Connect with us

International Organizations

၂၀၂၅ ခုနှစ် ဇွန် ၃ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— အက်သလက်တီကို တိုက်စစ်မှူး ဂရီးဇ်မန်း ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆို
အက်သလက်တီကိုမက်ဒရစ်အသင်း၏ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အန်တိုနီ ဂရီးဇ်မန်းမှာ ၂၀၂၇ ခုနှစ် ဇွန်လကုန်အထိ အသင်း၌ ဆက်ရှိနေမည့် သက်တမ်းတိုးစာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့သည်။
“ပြင်သစ်ကစားသမား အန်တိုနီ ဂရီးဇ်မန်းဟာ ၂၀၂၇ ခုနှစ် ဇွန် ၃၀ ရက်အထိ စာချုပ်သက်တမ်းတိုးဖို့ အသင်းနဲ့ ကစားသမားကြား သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်” ဟု အက်သလက်တီကိုအသင်း ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။
ထို့အတွက်ကြောင့် ၂၀၁၄ ခုနှစ်တွင် ရီးရဲလ်ဆိုစီဒက်အသင်းမှ အက်သလက်တီကိုအသင်းထံ ပြောင်းရွှေ့လာသည့် ဂရီးဇ်မန်းအနေဖြင့် အသက် ၃၆ နှစ်အရွယ်အထိ အသင်း၌ ဆက်ရှိနေမည်ဖြစ်သည်။ ဂရီးဇ်မန်းမှာ အက်သလက်တီကို၌ ကာလနှစ်ခုကြာ ကစားခဲ့ရာတွင် ပွဲပေါင်း ၄၄၂ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဘာစီလိုနာအသင်း၌ နှစ်နှစ်ကြာကစားခဲ့သည်။
၎င်းအနေဖြင့် အက်သလက်တီကိုအတွက် ကလပ်စံချိန်တင်သွင်းဂိုး ၁၉၇ ဂိုးအထိ သွင်းယူထားသလို အသင်းဖော်များဖြစ်သည့် ဂျန်အော့ဘလက်ခ်နှင့် အိန်ဂျယ် ကော်ရဲယားတို့ပြီးလျှင် အသင်းအတွက် တတိယမြောက် ပွဲအများဆုံး ပါဝင်ကစားထားသည့် စပိန်သားမဟုတ်သော ကစားသမားလည်းဖြစ်သည်။
ယခုရာသီ၌ ၎င်း၏စွမ်းဆောင်ရည်မှာ ယမန်နှစ်ကထက် အနည်းငယ် ကျဆင်းသွားသော်လည်း လာလီဂါသွင်းဂိုး ရှစ်ဂိုးအပါအဝင် ပြိုင်ပွဲစုံ၌ ၁၆ ဂိုး သွင်းယူထားသလို လာလီဂါ၊ စပိန်ဘုရင့်ဖလားနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတို့တွင် ၅၃ ပွဲ ပါဝင်ကစားခဲ့ပြီး ဂိုးဖန်တီးမှု ကိုးကြိမ် ပြုလုပ်ထားခဲ့သည်။
…..
— မန်စီးတီးကွင်းလယ်လူ ကိုဗာချစ် ခြေဖနောင့်ကြောဒဏ်ရာ ခွဲစိတ်မှုခံယူထားသည့်အတွက် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်မည်
မန်ချက်စတာစီးတီး ကွင်းလယ်ကစားသမား မတ်တီယို ကိုဗာချစ်မှာ သီတင်းနှစ်ပတ်နီးပါးအကြာတွင် ယှဉ်ပြိုင်ကစားမည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအား လွဲချော်မည်ဖြစ်ကြောင်း အသင်းဘက်က အတည်ပြုပြောကြားခဲ့သည်။
ပက်ပ်ဂွါဒီယိုလာ၏ အသင်းအနေဖြင့် ဖီလာဒဲလ်ဖီးယားမြို့တွင် ဇွန် ၁၈ ရက်၌ မော်ရိုကိုကလပ် Wydad AC နှင့် ပွဲဦးထွက် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ကိုဗာချစ်မှာ ခြေဖနောင့်ကြောဒဏ်ရာအား ခွဲစိတ်ကုသမှု ခံယူထားသည့်အတွက် ထိုပွဲစဉ်၌ ပွဲထွက်လူစာရင်းတွင် ပါဝင်မည်မဟုတ်ကြောင်း မန်စီးတီးအသင်းက ဇွန် ၂ ရက်၌ ထုတ်ပြန်ခဲ့သည်။
“မန်စီးတီးအသင်းဟာ ဇွန်လမှာ အမေရိကန်ကို ထွက်ခွာရမှာဖြစ်လို့ ခရိုအေးရှား ကွင်းလယ်လူဟာ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်တော့မှာပါ။ မတ်တီယိုဟာ ခွဲစိတ်မှုအပြီးမှာ ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရင်း နွေရာသီကို ဖြတ်သန်းမှာဖြစ်ပါတယ်။ အသင်းမှာရှိတဲ့သူ အားလုံးကလည်း သူအမြန်ဆုံး ပြန်လည်ကောင်းမွန်လာဖို့ ဆုတောင်းပေးပါတယ်” ဟု အသင်း၏ ဝက်ဘ်ဆိုက်၌ အတည်ပြုထုတ်ပြန်ထားသည်။
အသင်း၏ အားထားရသော ကွင်းလယ်လူ ရိုဒရီဂို ဟာနန်ဒက်ဇ် (ရိုဒရီ) မှာ ကလပ်ကမ္ဘာ့ဖလားတွင် ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်လာနိုင်ပြီး ပုံမှန်ခြေစွမ်းပြနိုင်ရန် နည်းပြဂွါဒီယိုလာက မျှော်လင့်လျက်ရှိသည်။
…..
— ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဂျိုကိုဗစ် နိုင်ပွဲ ၁၀၀ ပြည့်မြောက်
ဇွန် ၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဆားဘီးယား ဂန္ထဝင်တင်းနစ်ကစားသမား နိုဗက် ဂျိုကိုဗစ်မှာ ဗြိတိန်ကစားသမား ကင်မရွန်း နိုရီအား အနိုင်ယူကာ အဆိုပါပြိုင်ပွဲတစ်လျှောက် အကြိမ် ၁၀၀ မြောက် တစ်ဦးချင်းနိုင်ပွဲကို ရယူနိုင်ခဲ့သည်။
အသက် ၃၈ နှစ်အရွယ် ဂျိုကိုဗစ်မှာ ၆-၂၊ ၆-၃၊ ၆-၂ ဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပြီး Roland Garros (ပြင်သစ်အိုးပင်း) ပြိုင်ပွဲ၌ ၁၆ နှစ်ဆက်တိုက် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
“ဒါက သိပ်ကိုလှပတဲ့ ကိန်းဂဏန်းတစ်ခုပါပဲ။ ဒါပေမဲ့ ၁၀၁ ကြိမ်မြောက် နိုင်ပွဲဆိုရင်တော့ ပိုပြီးချိုမြိန်ပါလိမ့်မယ်” ဟု ဂျိုကိုဗစ်က ဆိုသည်။ “ကျွန်တော် နောက်ထပ်နိုင်ပွဲတွေကို ဆက်လက်ရှာဖွေသွားမှာဖြစ်ပြီး ဒီမှာတင် ရပ်တန့်မနေဘူးဆိုတာ သေချာပါတယ်။ ကျွန်တော့်ဘဝအတွက် အရာအားလုံးကို ဖန်တီးပေးခဲ့တဲ့ ဒီအားကစားနယ်ပယ်မှာ သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့တဲ့အတွက် သိပ်ကိုဂုဏ်ယူပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အခြား နာမည်ကြီးတင်းနစ်ကစားသမား တစ်ဦးဖြစ်သည့် အလက်ဇန်းဒါး ဇဲရက်ဗ်ကလည်း နယ်သာလန်ကစားသမား Tallon Griekspoor အား ၆-၄၊ ၃-၀ ဖြင့် အနိုင်ရရှိနေစဉ် ပြိုင်ဘက်ကစားသမားမှာ ဝမ်းဗိုက်ဒဏ်ရာကြောင့် ဆက်လက်ကစားနိုင်စွမ်း မရှိတော့သည့်အတွက် ကွာတားဖိုင်နယ်သို့ ရှစ်နှစ်အတွင်း ခုနစ်ကြိမ်မြောက် တက်ရောက်နိုင်ခဲ့သည်။
…..
