China
သမ္မတ ရှီက Fudan တက္ကသိုလ် တည်ထောင်ခြင်း နှစ်ပေါင်း ၁၂၀ ပြည့် အထိမ်းအမှတ် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

ပေကျင်း၊ မေ ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရှန်ဟိုင်းမြို့ အခြေစိုက် Fudan တက္ကသိုလ် တည်ထောင်ခြင်း နှစ်ပေါင်း ၁၂၀ ပြည့် အထိမ်းအမှတ် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာကို မေ ၂၆ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။
သဝဏ်လွှာတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက တက္ကသိုလ်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်ကျောင်းသားဟောင်းများအတွက်လည်း ဂုဏ်ပြုဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။
နှစ်ပေါင်း ၁၂၀ အတွင်း Fudan တက္ကသိုလ်သည် ခေတ်ကာလနှင့်အညီ အရှိန်အဟုန်ကို ထိန်းထားနိုင်ခဲ့ပြီး ဂုဏ်ယူဖွယ် မျိုးချစ်စိတ်ဓာတ်နှင့် ကောင်းမွန်သော ပညာရပ်ဆိုင်ရာကျင့်ဝတ်များကို ဖော်ထုတ်ပေးခဲ့ကြောင်း၊ ထူးချွန်သော အရည်အချင်းရှိသူ အမြောက်အမြားကိုလည်း ပြုစုပျိုးထောင်ခဲ့ကာ မူရင်းအောင်မြင်မှုများစွာ ဖန်တီးလျက် တရုတ်နိုင်ငံ ဖွံ့ဖြိုးမှုအပြင် တရုတ်အမျိုးသား တိုးတက်မှုဖော်ဆောင်ရာတွင်လည်း အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ရှီက သဝဏ်လွှာ၌ ထည့်သွင်းဖော်ပြထားသည်။
ထို့ပြင် Fudan တက္ကသိုလ်အနေဖြင့် စမှတ်အသစ်တွင် တရုတ်ဝိသေသလက္ခဏာများဖြင့် ဆိုရှယ်လစ်စနစ် အတွေးအခေါ်ကို အသုံးပြုလျက် အရည်အချင်းရှိသူများကို အခိုင်အမာ ဆက်လက်ပျိုးထောင်သွားမည်ဟု မျှော်လင့်ကြောင်း သမ္မတ ရှီက သဝဏ်လွှာတွင် ပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Xi congratulates Fudan University on 120th founding anniversary
BEIJING, May 26 (Xinhua) — Chinese President Xi Jinping on Monday sent a congratulatory letter to Shanghai-based Fudan University, celebrating its 120th founding anniversary.
Xi, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, extended congratulations to the faculty, students and alumni of the university.
Over the past 120 years, Fudan University has kept pace with the times, developed a glorious tradition of patriotism and a fine academic ethos, nurtured numerous outstanding talents, produced many original achievements, and played a positive role in China’s development as well as in the progress of the Chinese nation, Xi said in the letter.
Xi expressed his hope that Fudan University, on the new starting point, will remain steadfast in using the Thought on Socialism with Chinese Characteristics for a New Era to nurture talent.