Connect with us

Asia

ထိုင်းနိုင်ငံတွင် ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် မြန်မာလုပ်သား ၆ ဦး သေဆုံး

၂၀၁၈ခုနှစ် မတ်လ ၃၀ ရက်နေ့က ထိုင်းနိုင်ငံတွင် ဖြစ်ပွားသော ဘတ်စ်ကားမီးလောင်မှုအား တွေ့ရှိရစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ဘန်ကောက် ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ)

မြန်မာလုပ်သားများလိုက်ပါစီးနင်းလာသော ဘတ်စ်ကားတစ်စီးမှာ ဧပြီလ ၉ ရက် ညပိုင်းက တာ့ခ်ခရိုင်တွင် တိမ်းမှောက်ခဲ့သောကြောင့် အနည်းဆုံး ၆ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ လက်ရှိဒဏ်ရာရသူများ အား နီးစပ်ရာဆေးရုံသို့ပို့ဆောင်ကုသနေကြောင်း ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ဧပြီလ ၁၀ ရက်တွင် ထုတ်ပြန်သည့် သတင်းအရ သိရှိရသည်။

မြန်မာလုပ်သား ၅၁ ဦး တင်ဆောင်လာသည့်ထိုဘတ်စ်ကားမှာ ထိန်းမရဘဲတိမ်းမှောက်ခဲ့ရခြင်းဖြစ်ကြောင်း၊ သေဆုံးသူများမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး ဒဏ်ရာရသူထဲမှ ၁ ဦးက ထိုင်းနိုင်ငံသားဖြစ်ကြောင်းနှင့် အခင်းဖြစ်သည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

ထို နှစ်ထပ်ဘတ်စ်ကားမှာ တာ့ခ်ခရိုင်မဲဆောက်ဂိတ်မှ ဘန်ကောက်အရှေ့ဘက် Chachoengsao သို့ သွားမည့်ဘတ်စ်ကားဖြစ်ပြီး တောင်ဆင်းလမ်းတွင် ဘရိတ်ပေါက်က အရှိန်ထိန်းမနိုင်ဘဲ တိမ်းမှောက်ရခြင်း ဖြစ်သည်ဟု ကနဦးအနေဖြင့် ယူဆရကြောင်း Thai Rath သတင်းစာတွင် ရေးသားထားသည်။

အခင်းဖြစ်ပွားသည့်လမ်းနေရာတွင် ယာဉ်မတော်တဆအမှုများမကြာခဏဖြစ်ပွားတတ်ကြောင်း ၂၀၁၄ ခုနှစ်တွင်လည်း နှစ်ထပ်ဘတ်စ်ကားတစ်စီး တောင်ကုန်းပေါ်မှ ပြုတ်ကျခဲ့သောကြောင့် လူ ၃၂ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။

တာ့ခ်ခရိုင်မှာ ထိုင်းနိုင်ငံအနောက်ပိုင်းတွင်တည်ရှိပြီး မြန်မာနိုင်ငံ ကရင်ပြည်နယ်နှင့်ဆက်စပ်နေရာ တာ့ခ်ခရိုင်ရှိ မဲဆောက်ဂိတ်မှာ ထိုင်း၊မြန်မာနှစ်နိုင်ငံအဓိက ဝင်ထွက်သွားလာရာနှင့် ကုန်ပစ္စည်းကူးသန်းရောင်းဝယ်ရာ အဓိက နယ်စပ်ဂိတ်ဖြစ်ကြောင်း သိရသည်။

ယခုတလောတွင် တာ့ခ်၌ယာဉ်တိမ်းမှောက်မကြာခဏဖြစ်ပွားခဲ့ရာ မတ်လ ၃၀ ရက်ကလည်း မြန်မာလုပ်သား ၄၇ ဦး တင်ဆောင်လာသည့် ဘတ်စ်ကားမီးလောင်မှုကြောင့် လူ ၂၀ သေဆုံးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အသက်ကြီးလူဦးရေတိုးပွားလာခြင်း၊ အလုပ်သမား လခ အနည်းငယ်များခြင်းကြောင့် မြန်မာ၊လာအို၊ကမ္ဘောဒီယားမှ ထိုင်းနိုင်ငံသို့ လာရောက် အလုပ်လုပ်သူအများအပြားရှိသည်။ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ တွင် ထိုင်းနိုင်ငံသို့ အလုပ်လာလုပ်သူ စုစုပေါင်း ၃၈ သိန်းရှိသည့်အနက် မြန်မာနိုင်ငံမှာ အဓိကဖြစ်ကြောင်း ထိုင်းအစိုးရ၏ စာရင်းအင်းများအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.