International Organizations
အိန္ဒိယ-ပါကစ္စတန် အခြေအနေကို စေ့စပ်ညှိနှိုင်းပေးလိုကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ပြောကြား

ကုလသမဂ္ဂ၊ မေ ၆ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ၎င်းအနေဖြင့် နှစ်နိုင်ငံ အစိုးရအတွက် စေ့စပ်ညှိနှိုင်းမှုများပံ့ပိုးပေးကာ ငြိမ်းချမ်းရေးမြှင့်တင်သွားလိုကြောင်း မေ ၅ ရက်တွင် အိန္ဒိယနှင့် ပါကစ္စတန် လက်ရှိ အခြေအနေတင်းမာမှုများနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်။
အိန္ဒိယနှင့် ပါကစ္စတန်အကြား အခြေအနေတင်းမာမှုများသည် နှစ်ပေါင်းများစွာတွင် “အမြင့်ဆုံး” သို့ ရောက်ရှိနေကြောင်း၊ ထို့အပေါ် ၎င်းအနေဖြင့် နက်နက်ရှိုင်းရှိုင်း ကြေကွဲရကြောင်း ဂူတာရက်စ်က ယင်းနေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ဧပြီ ၂၂ ရက်က အိန္ဒိယထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသတွင် ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုကို ၎င်းက ထပ်မံ အပြင်းအထန် ပြစ်တင်ရှုတ်ချခဲ့ပြီး သေဆုံးသူများ၏ မိသားစုဝင်များအား နှစ်သိမ့်စကားပြောကြားခဲ့သည်။ အရပ်သားများအား ဦးတည်သည့် တိုက်ခိုက်ရေးလှုပ်ရှားမှုသည် လက်ခံ၍ မရကြောင်း၊ ယုံကြည်ရပြီး တရားဝင်နည်းလမ်းဖြင့် အကြမ်းဖက်မှုကျူးလွန်သူများအား တရားဥပဒေနှင့်အညီ မုချမသွေ အရေးယူသွားရမည် ဖြစ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။
“စစ်ရေးနည်းလမ်းသည် ဖြေရှင်းသည့်နည်းလမ်းမဟုတ်” ကြောင်း၊ လက်ရှိ ယခုလို အရေးကြီးအချိန်အခါ၌ အရေးကြီးဆုံးမှာ “ထိန်းချုပ်မှု အလွယ်တကူ လွတ်သွားနိုင်” သည့် စစ်ရေးထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ကြဉ်ရန် ဖြစ်ကြောင်း ဂူတာရက်စ်က အလေးထားပြောကြားခဲ့သည်။ အိန္ဒိယ-ပါကစ္စတန် နှစ်ဖက်အနေဖြင့် “အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း” ဆောင်ရွက်ကြရန် ၎င်းက တိုက်တွန်းခဲ့သည်။
ကုလသမဂ္ဂအနေဖြင့် အခြေအနေဖြေလျှော့ခြင်း၊ သံတမန်ရေး တွန်းအားပေးခြင်းနှင့် ငြိမ်းချမ်းရေးအဆိုပြုချက်ကို တစ်ဖန်ပြန်လည်အားထုတ်ခြင်းအား အထောက်အကူဖြစ်စေသည့် မည်သည်ကိုမဆို ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် နှစ်နိုင်ငံ အစိုးရအတွက် စေ့စပ်ညှိနှိုင်းမှုများပံ့ပိုးပေးကာ ငြိမ်းချမ်းရေးမြှင့်တင်သွားလိုကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။
ဧပြီ ၂၂ ရက်တွင် အိန္ဒိယထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသ၌ ခရီးသွားဧည်သည့်များအား ပစ်မှတ်ထားသည့် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ သေဆုံးဒဏ်ရာရမှုအများအပြား ဖြစ်ပွားခဲ့သည်။ ထို့နောက် အိန္ဒိယနှင့် ပါကစ္စတန်တို့က တင်းမာသည့်အစီအမံများ ဆောင်ရွက်ခဲ့ရာ အခြေအနေများ အရှိန်အဟုန် မြင့်တက်လာခဲ့သည်။ (Xinhua)
———————
(Chinese Version)
联合国秘书长表示愿就印巴局势进行斡旋
新华社联合国5月5日电(记者潘云召)联合国秘书长古特雷斯5日就印度和巴基斯坦当前紧张局势表示,他愿为两国政府提供斡旋,以促进和平。
古特雷斯在当天举行的记者见面会上说,印巴之间的紧张局势正达到多年来的“最高点”,他对此深感痛心。他再次强烈谴责4月22日印控克什米尔地区发生的恐怖袭击,并向遇难者家属表示慰问。他强调,针对平民的袭击行为是不可接受的,必须通过可信和合法的手段将肇事者绳之以法。
古特雷斯强调,“军事方案并非解决方案”。在目前这个关键时刻,至关重要的是避免一场“可能轻易失控”的军事对抗。他呼吁印巴双方保持“最大限度的克制”。 古特雷斯表示,联合国支持任何有助于缓和局势、推动外交和重新致力于和平的倡议。他愿意为两国政府提供斡旋,以促进和平。
4月22日,印控克什米尔地区发生针对游客的枪击事件,造成重大人员伤亡。随后印度与巴基斯坦均采取强硬措施,引发局势升级。(完)
1. 5月5日,在位于纽约的联合国总部,联合国秘书长古特雷斯在记者见面会上讲话。新华社记者 谢锷 摄