Media
Balon d’Or ဆု ဆွတ်ခူးနိုင်ရန် ရည်မှန်းထားဟု ဘာစီလိုနာ တောင်ပံကစားသမား လာမင်း ယမားလ် ဖွင့်ဟပြောဆို
ဘာစီလိုနာအသင်း တောင်ပံကစားသမား လာမင်း ယမားလ်က ကမ္ဘာ့အကောင်းဆုံး ကစားသမားကို ချီးမြှင့်လေ့ရှိသည့် အလွန်မက်မောတောင့်တဖွယ်ဖြစ်သော Balon d’Or ဆုကို ဆွတ်ခူးလိုကြောင်း၊ သို့သော် ၎င်း၏ နံပါတ်တစ် ရည်ရွယ်ချက်မှာ ဘာစီလိုနာအသင်း ချန်ပီယံဆုဖလားများ ဆွတ်ခူးနိုင်အောင် ကူညီပေးရန်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ပထမဦးစားပေးက ဘာစီလိုနာအတွက် ဆုဖလားတွေ ရယူပေးဖို့ပါပဲ။ ကျန်တာတွေအားလုံးက အဲဒီနောက်ပိုင်းမှပါ” ဟု စပိန်အားကစားသတင်းစာ Diario AS နှင့် အင်တာဗျူး၌ ယမားလ်က ပြောကြားခဲ့ပြီး Balon d’Or ဆုမှာ အများအားဖြင့် အသင်းလိုက် အောင်မြင်မှုများနှင့် ယှဉ်တွဲနေသော ဆုဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းနှင့် ချန်ပီယံလိဂ်ဖလား၊ စပိန်အသင်းနှင့် ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ရေးက ၎င်း၏အကြီးမားဆုံး မျှော်မှန်းချက်များဖြစ်သည်ဟုလည်း ယမားလ်က ဆိုသည်။ (Xinhua)
………………………
(English Version)
Barca winger Yamal shows his ambition to win Balon d’Or award
FC Barcelona winger Lamine Yamal doesn’t hide his ambition to win the coveted Balon d’Or award for the best player in the world, but says his first ambition is to help his club win titles.
“The first thing is for Barca to win titles, and everything else will follow,” said Yamal in an interview with Spanish sports paper, Diario AS, adding the Balon d’Or was “something that usually comes with team titles.”
He said winning the “Champions League with Barca and the World Cup with Spain” were his “two biggest dreams.”