Connect with us

China

တရုတ်နိုင်ငံက အမျိုးသားသဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လျှော့ချရေးနေ့ အထိမ်းအမှတ်အဖြစ် အစီအစဉ်အမျိုးမျိုး ကျင်းပ

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် မြို့တော်ရှီးကျားကျွမ်း ရှင်းလဲ့ခရိုင်အဆင့်မြင့်တွင် ပြုလုပ်သည့် "မီးဘေးအန္တရာယ်အရေးပေါ်အခြေအနေ နေရာရွှေ့ပြောင်းရေးလေ့ကျင့်မှု" ၌ ပါဝင်လေ့ကျင့်နေကြသော ကျောင်းသားကျောင်းသူများကို ၂၀၂၆ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတစ်ဝန်းတွင် မကြာမီ ရောက်ရှိလာမည့် အမျိုးသားသဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လျှော့ချရေးနေ့ အထိမ်းအမှတ်အဖြစ် အစီအစဉ်အမျိုးမျိုး ကျင်းပခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ထုန်ရန် မြို့ ယွိဖိန် တုန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ မူကြိုကျောင်းတစ်ခုတွင် မီးသတ်သမားတစ်ဦး၏ ညွှန်ကြားပြသမှုဖြင့် ပြုလုပ်သည့် “ငလျင်လှုပ်ခြင်းဆိုင်ရာ အရေးပေါ်အခြေအနေ နေရာရွှေ့ပြောင်းရေးလေ့ကျင့်မှု” ၌ ပါဝင်လေ့ကျင့်နေကြသော ကလေးငယ်များကို ၂၀၂၆ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် ကျောင်းကျော့ မြို့ ဝန်းရှန့်ခရိုင်ရှိ မူလတန်းကျောင်းတစ်ခုတွင် ကျောင်းသားကျောင်းသူများအား မီးသတ်နှင့် ကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများနှင့် မိတ်ဆက်ပေးနေသည့် မီးသတ်သမားတစ်ဦးကို ၂၀၂၆ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ကွေ့ယန်မြို့တွင် မီးသတ်သမားများ၏ ညွှန်ကြားပြသမှုဖြင့် ပြုလုပ်သည့် “အရေးပေါ်အခြေအနေ နေရာရွှေ့ပြောင်းရေးလေ့ကျင့်မှု” ၌ ပါဝင်လေ့ကျင့်နေကြသော ကျောင်းသားကျောင်းသူများကို ၂၀၂၆ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် မြို့တော်ရှီးကျားကျွမ်းတွင် “ရင်ခေါင်းဖိနှိပ်၍ နှလုံးနှိုးဆွခြင်းဖြင့် အသက်ကယ်နည်း (CPR)” ကို ဒေသခံများအား သရုပ်ပြနေသည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦးကို ၂၀၂၆ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


……………..
(English Version)
China holds variety of activities to mark National Disaster Prevention and Reduction Day
BEIJING, May 12 (Xinhua) — A variety of activities were held across the country marking the upcoming National Disaster Prevention and Reduction Day.
English Caption 1
Students take part in a fire emergency evacuation drill in Xinle City, Shijiazhuang, north China’s Hebei Province, May 11, 2026. (Photo by Jia Minjie/Xinhua)
English Caption 2
Children take part in an earthquake emergency evacuation drill under the guidance of a firefighter at a kindergarten in Yuping Dong Autonomous County of Tongren City, southwest China’s Guizhou Province, May 11, 2026. (Photo by Hu Panxue/Xinhua)
English Caption 3
A firefighter introduces firefighting and rescue equipment to students at a primary school in Wenxian County of Jiaozuo City, central China’s Henan Province, May 11, 2026. (Photo by Xu Hongxing/Xinhua)
English Caption 4
Students take part in an emergency evacuation drill under the guidance of firefighters in Guiyang, southwest China’s Guizhou Province, May 11, 2026. (Photo by Yuan Fuhong/Xinhua)
English Caption 5
A medical worker demonstrates cardiopulmonary resuscitation (CPR) for residents in Shijiazhuang, north China’s Hebei Province, May 11, 2026. (Photo by Liang Zidong/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.