Connect with us

Media

SCO အနေဖြင့် WTO အား ဗဟိုပြုသော ကုန်သွယ်မှုကို ဦးစားပေးအဖြစ် သတ်မှတ်ကာ တစ်ဖက်သတ်ဝါဒကို ဆန့်ကျင်ကြောင်း SCO အထွေထွေအတွင်းရေးမှူးချုပ် ပြော

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အနေဖြင့် အလှည့်ကျဥက္ကဋ္ဌ တရုတ်နိုင်ငံ၏လက်ထက်၌ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ကာကွယ်ရေး၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အား ဗဟိုပြုသည့် တရားမျှတသော ကမ္ဘာ့ကုန်သွယ်ရေးစနစ်ကို မြှင့်တင်ရေးအတွက် လေးလေးနက်နက် အာရုံစိုက်လျက်ရှိကြောင်း အစ္စလာမ်မာဘတ်မြို့တွင် ဆင်ဟွာသတင်းဌာနနှင့် မကြာမီက ပြုလုပ်ခဲ့သည့် သီးသန့်အင်တာဗျူးတစ်ခု၌ SCO အထွေထွေအတွင်းရေးမှူးချုပ် နာလန် ယာမက်ဘာယက်ဗ်က ပြောကြားခဲ့သည်။
WTO က အဓိကအခန်းကဏ္ဍမှ ပါဝင်ကာ ပွင့်လင်းမြင်သာ၍ တံခါးဖွင့်သော၊ ဒီမိုကရေစီနည်းလမ်းတကျရှိ၍ ဥပဒေနှင့်ညီညွတ်သော နိုင်ငံတကာ ကုန်သွယ်ရေးစနစ် ထူထောင်ရေးအတွက် SCO အနေဖြင့် ခိုင်ခိုင်မာမာ ကတိကဝတ်ပြုကြောင်း ယာမက်ဘာယက်ဗ်က အလေးအနက် ပြောကြားခဲ့သည်။ (Xinhua)

………………………..
(English Version)
SCO prioritizes WTO-centric trade, counters unilateralism: secretary-general
STORYLINE:
Under China’s rotating presidency, the Shanghai Cooperation Organization (SCO) is placing a strong focus on defending multilateralism and promoting a fair, WTO-centered global trade system, SCO Secretary-General Nurlan Yermekbayev said in a recent exclusive interview with Xinhua in Islamabad.
Yermekbayev emphasized that the SCO is firmly committed to building a transparent, open, democratic, and lawful international trading system with the World Trade Organization (WTO) playing a central role.