China
၁၁ ကြိမ်မြောက် တရုတ်-အာရပ် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲနှင့် ၉ ကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကို တရုတ်နိုင်ငံ ဟိုင်ခိုမြို့တွင် ဖွင့်လှစ်

ဟိုင်ခို၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
၁၁ ကြိမ်မြောက် တရုတ်-အာရပ် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲနှင့် ၉ ကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကို တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့တွင် ဧပြီ ၂၈ ရက်က ဖွင့်လှစ်ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲအား တရုတ်နိုင်ငံ နိုင်ငံတကာကုန်သွယ်မှု အားပေးမြှင့်တင်ရေးကောင်စီ၊ ဟိုင်နန်ပြည်နယ် ပြည်သူ့အစိုးရ၊ အာရပ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးရုံး၊ အာရပ်နိုင်ငံများ၏ ကူးသန်းရောင်းဝယ်ရေး၊ စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆိုင်ရာ အထွေထွေအသင်းအဖွဲ့တို့က ပူးတွဲကျင်းပခဲ့ခြင်းဖြစ်သည်။
ယင်းဆွေးနွေးပွဲ၌ ပြည်တွင်း၊ ပြည်ပရှိ နိုင်ငံရေးနှင့် စီးပွားရေးအသိုင်းအဝိုင်းမှ ကိုယ်စားလှယ်ပေါင်း ၁,၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/3c5

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့တွင် ၁၁ ကြိမ်မြောက် တရုတ်-အာရပ် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲနှင့် ၉ ကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပနေပုံကို ၂၀၂၅ ခုနှစ် ဧပြီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………….
(English Version)
11th China-Arab Business Conference and 9th Investment Seminar of the China-Arab States Cooperation Forum opens in Haikou
HAIKOU, April 28 (Xinhua) — The 11th China-Arab Business Conference and the 9th Investment Seminar of the China-Arab States Cooperation Forum opened in Haikou of south China’s Hainan Province Monday.
The conference was co-hosted by the China Council for the Promotion of International Trade, the People’s Government of Hainan Province, the Secretariat of the Arab League, and the General Union of Chambers of Commerce, Industry & Agriculture of the Arab Countries.
More than 1,000 representatives from domestic and international political and business circles attended the event. xhtxs.cn/3c5
English Caption 1
This photo taken on April 28, 2025 shows a panel discussion of the 11th China-Arab Business Conference and the 9th Investment Seminar of the China-Arab States Cooperation Forum in Haikou, south China’s Hainan Province. (Xinhua/Pu Xiaoxu)
English Caption 2
This photo taken on April 28, 2025 shows a scene of the opening ceremony of the 11th China-Arab Business Conference and the 9th Investment Seminar of the China-Arab States Cooperation Forum in Haikou, south China’s Hainan Province. (Xinhua/Pu Xiaoxu)