Connect with us

Media

မြန်မာနိုင်ငံ YRIC က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၃ ခုကို အတည်ပြု

ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ (YRIC) က အလုပ်အကိုင်အခွင့်အလမ်း ၁,၂၂၀ ဖန်တီးပေးနိုင်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၃ ခုကို အတည်ပြုပေးခဲ့ကြောင်း ယနေ့ (မေ ၂၉ ရက်) နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ (YRIC) မှ ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ရင်းနှီးမြုပ်နှံမှုအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၃ ခုကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ အတည်ပြုထားသော ရင်းနှီးမြှုပ်နှံမှုများအနက် ၂ ခုသည် ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ကျန်တစ်ခုမှာ စက်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းများတွင် မိုတယ်ဝန်ဆောင်မှု၊ ဟိုတယ်ဝန်ဆောင်မှုနှင့် CMP အထည်ချုပ်လုပ်ငန်းတို့ ပါဝင်ကာ မတည်ငွေ ကျပ်သန်း ၆,၆၀၀ နှင့် အမေရိကန်ဒေါ်လာ ၀.၈၆၆ သန်းတို့ ပါဝင်ပြီး ယင်းစီမံကိန်းများသည် ဒေသခံပြည်သူများအတွက် အလုပ်အကိုင် ၁,၂၂၀ ခန့် ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်းလည်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုအစည်းအဝေးတွင် ကုမ္ပဏီတစ်ခုမှ ဒေသခံဝန်ထမ်း ၂,၅၀၀ ခန့်ကို ခန့်အပ်ခြင်းနှင့် ကုမ္ပဏီ ၁၄ ခုမှ အခြားအစီရင်ခံစာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117