Politics, Law & Military
တရုတ်-ဆာဘီးယား အေးအတူပူအမျှ အသိုက်အဝန်း အရည်အသွေးမြင့် တည်ဆောက်ရေး သမ္မတ ရှီ တိုက်တွန်း

မော်စကို၊ မေ ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် ဆာဘီးယားနိုင်ငံတို့သည် သံမဏိကဲ့သို့ ခိုင်မြဲသောချစ်ကြည်ရင်းနှီးမှု ရှေ့ဆက်ရေး၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရေးနှင့် တရုတ်-ဆာဘီးယား အေးအတူပူအမျှ အသိုက်အဝန်း အရည်အသွေးမြင့် တည်ဆောက်ရေးအတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မေ ၉ ရက်၌ ပြောကြားခဲ့သည်။ရှီသည် ဆာဘီးယားနိုင်ငံ သမ္မတ အလက်ဇန်းဒါး ဗူဆစ်နှင့် ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်အောင်ပွဲ နှစ် ၈၀ ပြည့်အထိမ်းအမှတ် အခမ်းအနားပွဲများအတွင်း သီးခြားတွေ့ဆုံစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။
ယမန်နှစ်က ဆာဘီးယားသို့ ၎င်း၏ နိုင်ငံတော်ခရီးစဉ်အောင်မြင်မှုကို မှတ်ချက်ပြုလျက် လွန်ခဲ့သောနှစ်အတွင်း ခေတ်သစ် တရုတ်-ဆာဘီးယား အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုမှာ ကောင်းသောအစပြုမှုဖြစ်ခဲ့သလို အောင်မြင်မှုများအနေဖြင့်လည်း အားလုံး ထင်သာမြင်သာရှိခဲ့ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/3up
……………………………………..
(English Version)
Xi calls for advancing building of China-Serbia community with shared future
MOSCOW, May 9 (Xinhua) — Chinese President Xi Jinping said on Friday that China and Serbia should carry forward the ironclad friendship, boost mutually beneficial cooperation and advance the high-quality building of a China-Serbia community with a shared future.
Xi made the remarks while meeting with Serbian President Aleksandar Vucic on the sidelines of the celebrations marking the 80th anniversary of the victory in the Soviet Union’s Great Patriotic War.
Noting his successful state visit to Serbia in May last year, Xi said that over the past year, the building of a China-Serbia community with a shared future in a new era has got off to a good start and the achievements are obvious to all. xhtxs.cn/3up
Photo 1: Chinese President Xi Jinping meets with Serbian President Aleksandar Vucic on the sidelines of the celebrations marking the 80th anniversary of the victory in the Soviet Union’s Great Patriotic War in Moscow, Russia, May 9, 2025. (Xinhua/Ding Haitao)