Politics, Law & Military
အိန္ဒိယ-ပါကစ္စတန် တင်းမာမှုအရှိန်အဟုန်မြှင့်တက်မှုနှင့်စပ်လျဉ်း၍ သတင်းထောက်များ၏ မေးမြန်းချက်အား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဖြေကြား

ပေကျင်း၊ မေ ၁၀ ရက် (ဆင်ဟွာ)
အိန္ဒိယ-ပါကစ္စတန် တင်းမာမှု အရှိန်အဟုန်မြှင့်တက်မှုနှင့်စပ်လျဉ်း၍ သတင်းထောက်များ၏ မေးမြန်းချက်အား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မေ ၁၀ ရက်တွင် ပြန်လည်ဖြေကြားခဲ့သည်။သတင်းထောက်တစ်ဦးက လတ်တလောကာလများတွင် အိန္ဒိယနှင့် ပါကစ္စတန် အကြား တင်းမာမှု အရှိန်အဟုန် ဆက်တိုက် မြင့်တက်လာခဲ့ကြောင်း၊ မေ ၁၀ ရက် နံနက်ပိုင်းတွင် အိန္ဒိယက ပါကစ္စတန် Nur Khan လေတပ်စခန်း စသည့်အဆောက်အဦများကို တိုက်ခိုက်ခဲ့ရာ ပါကစ္စတန်အနေဖြင့် ပြတ်ပြတ်သားသား တုံ့ပြန်တိုက်ခိုက်သွားမည် ဖြစ်ရာ လက်ရှိတွင် ပါကစ္စတန်ဘက်က “Operation Bunyan-ul-Marsoos” စစ်ရေးလှုပ်ရှားမှု စတင်လိုက်ပြီဖြစ်သည်ဟု ပါကစ္စတန်နိုင်ငံက ပြောကြားခဲ့ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံက မည်သို့ သုံးသပ်ပြောကြားလိုပါသနည်း ဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ထို့အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံဘက်က လက်ရှိ အိန္ဒိယ-ပါကစ္စတန် အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ ဖြစ်ရပ်အခြေအနေ အရှိန်အဟုန် မြင့်တက်လာမှုအပေါ် များစွာစိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယ-ပါကစ္စတန် နှစ်ဖက်အနေဖြင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အခင်းအကျင်းကြီးကို အဓိကထား၍ ထိန်းထိန်းသိမ်းသိမ်း တည်တည်ငြိမ်ငြိမ်ရှိကြရန်၊ ငြိမ်းချမ်းရေးနည်းလမ်းဖြစ်သည့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိကြရန်၊ တင်းမာမှုအခြေအနေ တစ်ဆင့်တိုး အရှိန်မြင့်တက်စေမည့် လှုပ်ရှားမှုများကို ရှောင်ရှားကြရန် အပြင်းအထန် တိုက်တွန်းကြောင်း၊ ယင်းမှာ အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံ၏ အခြေခံ အကျိုးစီးပွားနှင့် ကိုက်ညီသလို ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် အကျိုးရှိစေသည့်အပြင် နိုင်ငံတကာအသိုက်အဝန်း၏ အများမျှော်လင့်ချက်လည်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ထို့အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
—————————————
(Chinese Version)
外交部发言人就印巴局势升级答记者问
新华社北京5月10日电 外交部发言人10日就印巴局势升级答记者问。
有记者问:近来,印度和巴基斯坦之间的紧张局势持续升级。巴基斯坦方面表示,5月10日凌晨,印度对巴基斯坦的努尔汗空军基地等设施进行了打击,巴方将进行坚决回击。目前,巴方已启动“铜墙铁壁”军事行动。中方对此有何评论?
发言人表示,中方密切关注当前印巴局势,对事态升级深感担忧。我们强烈呼吁印巴双方以和平稳定大局为重,保持冷静克制,回到以和平方式政治解决轨道,避免采取使紧张局势进一步升级的行动。这符合印巴两国的根本利益,有利于地区的和平稳定,也是国际社会的普遍期待。中方愿继续为此发挥建设性作用。(完)