China
အမေရိကန်ဘက်က စည်းကြပ်ခွန်စစ်ပွဲ၊ ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲမည်ဟု စိတ်ပိုင်းဖြတ်ထားပါက တရုတ်နိုင်ငံအနေဖြင့် အဆုံးထိ တိုက်ပွဲဝင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအပေါ် စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်မည့် အမေရိကန်၏ တစ်ဆင့်တိုး ခြိမ်းခြောက်မှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က အမေရိကန်၏ စည်းကြပ်ခွန် အလွဲသုံးချမှတ်ခြင်းသည် နိုင်ငံအသီးသီး၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားကို အပြင်းအထန် ထိပါးကာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စည်းမျဉ်းစည်းကမ်းများကို အပြင်းအထန် ချိုးဖောက်သလို စည်းမျဉ်းစည်းကမ်းကို အခြေခံသည့် နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို ဆိုးရွားစွာ ထိခိုက်စေပြီး ကမ္ဘာ့စီးပွားရေးစနစ်၏ တည်ငြိမ်မှုကို အပြင်းအထန် ရိုက်ခတ်ခဲ့ကြောင်း၊ ယင်းမှာ စံတင်လောက်သည့် တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ၊ စီးပွားရေးအရ အနိုင်ကျင့်ဗိုလ်ကျမှုဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်မှုကို ခံခဲ့ရကြောင်း၊ ယင်းအပေါ် တရုတ်နိုင်ငံအနေဖြင့်လည်း အပြင်းအထန် ရှုတ်ချကာ အခိုင်အမာကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။
ကုန်သွယ်ရေးစစ်ပွဲ၊ စည်းကြပ်ခွန်စစ်ပွဲတွင် အနိုင်ရရှိသူ ဟူ၍မရှိသလို ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒသည် ထွက်လမ်းမရှိကြောင်း၊ တရုတ်လူမျိုးတို့သည် ရန်စခြင်းမရှိ၊ ရန်စလာလျှင်လည်း ကြောက်ရွံ့ခြင်း မရှိကြောင်း၊ ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ခြင်းတို့က တရုတ်နိုင်ငံနှင့် ပြောဆိုဆက်ဆံရာတွင် မှန်ကန်သော နည်းလမ်းမဟုတ်ကြောင်း လျင်ကျန့်က ထောက်ပြခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် လိုအပ်သောအစီအမံများ လုပ်ဆောင်သွားမည်ဖြစ်ပြီး မိမိပင်ကို တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားကို အခိုင်အမာ ထိန်းသိမ်းစောင့်ရှောက်မည်ဖြစ်ကြောင်း၊ အမေရိကန်ဘက်က နှစ်နိုင်ငံနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ အကျိုးစီးပွားကိုမှ မထောက်ဘဲ စည်းကြပ်ခွန်စစ်ပွဲ၊ ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲရန် စိတ်ပိုင်းဖြတ်ထားပါက တရုတ်နိုင်ငံသည် အဆုံးထိ တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
外交部:如果美方执意打关税战、贸易战,中方必将奉陪到底
新华社北京4月8日电(记者袁睿、成欣)针对美方威胁进一步对华加征50%关税,外交部发言人林剑8日在例行记者会上说,美方滥施关税严重侵犯各国正当权益,严重违反世界贸易组织规则,严重损害以规则为基础的多边贸易体制,严重冲击全球经济秩序稳定,是典型的单边主义、保护主义、经济霸凌,遭到国际社会普遍反对,中方对此强烈谴责、坚决反对。
林剑指出,贸易战、关税战没有赢家,保护主义没有出路。中国人不惹事,也不怕事,施压、威胁和讹诈不是同中方打交道的正确方式。中方必将采取必要措施,坚决维护自身正当合法权益。如果美方置两国和国际社会的利益于不顾,执意打关税战、贸易战,中方必将奉陪到底。(完)