Africa & Middle East
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌနှင့် အာရပ်အဖွဲ့ချုပ် အကြီးအကဲ တွေ့ဆုံ
ကိုင်ရို၊ မေ ၁၃ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် အာရပ်နိုင်ငံများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် Ahmed Aboul Gheit နှင့် မေ ၁၂ ရက်က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ယခုနှစ်သည် တရုတ်နိုင်ငံနှင့် အာရပ်နိုင်ငံမျာအးကြား သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့်မြောက်သည့် အခါသမယဖြစ်ကြောင်း၊ လွန်ခဲ့သော ဆယ်စုနှစ် ခုနစ်ခုတာကာလအတွင်း ဆင်ဟွာအနေဖြင့် အာရပ်နိုင်ငံများ၏ အမျိုးသားရေးခိုင်မာတိုးတက်မှုကို လျှောက်လှမ်းခြင်း၊ လွတ်လပ်ရေးနှင့် ကိုယ်ပိုင်ရပ်တည်မှုအား ရှာဖွေခြင်းတို့ကို မှန်ကန်စွာ မှတ်တမ်းတင်လျက်ရှိကြောင်း၊ နှစ်ဘက်အကြား ကာလရှည် ချစ်ကြည်ရင်းနှီးစွာ ကူးလူးဖလှယ်မှု သမိုင်းကြောင်းကိုလည်း သက်သေပြုလျက်ရှိကြောင်း ဖုက မှတ်ချက်ပြုခဲ့သည်။
ထို့ပြင် ဆင်ဟွာသတင်းဌာနသည် အာရပ်နိုင်ငံများအဖွဲ့ချုပ်နှင့် ပုံမှန်ဖလှယ်မှုယန္တရား ထူထောင်ရေး၊ အာရပ်နိုင်ငံများနှင့် မီဒီယာပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းရေး၊ အာရပ်ကမ္ဘာနှင့် ကမ္ဘာ့တောင်ဘက်ခြမ်း၏ နိုင်ငံတကာ ပြောရေးဆိုခွင့်ဖော်ပြချက်များ မြှင့်တင်ရေးအတွက် အသိဉာဏ်ပညာ ပံ့ပိုးရေး၊ တရားမျှတမှု၊ သမာသမတ်ကျမှု၊ စည်းလုံးညီညွတ်မှုနှင့် ကိုယ်စီခိုင်မာတိုးတက်မှုဆိုင်ရာ ကမ္ဘာ့တောင်ဘက်ခြမ်း အသံကို တိုးမြှင့်ဖော်ထုတ်ရန် အာရပ်နိုင်ငံများနှင့်အတူ လက်တွဲဆောင်ရွက်ရေး စသည်တို့အတွက် လုပ်ဆောင်ရန်အသင့်ရှိကြောင်း ၎င်းက ဖြည့်စွက်ဖော်ပြခဲ့သည်။
အာရပ်နိုင်ငံများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် Ahmed Aboul Gheit က နှစ်ပေါင်းများစွာကြာ တရုတ်နိုင်ငံ၏ ထင်ရှားသောဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများကို အလေးထားလျက် အာရပ်နှင့် တရုတ်မီဒီယာ သတင်းဌာနများနှင့် Think Tank များသည် နှစ်နိုင်ငံပြည်သူများအကြား ဆက်သွယ်ရေးအတွက် အရေးကြီး ပေါင်းကူးတံတားများဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် နှစ်ဖက်အနေဖြင့် ကူးလူးဆက်ဆံမှုများနှင့် အပြန်အလှန်လေ့လာမှု ခိုင်မာနိုင်မည်ဖြစ်ကာ အာရပ်-တရုတ် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု စဉ်ဆက်မပြတ် နက်ရှိုင်းရေးနှင့် ခိုင်မာတောင့်တင်းရေးအတွက် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)
……………………
(English Version)
Xinhua president meets Arab League chief
CAIRO, May 12 (Xinhua) — President of Xinhua News Agency Fu Hua met here on Tuesday with Ahmed Aboul Gheit, secretary-general of the League of Arab States.
This year marks the 70th anniversary of the establishment of diplomatic relations between China and Arab states, Fu said, noting that over the past seven decades, Xinhua has faithfully documented Arab states’ development journey in pursuing national self-strengthening and seeking independence and autonomy, while also bearing witness to the long-standing history of friendly exchanges between the two sides.
Xinhua stands ready to establish a regular exchange mechanism with the League of Arab States, strengthen media cooperation with Arab states, provide intellectual support for enhancing the international discourse power of the Arab world and the Global South, and join hands with the League of Arab States to amplify the voice of the Global South for fairness, justice, solidarity, and self-strengthening, he added.
Highlighting China’s remarkable development achievements over the years, Gheit, for his part, noted that Arab and Chinese media outlets and think tanks are important bridges for communication between the two peoples.
He expressed hope that the two sides can strengthen exchanges and mutual learning, so as to continuously deepen and consolidate Arab-China friendship and cooperation.
