အာရပ် မိတ်ဖက်ဆက်ဆံရေး ဆွေးနွေးပွဲသို့ တက်ရောက်သော ဧည့်သည်တော်အချို့နှင့် မေ ၁၁ ရက်က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဖုဟွာက တရုတ်-အာရပ် မိတ်ဖက်ဆက်ဆံရေး ဆွေးနွေးပွဲသို့ တက်ရောက်သော ဧည့်သည်တော်များအား ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
ဆင်ဟွာသတင်းဌာနအနေဖြင့် အီရတ်၊ လက်ဘနွန်နှင့် ယီမင်နိုင်ငံများ၏ သတင်းတင်ဆက်မှုကဏ္ဍအား အထူး အလေးထားကြောင်း၊ သက်ဆိုင်ရာနိုင်ငံများ၏ မီဒီယာအဖွဲ့အစည်း၊ အစိုးရဌာနများနှင့်အတူ သတင်းကဏ္ဍပူးပေါင်းဆောင်ရွက်မှုဟူသော လှုပ်ရှားမှုများကို ပျိုးထောင်သွားလိုကြောင်း၊ သတင်းတင်ဆက်မှု၊ နည်းပညာဆန်းသစ်ဖန်တီးမှု၊ ဝန်ထမ်းကူးလူးဖလှယ်မှု၊ ယဉ်ကျေးမှု လက်ဆင့်ကမ်းဖြန့်ချိမှု စသည့် ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရန်၊ တရုတ်-အာရပ် လက်တွဲကာ အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်သည့် အကြောင်းအရာများကို အတူတကွ ကောင်းမွန်စွာ တင်ဆက်ရန်၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယဉ်ကျေးမှုလက်ဆင့်ကမ်းမျှဝေသည့် အကြောင်းအရာများကို အတူတကွ ကောင်းမွန်စွာ ဖော်ပြရန်၊ တရုတ်-အာရပ် ပြည်သူများ၏နားလည်ရေး၊ ချစ်ကြည်ရေးနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ရာတွင် အကျိုးထမ်းဆောင်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
Sattar Shareef က အီရတ်သတင်းအေဂျင်စီ (INA) အနေဖြင့် ဆင်ဟွာသတင်းဌာနနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို တန်ဖိုးထားကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ဆင်ဟွာသတင်းဌာန သတင်းတင်ဆက်ခြင်း၏ ကျွမ်းကျင်မှုနှင့် လွှမ်းမိုးနိုင်မှုကို အထူးတန်ဖိုးထားချီးကျူးကြောင်း၊ ဆင်ဟွာသတင်းဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုးမြှင့်တင်ကာ အီရတ်-တရုတ် ချစ်ကြည်ရေးအကြောင်းအရာများကို အတူတကွ ကောင်းမွန်စွာ ဖော်ပြရန်၊ နှစ်နိုင်ငံပြည်သူများ အပြန်အလှန် သိရှိနားလည်၍ ရင်းနှီးလာခြင်း၏ မျက်မြင်သက်သေနှင့် တွန်းအားပေးသူအဖြစ် ကောင်းမွန်စွာ ဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။
Hassan Falha က ဆင်ဟွာသတင်းဌာနတွင် နက်ရှိုင်းသည့်သတင်းတင်ဆက်မှုအစဉ်အလာနှင့် ကြွယ်ဝသည့် သတင်းနည်းပညာ တိုးတက်မှု လက်တွေ့ဖော်ဆောင်သည့်အတွေ့အကြုံရှိရာ အာရပ်မီဒီယာများအတွက် အကျိုးရှိသော လေ့လာဖွယ်ရာများကို ပံ့ပိုးပေးကြောင်း၊ နှစ်ဖက်အနေဖြင့် အတွေ့အကြုံဖလှယ်မှုနှင့် နက်ရှိုင်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်ကာ လက်ဘနွန်-တရုတ် မီဒီယာဆက်ဆံရေး အောင်မြင်မှုရလဒ်များ ပိုမိုရရှိစေရေးအတွက် တွန်းအားပေး ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
Hussein Basleem က ဆင်ဟွာသတင်းဌာနသည် ယီမင်ရေးရာနှင့် ဒေသတွင်းအခြေအနေများအား ကာလကြာရှည်စွာ ဂရုပြုပြီး ဓမ္မဓိဋ္ဌာန်ကျစွာ သတင်းတင်ဆက်ခဲ့သည့်အပေါ် အထူးတန်ဖိုးထား သုံးသပ်ပြောကြားခဲ့သည်။
