China
တရုတ်-အာဖဂနစ္စတန်-ပါကစ္စတန် သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲ ရလဒ်အား ဝမ်ရိ ပြောကြား

ပေကျင်း၊ မေ ၂၂ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တရုတ်-အာဖဂန်စ္စတန်-ပါကစ္စတန် သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောဆွေးနွေးပွဲကို မေ ၂၁ ရက်က ပေကျင်းမြို့၌ ကြီးမှူးကျင်းပခဲ့ရာ ပါကစ္စတန်ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mohammad Ishaq Dar ၊ အာဖဂန်နစ္စတန် ယာယီနိုင်ငံခြားရေးဝန်ကြီး Mawlawi Amir Khan Muttaqi တို့ တက်ရောက်ခဲ့ကြသည်။ သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက တရုတ်-အာဖဂန်နစ္စတန်-ပါကစ္စတန် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ၌ ရရှိသော အောင်မြင်မှုရလဒ်များအား အပြုသဘောသုံးသပ်ခဲ့ကြပြီး သုံးပွင့်ဆိုင်ယန္တရား အလားအလာအား တစ်ဆင့်တိုး ဖော်ထုတ်မှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရေးနှင့် စပ်လျဉ်း၍ ချစ်ကြည်ရင်းနှီးစွာ နက်နက်ရှိုင်းရှိုင်း အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြသည်။
ဝမ်ရိက ဆွေးနွေးပွဲ အောင်မြင်မှုရလဒ်များအား အနှစ်ချုပ် စီမံပြောကြားခဲ့ရာ အဓိကအားဖြင့် အောက်ပါ အချက် ၇ ချက်ပါရှိသည်။
(၁) နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုကို တိုးမြှင့်၍ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းဆက်ဆံရေးကို လက်ကိုင်ထားမည် ဖြစ်သည်။ တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန် နှစ်နိုင်ငံက မိမိနိုင်ငံအခြေအနေနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ် လျှောက်လှမ်းမှုကို ထောက်ခံအားပေးသလို အာဖဂန်နစ္စတန်၊ ပါကစ္စတန်နိုင်ငံတို့၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာအား ကာကွယ်ထိန်းသိမ်းမှုကို ထောက်ခံအားပေးသည်။
(၂) တရုတ်-အာဖဂန်နစ္စတန်-ပါကစ္စတန် သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးမှုယန္တရား၏ အခန်းကဏ္ဍကို အသုံးပြုကာ ကဘူးလ်မြို့၌ ၆ ကြိမ်မြောက် တရုတ်-အာဖဂန်နစ္စတန်-ပါကစ္စတန် သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲကို အမြန်ဆုံး ကျင်းပမည် ဖြစ်သည်။
(၃) နီးကပ်သောဆက်ဆံရေးထားရှိ၍ သံတမန်ဆက်သွယ်ရေးကို အားဖြည့်မည် ဖြစ်သည်။ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့က သံတမန်ဆက်ဆံရေး အဆင့်မြှင့်တင်လိုကြောင်း အတိအလင်းပြောကြားပြီး အပြန်အလှန် သံအမတ်ကြီး စေလွှတ်ရန် မူအားဖြင့်သဘောတူခဲ့သည်။ ထို့အပေါ် တရုတ်နိုင်ငံက ကြိုဆိုကြောင်းနှင့် အာဖဂန်နစ္စတန်-ပါကစ္စတန် ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် အကူအညီများ ဆက်လက်ပေးအပ်သွားလိုကြောင်း ပြောကြားခဲ့သည်။
