Culture & Entertainment
ရခိုင် ရိုးရာ ယဉ်ကျေးမှု သြင်္ကန် ပွဲတော်(ရန်ကုန်)၏ ရခိုင်ရိုးရာ နံသာသွေး ပြိုင်ပွဲ ကျင်းပ
ရန်ကုန် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)
ရခိုင် ရိုးရာ ယဉ်ကျေးမှု နှင့် အညီ ရခိုင် ရိုးရာ ယဉ်ကျေးမှု သြင်္ကန် ပွဲတော်(ရန်ကုန်)၏ ရခိုင် ရိုးရာ နံသာသွေး ပြိုင်ပွဲကို ယနေ့ဧပြီ ၁၂ ရက်တွင် ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံ၌ စတင် ကျင်းပ ခဲ့သည်။
ယခုနှစ် ကျင်းပသော ရခိုင် ရိုးရာ ယဉ်ကျေးမှု သြင်္ကန် ပွဲတော်(ရန်ကုန်)သည် ၁၅ ကြိမ်မြောက် ဖြစ်ပြီး နံသာသွေး ပြိုင်ပွဲ တွင် ရခိုင်ပြည်နယ်မှ မြို့နယ် အလိုက် ကိုယ်စားပြု အသင်းအဖွဲ့၂၁ ဖွဲ့မှ ပါဝင် ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။
ရခိုင် ရိုးရာ နံ့သာသွေးပွဲ ကျင်းပမှု မြင်ကွင်းများ(ဆင်ဟွာ)

ယခုနှစ်တွင် ရခိုင်မျိုးနွယ်စုများ ပို၍ ပါဝင်လာခဲ့ကြောင်း ၊ ဝင်ရောက် ယှဉ်ပြိုင်သည့် အသင်းလည်း များပြားလာခဲ့ကြောင်း ၊ ရိုးရာ ယဉ်ကျေးမှုအား မပျောက်ပျက်အောင် ရခိုင်လူမျိုးများ စုပေါင်း ဖော်ထုတ်ကြခြင်း ဖြစ်ကြောင်း ၁၅ ကြိမ်မြောက် ရခိုင် ရိုးရာ ယဉ်ကျေးမှု သြင်္ကန် ပွဲတော်(ရန်ကုန်) ဖြစ်မြောက်ရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရခိုင် ရိုးရာ ယဉ်ကျေးမှု သြင်္ကန် ပွဲတော်(ရန်ကုန်)ကို ရခိုင်ပြည်နယ် ဓမ္မာရုံ၌ ဧပြီ ၁၂ ရက် တွင် နံ့သာ သွေးပွဲ ကျင်းပကာ ဧပြီ ၁၃ ရက် နံနက်ပိုင်းတွင် ဘုရား ရေသပ္ပာယ်ပွဲအား ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး နေ့လည် ပိုင်း တွင် သုဝဏ္ဏကွင်း၌ ရခိုင်သြင်္ကန် ရီလောင်းပွဲ ဖွင့်ပွဲ အခမ်းအနားအား ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။
ရခိုင် ရိုးရာ ယဉ်ကျေးမှု သြင်္ကန် ပွဲတော်(ရန်ကုန်)အား ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ဧပြီ ၁၃ ရက်နေ့မှ ၁၆ ရက်ထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရခိုင်ရိုးရာ ရေလောင်းမဏ္ဍပ်များ ၊ ရခိုင်ရိုးရာယိမ်းအကများ ၊ ရခိုင်တေးသီချင်း သီဆို ဖြေဖျော် မှုများ ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများ ၊ ရခိုင်ရိုးရာအစားအစာများနှင့် အမှတ်တရ ပစ္စည်းများ ရောင်းချခြင်းတို့ဖြင့် စည်ကားစွာ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။
ရခိုင် ရိုးရာ နံ့သာသွေးပွဲသည် ရခိုင် သြင်္ကန် နှင့် အတူ ပေါ်ပေါက်လာသည့် ပွဲဖြစ်ပြီး ရခိုင် သြင်္ကန်၏ ထူးခြားမှုမှာ ဘုရားအား ရေမသပ္ပာယ်ဘဲ ရေမကစား ရကြောင်း ၊ ဘုရားအား နံ့သာရေဖြင့် ပူဇော် သပ္ပာယ် ပြီးမှသာ ရေကစား ကြကြောင်း ၊ ယင်းမှာ ရခိုင်တို့၏ ထူးခြားသည့် ဓလေ့ထုံးစံ တစ်ခု ဖြစ်ကြောင်း သိရသည်။
၁၅ ကြိမ်မြောက် ရခိုင် ရိုးရာ ယဉ်ကျေးမှု သြင်္ကန် ပွဲတော်(ရန်ကုန်)အား ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ရခိုင် တိုင်းရင်းသား လူမျိုး ရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးပြီး ရခိုင် လူမှုရေး အသင်းအဖွဲ့များ ၊ မြို့နယ် အသင်းအဖွဲ့များ စုပေါင်းပါဝင်ကာ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)