Europe
မကြာမီအချိန်အတွင်း တွေ့ဆုံရန် ကနေဒါနှင့် အမေရိကန်ခေါင်းဆောင်တို့ သဘောတူညီ

အော့တဝါ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)
ကနေဒါ ဝန်ကြီးချုပ် မာ့ခ်ကာနီနှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့မှာ မကြာမီအချိန်အတွင်း လူချင်းတွေ့ဆုံရန် သဘောတူညီခဲ့ကြောင်း သိရသည်။စည်းကြပ်ခွန်၊ ကနေဒါအား သိမ်းယူမည်ဟုဆိုသော ထရမ့်၏ ခြိမ်းခြောက်မှု စသော အကြောင်းအရာများက လွှမ်းမိုးထားသည့် ဧပြီ ၂၈ ရက် ပါလီမန်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး တစ်ရက်အကြာ ဧပြီ ၂၉ ရက်၌ ကာနီက ထရမ့်နှင့် ဆွေးနွေးပြောဆိုခဲ့သည်ဟု ကနေဒါ ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ကနေဒါနိုင်ငံ တိုရွန်တိုမြို့ရှိ မဲရုံတစ်ရုံသို့ မဲဆန္ဒရှင်တစ်ဦး ရောက်ရှိလာသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကနေဒါနှင့် အမေရိကန်တို့မှာ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံများအဖြစ် ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း ထိုသို့ဆွေးနွေးစဉ်အတွင်း ခေါင်းဆောင်နှစ်ဦးက သဘောတူညီခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ကာနီက အောင်ပွဲခံမိန့်ခွန်း ပြောကြားရာ၌ ကနေဒါ-အမေရိကန် ဆက်ဆံရေးအကြောင်း မကြာခဏ ထည့်သွင်းပြောဆိုခဲ့ပြီး အမေရိကန်နှင့် ဖြစ်ပွားနေသော တင်းမာမှုများကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကိုလည်း ၎င်းက သတိပေးခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………………
(English Version)
Canadian, U.S. leaders agree to meet in near future
OTTAWA, April 29 (Xinhua) — Canadian Prime Minister Mark Carney and U.S. President Donald Trump on Tuesday agreed to meet in person in the near future.
According to a readout issued by the prime minister’s office, Carney spoke with Trump on Tuesday, one day after the victory in Monday’s parliamentary elections which were dominated by issues like tariffs and annexation threats from Trump.
The leaders agreed on the importance of Canada and the United States working together as independent, sovereign nations, said the readout.
Carney mentioned Canada-U.S. relations several times during his victory speech, reminding Canadians of the challenges posed by ongoing hostilities with the United States.
English Caption 1
The screenshot from a video shows Mark Carney arriving at a press conference after a swearing-in ceremony in Ottawa, Canada, on March 14, 2025. (Photo by Mick Gzowski/Xinhua)
English Caption 2
A voter arrives at a polling station in Toronto, Canada, on April 28, 2025. (Photo by Zou Zheng/Xinhua)