— ဖီဖာကမ္ဘာ့ဖလားခြေစစ်ပွဲ အရေးကြီးအဝေးကွင်းပွဲစဉ်မတိုင်မီ စိန်ခေါ်မှုများအတွက် တရုတ်အသင်း အသင့်ဖြစ်နေ
အင်ဒိုနီးရှားအသင်းနှင့် အဝေးကွင်း၌ ယှဉ်ပြိုင်ကစားရမည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲ အဆုံးအဖြတ်ပွဲစဉ်၌ အနိုင်ရလဒ်ရယူရန် အသင်းအနေဖြင့် အသင့်ရှိကြောင်း၊ ထိုပွဲစဉ်အတွက် ယုံကြည်မှုရှိကြောင်း တရုတ်လက်ရွေးစင်အသင်း တိုက်စစ်မှူး ကျန်းယွိနင်က ပြောကြားခဲ့သည်။
ရှန်ဟိုင်းမြို့တွင် ပရိသတ်များရှေ့မှောက်၌ နောက်ဆုံး လေ့ကျင့်ခန်းအစီအစဉ် ပြုလုပ်ပြီးနောက် ကျန်းက အသင်း၏ ပြင်ဆင်မှုများအတွက် ချီးကျူးပြောဆိုခဲ့သည်။ “တိုက်စစ်၊ ခံစစ်၊ တည်ကန်ဘော စတဲ့ အဓိကနည်းစနစ်တွေကို အဓိကထားပြီး ပြင်ဆင်ခဲ့ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးလုပ်နိုင်ခဲ့ပေမဲ့ ပြိုင်ပွဲမှာတော့ ကျဉ်းထဲကျပ်ထဲ ရောက်နေချိန်မှာ လိုက်လျောညီထွေဖြစ်နေရပါမယ်” ဟု ၎င်းက ဇွန် ၁ ရက်၌ ပြောကြားခဲ့သည်။
“ဒါက ရှင်သန်ရပ်တည်နိုင်ဖို့အတွက် တိုက်ပွဲတစ်ပွဲပါပဲ။ နိုင်ပွဲက တစ်ခုတည်းသော နည်းလမ်းပါ။ လုံးဝနောက်ဆုတ်လို့ မရပါဘူး” ဟု ကျန်းက အလေးအနက်ပြောကြားခဲ့ပြီး အဝေးကွင်းတွင် ကစားရမည့် အသင်းပီပီ တရုတ်အသင်းအနေဖြင့် ဖိအားကို အရှိန်အဟုန်အဖြစ် ပြောင်းလဲကာ မိမိတို့၏ လုပ်နိုင်စွမ်း၊ လေ့ကျင့်ပြင်ဆင်မှု အကျိုးကျေးဇူးနှင့် အသင်းလိုက် ညီညွတ်မှုတို့ကို ပြသရမည်ဟု ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)


………………………………………………………………………………………………..
(English Version)
Griezmann signs on until 2027 at Atletico Madrid
French international forward Antoine Griezmann has signed a contract extension that will keep him at Atletico Madrid until the end of June 2027.
“Antoine Griezmann and Atletico Madrid have reached an agreement for the French footballer to renew his contract until June 30th, 2027,” explained the Atletico website.
The news means that Griezmann will stay at the club he originally joined from Real Sociedad in 2014, until he is 36 years old. Griezmann has played 442 games for Atletico in two spells, with a two-year hiatus at FC Barcelona between 2019 and 2021.
He has also scored a club record 197 goals and is the non-Spanish player with the third-highest number of appearances for the club after team-mates Jan Oblak and Angel Correa.
This season saw his performances drop slightly in comparison with previous years, but Griezmann still scored eight goals in La Liga and 16 in all competitions, as well as giving nine assists in 53 appearances in Liga, Copa and Champions League
…..
Man City midfielder Kovacic out of Club World Cup after Achilles operation
Manchester City has confirmed that midfielder Mateo Kovacic will miss the Club World Cup, which kicks off in just under two weeks.
The team coached by Pep Guardiola starts its campaign against Moroccan side Wydad AC in Philadelphia on June 18th, but Kovacic won’t be in the starting 11 after an announcement from the club on Monday that he has had an operation on an Achilles tendon injury.
“The Croatian midfielder is now set to miss the FIFA Club World Cup as City head to the USA in June. Mateo will spend the summer rehabilitating from the operation, and everyone at the club wishes him a speedy recovery,” confirmed the club website.
Guardiola will be hoping that Rodrigo Hernandez is able to return to full fitness and form in the United States.
….
Djokovic achieves 100-win milestone at French Open
Serbian tennis legend Novak Djokovic cruised past Britain’s Cameron Norrie to secure his 100th singles victory at the French Open on Monday.
The 38-year-old triumphed 6-2, 6-3, 6-2, reaching the quarterfinals at Roland Garros for the 16th consecutive year.
“It’s a very pretty number, but 101 victories sound better,” said Djokovic. “I will continue to search for another victory, it’s clearly not finished for me here. I’m very honored to make history in this sport, which has given me everything in my life.”
Alexander Zverev advanced to the quarterfinals for the seventh time in eight years after Dutch opponent Tallon Griekspoor retired with an abdominal injury while trailing 6-4, 3-0.
…..
China ready for challenge ahead of crucial away match in FIFA World Cup qualifiers
China’s forward Zhang Yuning expressed confidence on Sunday, saying the team is ready to secure a victory in a decisive away match of the 2026 FIFA World Cup Asian qualifiers against Indonesia.
Zhang praised the team’s preparation following its final public training session in Shanghai, saying, “We focused on key techniques like offense, defense, and set-pieces. We’ve performed well, but in matches, we must be able to adapt flexibly to on-the-spot situations.”
“This is a battle for survival. Victory is the only option. There’s no room for retreat,” Zhang emphasized, adding that as the away side, China must turn pressure into momentum and showcase its strengths, training results, and team unity.