Connect with us

Asia

ကင်ဂျုံအန်းက နောက်ဆုံးပေါ် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ် စမ်းသပ်ပစ်လွှတ်မှုကို စောင့်ကြည့်လေ့လာပြီး အဓိက သင်္ဘောကျင်းကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း မြောက်ကိုရီးယား ဗဟိုသတင်းဌာန (KCNA) ဆို

KCNA က ထုတ်ပြန်ထားသည့် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို ကင်ဂျုံအန်း စောင့်ကြည့်လေ့လာနေပုံအား တွေ့ရစဉ် (ဓာတ်ပုံ- Xinhua/ KCNA)

ဆိုးလ်၊ မတ် ၂၁ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယား ဒုံးကျည်စီမံအုပ်ချုပ်ရေးရုံးချုပ်က မတ် ၂၀ ရက်တွင် တရားဝင် စတင်ထုတ်လုပ်သော မြောက်ကိုရီးယား နောက်ဆုံးပေါ် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်ကို စမ်းသပ်ပစ်လွှတ်မှု ပြုလုပ်ခဲ့ကြောင်း၊ ယင်းမှာ ဒုံးကျည်၏ ပြည့်ဝသော တိုက်ခိုက်ရေး စွမ်းဆောင်ရည်ကို စမ်းသပ်ရန်ဖြစ်ကြောင်း၊ မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းက စမ်းသပ်ပစ်လွှတ်မှုကို စောင့်ကြည့်လေ့လာခဲ့ကြောင်း KCNA က မတ် ၂၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။
နောက်ဆုံးပေါ် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်၏ လျင်မြန်သော တိုက်ခိုက်ရေးစွမ်းရည်မှာ လွန်စွာကောင်းမွန်ပြီး လက်နက်စနစ်တစ်ခုလုံး၏ ယုံကြည်စိတ်ချရမှုမှာလည်း အလွန်မြင့်မားသည်ကို ယခုအကြိမ် စမ်းသပ်ပစ်လွှတ်မှု ရလဒ်က ပြသလျက်ရှိကြောင်း၊ ကင်ဂျုံအန်းက အနာဂတ်တွင် မြောက်ကိုရီးယားတပ်ဖွဲ့သည် ဤခုခံကာကွယ်ရေးလက်နက်စနစ် တပ်ဆင်သွားမည်ဟု ပြောကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ကင်ဂျုံအန်းက မတ် ၂၀ ရက်တွင် နန်ဖိုမြို့ရှိ သင်္ဘောကျင်းကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါ သင်္ဘောကျင်း၏ ပြုပြင်မွမ်းမံမှုနှင့် တိုးချဲ့ဆောက်လုပ်မှု အခြေအနေများကို လေ့လာခဲ့ကြောင်း၊ ၎င်းက အမျိုးသား သင်္ဘောကျင်းလုပ်ငန်းအား အရှိန်အဟုန်မြှင့် ခေတ်မီအသွင်ပြောင်းရန်၊ သင်္ဘောတည်ဆောက်မှုစွမ်းရည်ကို အပြည့်အဝ တိုးမြှင့်ရန် တောင်းဆိုခဲ့ရာ ယင်းမှာ “အမျိုးသား စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရေတပ်အင်အား အားဖြည့်ရေးရဲ့ ပဏာမနဲ့ အရေးကြီးတဲ့ ကိစ္စရပ်ဖြစ်တယ်” ဟု ပြောကြားခဲ့ကြောင်း KCNA ၏ မတ် ၂၁ ရက် သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)
………………………..
(Chinese Version)
朝中社:金正恩观摩最新型防空导弹系统试射并视察重要造船厂
新华社首尔3月21日电 朝中社21日报道,朝鲜导弹总局20日对正式开始生产的朝最新型防空导弹系统进行试射,以检验其综合战斗性能。朝鲜劳动党总书记、国务委员长金正恩观摩了试射。
报道说,此次试射结果显示,最新型防空导弹武器系统的快速作战反应能力优越,整个武器系统的可靠性也很高。金正恩表示,朝鲜军队今后将装备这款防御性武器系统。
另据朝中社21日报道,金正恩20日还视察了南浦造船厂,具体了解该厂改扩建情况。金正恩要求国家造船工业快速推进现代化,全面提高造船能力,并表示这是“发展国家经济和加强海军力量的先决而重大问题”。(完)
这是朝中社发布的金正恩观摩试射画面。新华社/朝中社