Connect with us

Media

တရုတ်အာကာသယာဉ်မှူးများ ဂြိုဟ်ပတ်လမ်းကြောင်းတွင် လုပ်ငန်းလွှဲပြောင်းမှုလုပ်ဆောင်ပြီးစီး

ကျိုချွမ်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
ရှန်ကျိုး-၁၉၊ ရှန်ကျိုး-၂၀ အာကာသယာဉ်မှူးအဖွဲ့များသည် ဧပြီ ၂၇ ရက်တွင် လုပ်ငန်းလွှဲပြောင်းမှုအခမ်းအနား လုပ်ဆောင်ခဲ့ပြီး အာသာယာဉ်မှူးအဖွဲ့နှစ်ဖွဲ့သည် တရုတ်အာကာသစခန်း၏ သော့များ လွှဲပြောင်းခဲ့သည်။
ရှန်ကျိုး-၁၉ အာကာသယာဉ်မှူးအဖွဲ့သည် သတ်မှတ်ထားသောတာဝန်များ အားလုံးကို လုပ်ဆောင်ပြီးဖြစ်ကာ ဧပြီ ၂၉ ရက်တွင် ရှန်ကျိုး-၁၉ လူလိုက်ပါ အာကာသယာဉ်နှင့်အတူ တုန်းဖုန်းဆင်းသက်ရေးနေရာသို့ ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ် အေဂျင်စီ (CMSA) ၏ သတင်းများအရ သိရသည်။
လက်ရှိတွင် အာကာသယာဉ်မှူးများ အိမ်ပြန်လာမှုအား ကြိုဆိုရန်အတွက် အာကာသယာဉ် ဆင်းသက်ရေးနေရာနှင့် စမ်းသပ်မှုတွင် ပါဝင်မည့်စနစ်များကို ပြင်ဆင်မှုများ အပြည့်အဝ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

———————-
(Chinese Version)
中国航天员乘组完成在轨交接 神十九航天员即将返回地球
新华社酒泉4月27日电(记者李国利、刘一诺)神舟十九号、神舟二十号航天员乘组27日进行交接仪式,两个乘组移交了中国空间站的钥匙。
据中国载人航天工程办公室介绍,神舟十九号航天员乘组已完成全部既定任务,将于4月29日乘坐神舟十九号载人飞船返回东风着陆场。
目前,着陆场及各参试系统正在紧锣密鼓做好迎接航天员回家的各项准备。(完)
图说:4月25日在北京航天飞行控制中心拍摄的神舟二十号航天员乘组和神舟十九号航天员乘组“全家福”。新华社记者 金立旺 摄