China
တရုတ်နိုင်ငံ ပြည်တွင်းထုတ် ပထမဆုံးအကြီးစားအပျော်စီးသင်္ဘော “Adora Magic City” ၏ ပထမဆုံး ချင်းသောင်ခရီးစဉ် စတင်

ချင်းသောင် (ဆန်းတုန်း)၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပြည်တွင်းထုတ် ပထမဆုံးအကြီးစားအပျော်စီးသင်္ဘော “Adora Magic City” သည် ဧပြီ ၆ ရက်တွင် တရုတ်နိုင်ငံ ချင်းသောင်မြို့ရှိ နိုင်ငံတကာ အပျော်စီးသင်္ဘောဆိပ်ကမ်း၌ ရပ်နားထားကာ “Adora Magic City” အပျော်စီးသင်္ဘော၏ တရုတ်နိုင်ငံ ကမ်းရိုးတန်းအလည်အပတ် ခရီးစဉ်ကို စတင်ခဲ့ကြောင်း သိရသည်။ “Adora Magic City” အပျော်စီးသင်္ဘောသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စီးပွားဖြစ် ပထမဆုံးခရီးစဉ်ကို စတင်ခဲ့ပြီး ချင်းသောင်ခရီးစဉ်က ၎င်းကို ဌာနေ ရှန်ဟိုင်းဆိပ်ကမ်းမှလွဲ၍ အခြား တရုတ်နိုင်ငံဆိပ်ကမ်းမြို့တွင် စတင်မိတ်ဆက်ခြင်းဖြစ်သည်။ ၎င်းသည် ဌာနေ ချင်းသောင် နိုင်ငံတကာ အပျော်စီးသင်္ဘောဆိပ်ကမ်းမှ တောင်ကိုရီးယားနိုင်ငံ ဂျယ်ဂျူးမြို့နှင့် ဂျပန်နိုင်ငံ ဖူကူအိုကာမြို့သို့ နိုင်ငံတကာ အပျော်စီးသင်္ဘော ခရီးစဉ်များ စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ အပျော်စီးသင်္ဘောဆိပ်ကမ်း၌ ရပ်နားထားသော “Adoora Magic City” အပျော်စီးသင်္ဘောအား ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ အပျော်စီးသင်္ဘောဆိပ်ကမ်း၌ ရပ်နားထားသော “Adoora Magic City” အပျော်စီးသင်္ဘောအား ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ အပျော်စီးသင်္ဘောဆိပ်ကမ်း ဧည့်ခန်းမ၌ သင်္ဘောပေါ် တက်ရောက်ရန် စောင့်ဆိုင်းနေသော ခရီးသည်များကို ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“Adoora Magic City” အပျော်စီးသင်္ဘောဝန်ထမ်းများက ဧည့်ခန်းမဆောင်၌ ဧည့်သည်တော်များအား ကြိုဆိုနေပုံကို ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
————————————————————————————–
首艘国产大型邮轮“爱达·魔都号”开启青岛航次
新华社照片,青岛(山东),2025年4月6日
当日,首艘国产大型邮轮“爱达·魔都号”靠泊青岛国际邮轮母港,正式拉开爱达邮轮中国海岸巡游的序幕。据了解,“爱达·魔都号”于2024年1月1日开启商业首航,青岛航次是其首次在上海母港以外的中国港口城市亮相,将从青岛国际邮轮母港出发开启前往韩国济州和日本福冈的国际邮轮航次。
图1-3:“爱达·魔都号”邮轮靠泊在青岛邮轮母港码头(4月6日摄,无人机照片)。新华社记者 李紫恒 摄
图4:4月6日,人们在青岛邮轮母港接待大厅等候登船。 新华社记者 李紫恒 摄
图5:4月6日,“爱达·魔都号”邮轮上的工作人员在大厅迎客。新华社记者 李紫恒 摄