ဆင်ဟွာသတင်းဌာနနှင့် ယီမင်သတင်းဌာနအဖွဲ့အစည်းများ၏ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သည့် သမိုင်းကြောင်း ရှည်ကြာကြောင်း၊ ယီမင်မီဒီယာလောကနှင့် ပြည်သူများကြားတွင် ကောင်းသတင်းဖြင့်ကျော်စောကြောင်း၊ ဆင်ဟွာသတင်းဌာနနှင့်အတူ လုပ်ငန်းကဏ္ဍဖလှယ်မှု၊ မီဒီယာနည်းပညာ စသည့်ကဏ္ဍများတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားကာ နှစ်ဖက်မီဒီယာ ပူးပေါင်းဆောင်ရွက်မှု အဆင့်သစ်ကို တက်လှမ်းရန် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆင်ဟွာသတင်းဌာနနှင့် အာရပ်အဖွဲ့ချုပ်တို့ ပူးတွဲကြီးမှူးကျင်းပသည့် “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာနှင့် Think Tank အဆင့်မြင့် ဖိုရမ် တရုတ်-အာရပ် မိတ်ဖက်ဆက်ဆံရေး ဆွေးနွေးပွဲကို မေ ၁၂ ရက်မှ မေ ၁၃ ရက်အထိ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ကျင်းပမည် ဖြစ်ရာ ဆွေးနွေးပွဲတက်ရောက်သည့် ဧည့်သည်တော်များက ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး၊ ကဏ္ဍစုံလင်ဖော်ပြရေး၊ ဒစ်ဂျစ်တယ်စမတ် ဆန်းသစ်ဖန်တီးရေး၊ ယဉ်ကျေးမှုအပြန်အလှန်လေ့လောရေး စသည့်အကြောင်းအရာများကို နက်ရှိုင်းစွာ ဖလှယ်သွားကြမည် ဖြစ်သည်။ (Xinhua)

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် လက်ဘနွန်နိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Hassan Falha တို့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ ၂၀၂၆ ခုနှစ် မေ ၁၁ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် ယီမင်နိုင်ငံ သတင်းအချက်အလက်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Hussein Basleem တို့ ၂၀၂၆ ခုနှစ် မေ ၁၁ ရက်က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
——————
(Chinese Version)
傅华会见出席“全球南方”媒体智库高端论坛中阿伙伴大会的部分嘉宾
新华社开罗5月11日电 新华社社长傅华11日在开罗分别会见伊拉克通讯社社长萨塔尔·谢里夫,黎巴嫩新闻部总司长哈桑·穆罕默德·法勒哈,也门信息、文化和旅游部副部长侯赛因·拜斯里姆等出席“全球南方”媒体智库高端论坛中阿伙伴大会的部分嘉宾。
傅华对各位嘉宾参加中阿伙伴大会表示欢迎。他说,新华社高度重视对伊拉克、黎巴嫩和也门的报道,愿同相关国家媒体机构和政府部门一道涵养新闻合作的活水,深化新闻报道、技术创新、人员交流、文化传播等领域的合作,共同讲好中阿携手构建命运共同体的故事,共同讲好全球南方国家追求和平稳定、自主发展和文明传承的故事,为增进中阿人民理解、友谊和全球南方国家团结合作贡献力量。
谢里夫表示,伊通社珍视与新华社的友好合作关系,高度赞赏新华社在全球新闻报道中的专业性和影响力。愿进一步扩大同新华社的合作,共同讲好伊中友好故事,做好两国人民相知相亲的见证者、推动者。
法勒哈表示,新华社拥有深厚的新闻报道传统和丰富的新闻技术发展实践经验,为阿拉伯媒体提供了有益借鉴。期待双方进一步加强经验交流与深度合作,推动黎中媒体关系取得更多成果。
拜斯里姆高度评价新华社长期以来对也门问题和地区局势的持续关注、客观报道。他说,新华社与也门新闻机构友好合作历史悠久,在也门媒体界和民众中享有良好声誉。愿同新华社在业务交流、媒体技术等领域深化合作,推动双方媒体合作迈上新台阶。
由新华通讯社与阿拉伯国家联盟共同主办的“全球南方”媒体智库高端论坛中阿伙伴大会将于12日至13日在开罗举行,与会嘉宾将围绕和平发展、多元叙事、数智创新、文明互鉴等议题开展深入交流。(完)
1. 5月11日,新华社社长傅华在埃及开罗会见伊拉克通讯社社长萨塔尔·谢里夫。新华社记者 刘磊 摄
2. 5月11日,新华社社长傅华在埃及开罗会见黎巴嫩新闻部总司长哈桑·穆罕默德·法勒哈。新华社记者 辛梦晨 摄
3. 5月11日,新华社社长傅华在埃及开罗会见也门信息、文化和旅游部副部长侯赛因·拜斯里姆。新华社记者 张浩波 摄