(၄) “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်ကို နက်ရှိုင်းစွာ ဆောင်ရွက်သွားမည် ဖြစ်ပြီး တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ အာဖဂန်နစ္စတန်သို့ ရှေ့ဆက်နိုင်ရေးတွန်းအားပေးသွားမည် ဖြစ်သလို ဒေသတွင်း အပြန်အလှန်ချိတ်ဆက်မှုကွန်ရက် တည်ဆောက်ရေးကို အားဖြည့်သွားမည် ဖြစ်သည်။
(၅) လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးပြီး ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများကို ချဲ့ထွင်ကာ ပူးပေါင်းဆောင်ရွက်မှုအဆင့်ကို မြှင့်တင်သွားမည် ဖြစ်သည်။ တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံ ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ခံအားပေးရာ အာဖဂန်နစ္စတန်နှင့် ကုန်သွယ်ရေးအသွားအလာများ တိုးချဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံ ကိုယ်တိုင်ရပ်တည် ဖွံ့ဖြိုးတိုးတက်နိုင်ရေးစွမ်းအားကို မြှင့်တင်ရာတွင် ကူညီပေးရန် ဆန္ဒရှိကြသည်။
(၆) အကြမ်းဖက်ဝါဒ ပုံစံမှန်သမျှကို ဆန့်ကျင်ပြီး တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်သွားမည် ဖြစ်သည်။ ကိုယ်စီစိုးရိမ်ပူပန်မှုရှိကြသည့် အကြမ်းဖက်အင်အားကို လက်တွဲအတူတိုက်ဖျက်သွားမည် ဖြစ်သလို ဒေသတွင်းနိုင်ငံများ၏ ပြည်တွင်းရေးတွင် ပြင်ပအင်အားစွက်ဖက်မှုအား သတိထားကာကွယ်သွားမည် ဖြစ်သည်။
(၇) ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းမည် ဖြစ်ရာ ကိုယ်စီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သော ပြင်ပပတ်ဝန်းကျင်ကို ကြိုးပမ်းတည်ဆောက်သွားမည် ဖြစ်သည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်-အာဖဂန်စ္စတန်-ပါကစ္စတန် သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောဆွေးနွေးပွဲကို မေ ၂၁ ရက်က ပေကျင်းမြို့၌ ကြီးမှူးကျင်းပခဲ့ရာ ပါကစ္စတန်ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mohammad Ishaq Dar ၊ အာဖဂန်နစ္စတန် ယာယီနိုင်ငံခြားရေးဝန်ကြီး Mawlawi Amir Khan Muttaqi တို့ တက်ရောက်ကြသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
————————
(Chinese Version)
王毅谈中阿巴三方外长会晤成果
新华社北京5月21日电 5月21日,中共中央政治局委员、外交部长王毅在京主持中国-阿富汗-巴基斯坦三方外长非正式会晤,巴基斯坦副总理兼外长达尔、阿富汗代理外长穆塔基出席。三国外长积极评价中阿巴三方对话取得的成果,就进一步挖掘三方机制潜力、推进互利合作友好深入交换了意见。
王毅梳理总结了会议成果,主要有以下七点:
一是增进政治互信,坚持睦邻友好。中方支持阿巴两国走符合本国国情的发展道路,支持阿巴维护主权、安全和民族尊严。
二是发挥中阿巴三方外长对话机制作用,尽早在喀布尔举办第六次中阿巴三方外长对话。
三是密切交往,加强外交联系。阿巴明确表示愿提升外交关系水平,原则同意尽快互派大使,中方对此表示欢迎,并愿继续为阿巴关系改善提供帮助。
四是深化共建“一带一路”合作,推动中巴经济走廊向阿延伸,加强地区互联互通网络建设。
五是推进务实合作,拓展合作领域,提升合作水平。中巴支持阿重建发展,愿扩大同阿贸易往来,帮助阿增强自主发展能力。
六是反对一切形式的恐怖主义,开展执法安全合作,携手打击各自关切的恐怖势力,警惕防范外部势力干涉地区国家内政。
七是维护地区和平稳定,努力为各自发展振兴营造良好外部环境。
1. 5月21日,中共中央政治局委员、外交部长王毅在北京主持中国-阿富汗-巴基斯坦三方外长非正式会晤,巴基斯坦副总理兼外长达尔、阿富汗代理外长穆塔基出席。 新华社记者 王晔 摄