Connect with us

Asia

တောင်ကိုရီးယား နှင့် မြောက်ကိုရီးယားတို့ မေ ၁၆ ရက်တွင် အဆင့်မြင့်ဆွေးနွေးပွဲပြုလုပ်ရန် သဘောတူ

တောင်ကိုရီးယားနိုင်ငံ နှင့် မြောက်ကိုရီးယားနိုင်ငံ နယ်စပ်ရှိ ပန်မွန်ဂျုံရွာရှိ မြောက်ကိုရီးယား အစောင့်တပ်သားများအားတွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ မေ ၁၅ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ နှင့် မြောက်ကိုရီးယားနိုင်ငံ တို့သည် ပန်မွန်ဂျုံ နယ်စပ်ရွာ၌ မေ ၁၆ ရက်တွင် အဆင့်မြင့်ဆွေးနွေးပွဲပြုလုပ်ရန် သဘောတူညီခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန က မေ ၁၅ ရက်တွင်ပြောကြားခဲ့သည်။

နှစ်နိုင်ငံဘက်မှ အဆင့်မြင့်အရာရှိကြီးများသည် ကိုရီးယားနှစ်နိုင်ငံကို ခွဲခြားထားသော စစ်မဲ့ဇုန်အတွင်းရှိ ပန်မွန်ဂျုံရွာ ရှိ တောင်ကိုရီးယားအဆောက်အအုံ တစ်လုံးဖြစ်သည့် ငြိမ်းချမ်းရေးအိမ်တော်တွင် တွေ့ဆုံကာ ပန်မွန်ဂျုံကြေညာချက်အား ပြဌာန်းနိုင်ရန် နည်းလမ်းများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း တို့အကြား တတိယအကြိမ်မြောက် ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးညီလာခံ အပြီး ဧပြီး ၂၇ ရက် တွင် ပန်မွန်ဂျုံကြေညာချက်အား ကြေညာခဲ့ပြီး နျူကလီးယားလက်နက် လုံးဝကင်းစင်ရေး နှင့် လက်ရှိ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အား ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုအဖြစ် ၂၀၁၈ခုနှစ်အကုန်တွင် ပြောင်းလဲနိုင်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံဘက်က မေ ၁၄ ရက်တွင် အဆင့်မြင့်ဆွေးနွေးပွဲပြုလုပ်ရန် အဆိုတင်သွင်းခဲ့သော်လည်း မြောက်ကိုရီးယားနိုင်ငံဘက်က မေ ၁၆ ရက်တွင် ယင်းဆွေးနွေးပွဲမျိုးပြုလုပ်ရန် တန်ပြန်အဆိုတင်သွင်းခဲ့ပြီး ယင်းအဆိုအား တောင်ကိုရီးယားနိုင်ငံက မေ ၁၅ ရက်တွင် သဘောတူညီခဲ့ကြောင်း သိရသည်။

အဖွဲ့ဝင် ၅ဦးပါဝင်သော မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့အား အဖမြေငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး ကော်မတီ ဥက္ကဋ္ဌ Ri Son Gwon က ဦးဆောင်မည်ဖြစ်ပြီး ရထားလမ်း၊ အားကစား နှင့် ကိုရီးယားနှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့အား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီး Cho Myoung-gyon ကဦးဆောင်လာမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.